အဲ့ဒီလပိုင်းအတွင်းတွေမှာ ကျနော့မှာ ဘာမှန်းမသိနိုင်ခဲ့တဲ့ pressure တွေဝင်လာသလိုဖြည်းဖြည်းချင်းတော့ ခံစားမိလာတယ်။ ကလေးတွေပေါ်မှာ ထားတဲ့စေတနာလို့ပြောရမှာပေါ့ စာမေးပဲွတွေနီးလာခါနီး ပိုင်သင့်ရမယ့် သင်ခန်းစာတွေတော့ ပိုင်စေချင်မိတာပေါ့။ ဒါမယ့် ကိုယ်ကျောင်းသားတွေရဲ့ အခြေနေကို သိထားပါသော်လည်း နဲနဲလေး ဖြစ်စေချင်တဲ့စိတ် လောဘလေးမသိမသာ ကပ်မိလိုက်တဲ့အချိန် ကျနော် သူတို့အပေါ် လောစေခဲ့သလို ကျနော်ကိုယ်တိုင်လည်း pressure ဝင်လာခဲ့ပါတယ်။စာသငချိန်တွေနဲ့ စာလုပ်ချိန်တွေက သူတို့အတွက် ဘာသာတိုင်းကပိုများလာစေမယ်ဆိုတာ သိပါတယ်။တစ်ခါက ကျနော် စာအသင်လာတာ ၅မိနစ်လောက်နောက်ကျခဲ့တဲ့နေမှာ အင်္ဂလိပ်ဆရာမက အရင်ဝင်သင်နေတာပေါ့ဗျာ ။ထောင်းခနဲဆို စိတ်ထဲက ကတောက်ကဆ ဖြစ်သွားတယ် ။အဲ့ဆရာမက ခါတိုင်းလည်း တခြားဆရာမတွေပေါ်မှာ လူလည်ကျချင်တယ် ခုလည်းကျနော်နောက်ကျတာ နာရီကြည့်လိုက်တော့ ၅မိနစ်ထက်မပိုဘူး စိတ်ထဲကတော့မှတ်ထားလိုက်တယ်။ စာသင်ချိန်ပီးသွားတော့လည်း သူပီးကျနော်သင်မှာပဲလေ ဆိုပီးတော့ ပြန်သွားနှင့်လေပီပေါ့ဗျာ။ကျနော်လည်း နောက်နေ့မှာ စောပီးသွားစောင့်နေလိုက်တယ် အဲ့နေက အဲ့ဆရာမ ပထမသင်ရင် ဒုတိယကျနော်သင်ရမှာပါ။ ကျနော် သူမရောက်ခင် အရင်ဝင်နှင့်လိုက်တယ် ကျနော်ဝင်နေတဲ့အချိန်မှာ သူရောက်နေပီးစောင့်နေခဲ့တယ်။ ပထမအချိန်ကုန်တော့ ကျနော်တို့အခန်းဆီ လာပီးပြောတယ်။ဆရာ့အချိန်ကုန်ပီနော်တဲ့ ကျနော်ကလည်း "ကျုပ်အချိန်က ခုမှစမှာလေ ပထမတုန်းက ဆရာမ နောက်ကျလို့ ကျနော်ဝင်လိုက်တာလို့ ပြောလိုက်တော့ "သူမက ဆက်ပြောလာတယ်"ခုဟာက အချိန်ချိန်းတဲ့သဘောလေ မနေ့တုန်းကလည်း ငါအရင်သင်ပီးနောက်အချိန်က နင့်အချိန်ပဲလေ "လို့ပြောတော့ မဟုတ်ဘူးဗျ အဲ့တုန်းကလည်း ဆရာမဘာသာ ချိန်းသလိုလုပ်တယ် ကျနော့လည်းဘာမှမပြောဘူး တကယ်တမ်းဆို မနေ့က ဒုတိယအချိန်က ခများအချိန်ပဲ ခများဘာသာ ဆက်မဝင်ဘဲပြန်သွားပီး ကျုပ်အချိန်လာမပြောနဲ့ ခုက ကျုပ်အချိန်နဲ့ကျုပ်ဝင်နေတာပဲ ခများဘာသာနောက်ကြတာမတက်နိုင်ဘူး ဘာမှမချိန်းဘူး မကြိုက်ရင်ရင်လည်း သဘောပဲ"လိုကျနောပြောပီး ဒုတိယအချိန်ကို ဆက်သင်ဖို့ လုပ်နေတုန်း သူလည်းလှည့်ထွက်သွားလေရောဗျာ။
မတက်နိုင်ဘူး ကျနော်မကောင်းလိုက်မှန်း သိပါတယ် ဒါမယ့် သူမက တခါတခါအဲ့လို ရွဲ့တိုက်တက်တယ်ဆိုတာပြမှ သိတာဗျ။ခုလည်း ဘာသာရပ်အားလုံးမှာ တပတ်မှာ အင်္ဂလိပ်က အချိန်ကိုအများဆုံးယူနေတာ ဖြစ်သင်သလားဗျာ တကယ်ဆို သင်္ချာ၊physics၊chemistry တွေကများရမှာ အဲ့တာတွေ့ကြောင့်မို့ အချိန်ညှိတုန်းကလည်း ပြသာနာပဲ ။သူက တခါတခါ ကျနော်တို့ဘာသာကို စာလုပ်ရမယ့်အချိန်တွေကို ကလေးတွေဆီလာပီး သူ့ဘာသာ လာသင်သွားတယ်။အဲ့တော့ကလေးတွေက သူ့အချိန်နဲ့ သူ့ဘာသာသက်မှတ်ပီး အပတ်စဉ်လည်ပက်ဖို့လုပ်ထားတာ သူကအဲ့လိုဝင်သင်သွားရင် ကလေးတွေက လစ်ဟာသွားပီ။အဲ့ဒါတွေက တချိန်မှ မဟုတ်ဘူး စာမေးပဲွနီးလာလေ ပိုလုပ်လာတော့ တခါကျနော်နဲ့ တွေ့တယ်ပေါ့ဗျာ ။အများကြီးတော့ မပြောတော့ဘူး "ဆရာမဘာသာ တစ်ခုထဲအောင်ရင် ကျန်တဲ့ဘာသာတွေလည်း အစိုးရက အအောင်ပေးမှာဆိုတော့ ဆက်လုပ်ပေါ့ဗျာ"လို့ပဲပြောခဲ့ပါတယ်။
ကျောင်းအုပ်ကလည်း သူနဲ့ကတစ်ဖက်ဆိုတော့ သိတဲ့အတိုင်းပဲပေါ့ဗျာ။သူမပြောတဲ့ဟာဆို အဟုတ်ပဲပေါ့ဗျာ။ကလေးတွေက အခြေခံလည်းနည်းတော့ရှေ့ကသာ သင်ပေးပြပေး သူတို့က မလိုက်နိုင်သူတွေကအများဆိုတော့ စာမေးပဲွနီးလေ စိတ်လေတာပေါ့။တစ်နေ့ ကျနော်ပုံမှန်ထက် အပိုအချိန်လေး (၁)ရက်ခေါ်လိုက်တာပဲလုပ်ရသေး ကလေး (၃/၄)ယောက်ပဲ လာတယ်။အဲ့ဒါနဲ့ ဒီကလေးတွေကို ကျနော်စိတ်တော့မကောင်းဘူး သူတို့ကို လုပ်ရမယ့်စာတွေ ပြောပီး အိမ်ပြန်လာလိုက်တယ်။ အဲ့ဒါကို ဟိုဆရာမက ကျောင်းအုပ်ကို ချွန်တာပေါ့ဗျာ။
"နင်က ဘာလည်း ကလေးတွေကို စည်ကမ်းပျက်အောင်လုပ်နေတာပဲ ကလေးတွေရှိတာတောင် စာမသင်ပဲပြန်သွားတယ်ဆို နင်ပဲ နေမကောင်းလို့ပျက်ရတာနဲ့ ဘာနဲ့ မသင်ချင်ရင်လည်းပြော ဒီလိုဆို ဒီလကပျက်တဲ့ရက်တွေရော လစာနူတ်မှာနော်" တဲ့ကျနော့ကို ကျောင်အုပ် ရုံးခန်းမှာခေါ်ဆူပေးတာပေါ့။ ကျနော်တခွန်းတော့ပြောပါတယ်"ကျနော့ကြောင့်မို့ ကလေးတွေကျောင်းမလာတာ စည်းကမ်းပျက်နေတာကနောက်မှပါဆရာမကြီး အဲ့အရင်ကတည်းက ကျောင်းမလာဘဲစည်းကမ်းပျက်တဲ့အခါတုန်းက ခေါ်ပီးသတိပေးခဲ့တာတွေပစ်ဒဏ်ပေးမှာတွေရော ဆရာမကြီးက ဆိုဆုံးမခဲ့ဘူးလား ကျနော့မှလာပီး "လို့ပဲ ကျနော်ပြောပီးထွက်လာခဲ့တယ်။
အဲ့ဆရာမကြီးကလည်း အရင်နေ့တွေကတည်းကပဲကျောင်းသားတွေမလာရင် စည်းကမ်းတင်းကြပ်ပီး လုပ်စရာရှိတာလုပ်ပေါ့ဗျာ ။တကယ်တမ်းတော့မလုပ်ရဲဘူးလေသူက လုပ်ရင်ကလေးတွေဆီကပိုက်ဆံ သူမရမှာစိုးလို့လေ။ အဲ့ကြတော့ ကလေးတွေကျောင်းပျက် စည်းကမ်းပျက်တော့ အ.ထပြ ဆရာ/ဆရာမတွေဆီပဲ အငြိုးကကြလာတော့တယ် ဒီကြားထဲ ဟိုချွန်တုန်းတစ်ရောက်ကလည်း အမြဲလိုရှိနေတော့
ကျနော်နဲ့ သင်္ချာဆရာမဆို သူတို့ကြည့်မရမှာတော့ အသေချာပဲ။ဒီပို
Photos by sheinthu
(4/12/2021) sat (9:45)pm
စ်ကတော့ ရှိစေတော့ဗျာ တက်နိုင်ဘူး သူတို့အကြောင်းပြန်တွေးရင် ဒေါသတောင်ထွက်လာသလိုပဲ။ခွင့်လွတ်ကြပါအုံးလို😅 ကျနော်တို့လောကရဲ့ သင်ခန်းစာ အစုံပေါ့ဗျာ။