MSC မိသားစုဝင်များ မင်္ဂလာပါခင်ဗျာ ……
အရင် တစ်ပါတ်က အစ်မ ရဲ့ post တစ်ခုမှာ ဖတ်လိုက်ရတယ်။
steemit ဟာ အခြား social media platform တွေနဲ့ မတူတဲ့ အကြောင်း တစ်ခြား social media တွေမှာ post ရေးသားသူတစ်ဦးအနေနဲ့ ဖတ်ရှုသူ အမြောက် အမြားရှိနိုင်သော် လည်း steemit တွင် ထိုကဲ့သို့ မဟုတ်ကြောင်း | post အရေအတွက်များစွာ ထွက်ပေါ်လာနေသော်လည်း ကြည့်ရှုသူဦးရေ အနည်းငယ်သာ ရှိကြောင်း ဖတ်ရပါတယ်။
ကျွန်တော့်အမြင်မှာလည်း steemit ဟာ ငွေပေးချေ မှု ရရှိနိုင်တဲ့ platform ဖြစ်တယ်။အဲဒီအတွက် လူအများ စုဟာ post ရေးသားဖို့ အတွက် ကြိုးပမ်းကြပြီး တစ်ဖက်က ဖတ်ရှုတဲ့ အပိုင်းမှာ လျော့ပါးလာနေတယ်။အဲဒီအတွက် post တွေဟာ ကြည့်ရှုသူ အရေအတွက် နည်းပါးနေရခြင်း ဖြစ်တယ် လို့ မြင်မိပါတယ်။အဲဒီအတွက် Steemit မှာ ဖတ်ရှုဖို့ပိုမို အားထည့်လိုက်မယ် ဆိုရင် steemit ရဲ့ လိုအပ်ချက်တစ်ခုကို ဖြည့်ဆည်းပေးနေတဲ့ သဘော သက်ရောက်နေမှာပါ။
ပြီတော့ သူမ အကြံဥာဏ်ပေးထားတာက steemit မှာ အောင်မြင်နိုင်ဖို့ အတွက် အရေးပါတဲ့ အချက်တစ်ချက်က နှစ်လိုဖွယ် comment တွေ ရေးသားပေးခြင်း ပါပဲတဲ့ ။သူမဆိုရင် post တွေဖတ်ရှုပြီး တစ်ချိန်လုံး နှစ်လိုဖွယ် comment ကောင်း တွေ ရေးသားလေ့ ရှိကြောင်းလည်း ပြောပြထားပါတယ်။
ဟုတ်ပါတယ်။ ကျွန်တော်တို့လို power နည်းနေသေး တဲ့ newbies တွေအတွက် comment ကောင်းတွေ ရေးသားနိုင်ခြင်းက post ပိုင်ရှင်တွေရဲ့ attention တွေကို ရှိနိုင်ဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုပါပဲ။ကျွန်တော်တို့ အားထုတ်လိုက်တဲ့ ဘယ်အရာရာပဲ ဖြစ်ဖြစ် အလဟသ ပြီးဆုံးသွယ်တယ် ရယ်လို့တော့ မရှိပါဘူး။ steemit ရဲ့ ဆောင်ပုဒ်မှာလည်း " your voice is worth something ( သင်ရဲ့ အသံ ဟာ တစ်စုံ တစ်ရာနဲ့ ထိုက်တန်တယ် ) " ဖော်ပြထားတာကို မြင် တွေ့ရမှာ ပါ။
ပြီးတော့ comment ကောင်းတွေရေးသားသင့်တယ် ဆိုတဲ့ အကြောင်း သေချာစေတဲ့ နောက်တစ်ချက် ရှိပါသေးတယ်။အဲတာက ဘာလဲ ဆိုရင် တစ်ချို့ power မြင့်မားတဲ့ သူတစ်ချို့ဟာ စာဖတ်သူတွေကို ဆွဲဆောင်ထားနိုင်ဖို့ အတွက် သူတို့ post အောက်မှာ ရေးသားတဲ့ comment တွေကို vote ပေးလေ့ ရှိပြီး တစ်ချို့တွေကတော့ commenter တွေကို အသိမှတ်ပြုတဲ့သဘော vote ပေးတာမျိုးတွေ ရှိပါတယ်။
ကျွန်တော့် မြန်မာတွေထဲမှာလည်း ကျွန်တော်လက်လှမ်းမှီသလောက် တွေ့ရတာက
တို့ပဲ ဖြစ်ပါတယ်။သူတို့တွေ အနေနဲ့ comment voting ပေးတာက ကျွန်တော်တို့ MSC newbies တွေ ကို အားပေးလိုခြင်း အသိအမှတ်ပြုခြင်း လို့ပဲ ခံစားမိပါတယ်။attention ရအောင်လုပ်ဆောင်ခြင်း လို့မမြင်ပါဘူး။ဘာ့လို့ဆိုတော့ သူတို့ အနေနဲ့ MSC menber တွေရဲ့ attention ကို ရရှိနေပြီး ဖြစ်လို့ပါပဲ။
ကျွန်တော့်အနေနဲ့ အခုလို အမည်တွေ ထည့်ပြီး ရေးသားနေခြင်းကသာ attention ရအောင် လုပ်ဆာင်
နေခြင်းဖြစ်ပါတယ်။
comment တွေကို voting ပေးလေ့ရှိတဲ့ အခြား acc တွေလည်း ရှိနေပါသေးတယ်။ ကျွန်တော်လက်လှမ်း မှီသလောက် မျှဝေခွင့်ပြုပါဦး။
အဲဒီတစ်ယောက်ကတော့ #walkwithme ဆိုတဲ့ tag အတွင်းမှာ ရေးသားလေ့ ရှိပါတယ်။သူမ လမ်း လျှောက်ထွက်ရင်း ရိုက် ကူးထားတဲ့ နှစ်လို ဖွယ်ဓာတ်ပုံ တွေနဲ့ ဖတ်ရှုဖွယ် ကောင်းတဲ့ post တွေကို ရေးသားလေ့ ရှိပါတယ်။သူမရဲ့ post တွေမှာ comment ကောင်းတွေ ရေးသားနိုင်မယ် ဆိုရင် 0.2$ ကနေ 0.7 $ လောက် ထိ ရရှိနိုင်ပါတယ်။
အခု တစ်ယောက်ကတော့ သူ့အမည်နဲ့ လိုက်ဖက်အောင် ကိုပဲ မျှဝေလိုသူတစ်ဦးဖြစ်ပါတယ်။ သူရဲ့ အပတ်စဉ် post တွေမှာ တွေ့ရတာက " comment ထားခဲ့ပါ ။ သူ နဲ့ သူ့ ပါတနာတွေက comment ကို voting ပေးပါမယ်။ အဲဒီက ရရှိလာမဲ့ sbd တွေထဲက
75% ကိုတော့ သင့်ပတ်ဝန်းကျင်မှာ ရှိတဲ့ လိုအပ် နေတဲ့ သူတွေကို လှူဒါန်းပါ့မယ်လို့ ကတိပေးပါ။ပြီးရင် ဘယ်လိုလှူ ဒါန်းခဲ့တယ်ဆိုတဲ့အကြောင်း ပြန်လည်ပြောပြပေးပါ။ " စသည်ဖြင့် တွေ့ရမှာ ဖြစ်ပါတယ်။အဲဒီ လိုမျှဝေဖို့ ကတိခံထားတဲ့ comment တွေအတွက် 4 $ ခန့်အထိ ရရှိနိုင်ပါတယ်။
သူကတော့ post တွေ အရှည်ကြီး ရေးသားလေ့ရှိတဲ့ အနုပညာရှင် တစ်ဦးပါ။ တစ်ပတ် 10 ရက်ကြာမှ post တစ်ခုကို တွေ့ရတတ်ပါတယ်။ ကျွန်တော်ရဲ့ Eng မတောက်တစ်ခေါက် နဲ့ သူရဲ့ စာပိုဒ် တစ်ပိုဒ် လောက်ကို တစ်ခေါက်လည်းနားမလည် နှစ်ခေါက်လည်း နားမလည် ကြုံတွေ့ နေကျပါပဲ။အသုံးအနှုန်း အရေးအသားက တော်တော်လေးမြင့်တယ် လို့တော့ သိနေပါတယ်။ သူလည်း comment တွေကို vote ပေးလေ့ ရှိတဲ့ သူတစ်ဦးပါပဲ။
သူကတော့ ပန်းအမျိုးအစားတွေအကြောင်း ရေးသား လေ့ရှိသူတစ်ယောက်ပါ။ post ကတော့ အတိုလေး တွေပါပဲ။သူ့ရဲ့ blog ကို ဝင်ကြည့်မယ် ဆိုရင် comment တွေအတွက် voting ပေးထားတာကို မြင်တွေ့ရမှာပါ။
သူကတော့ နာမည်ကြီးတစ်ယောက်ပါ။steemit ရဲ့ trending post တွေမှာ မကြာခဏတွေ့ရတတ်ပါတယ်။သူကတော့ Fx Trading , crypto စတဲ့ ဈေးကွက် အကြောင်းကို video file နဲ့ တင်ဆက်လေ့ရှိသူပါ။သူ့ရဲ့ post တစ်ခုဟာ 10 မိနစ်ခန့်အကြာမှာ comment 100 ခန့် တက်သွားလေ့ရှိပါတယ်။ သူ့ရဲ့ post တင်ပြီး 1 မိနစ်အတွင်းမှာ comment ရေးသားနိုင်ခဲ့ မယ်ဆိုရင် သူ့ရဲ့ voting ရရှိနိုင်ပါတယ်။ထူးခြားချက်တစ်ခုက သူရဲ့ post အောက်က thank you , nice post စတဲ့ comment တွေမှာလည်း steem-cleaner ကို မမြင်တွေ့ဖူးသေးခြင်းပါပဲ။သူ့ရဲ့ post က comment တွေ မှာ voting တွေကို မြင်တွေ့ရနိုင် ပါတယ်။
comment တွေရေးသားတော့မယ် ဆိုရင် မိမိရဲ့ comment တွေ ဟာ spam မဖြစ်စေဖို့ သတိပြုရမှာ ဖြစ်ပါတယ်။spam ဖြစ်စေတဲ့ အရာတွေကတော့ post နဲ့ သက်ဆိုင်မှု မရှိတဲ့ အကြောင်းအရာတွေ မန့်ခြင်း post မဖတ်ပဲ မန့်တယ်လို့ ယူဆရခြင်း မလျော်ကန်တဲ့ တဲ့ တောင်းဆိုမှုတွေ ပါဝင်တဲ့ comment တွေ ရေးသားခြင်း စသည်ဖြင့်အများအပြားပါပဲ။မိမိနားမလည်တဲ့ post တွေကိုတော့ မမန့်သင့်လှပါဘူး။
ကျေးဇူးတင်ပါတယ်။
comment ကောင်းတွေ ရေးသားနိုင်ကြပါစေ ခင်ဗျာ။