သြော်.... တွေးနေမိတယ်
ညီမအကြောင်းအချိန်တိုင်း
ဘာရယ်ကြောင့်မှန်းမသိခဲ့လေ
မာယာတွေမရှိလောက်ပါဘူး
အကိုချစ်တဲ့ ညီမစီမှာ
ဒါပေမဲ့ ရှုပ်နေတယ်ခေါင်းထဲမှာ
ချစ်ချင်ပင်မဲ့လည်း မချစ်ရဲအောင်
ဖြစ်မိတယ် ယုံကြည်ချင်ပင်မဲ့လည်း
မယုံကြည်ရဲလောက်အောင်
နားထဲကိုအကြောင်းအမျိုးမျိုးရောက်လာတယ်
တွေးမိပါတယ် အခြာသူတွေစကား
မမှန်လောက်ပါဘူး
ရှိပါတယ်ညီမမှာ ကောင်းတဲ့အချက်တွေ
မြန်မာလည်းဆန်ပါတယ်ညီမ
ယောက်ျားလေးတွေငေးလောက်အောင်
ရှိပါတယ်ရုပ်ရေလေးလည်း
လေးစားလောက်တဲ့အချက်တွေလည်းရှိပါတယ်
ဒါပေမဲ့ညီမမှာတစ်ခုဘဲလိုတာပါ
မပြောင်းလဲတဲ့ချစ်ခြင်းတရားလေးပါ
အကိုမှာပေးနိုင်တာဆိုလို့နာလည်မှု
တစ်ခုလေးဘဲရှိပါတယ်
အကိုအပြည့်အဝပေးထားပါတယ်
ညီမအပေါ်နာလည်မှုတွေ
မပေးချင်ပေမဲ့ပေးနေမိတယ်
ဘာရယ်ကြောင့်မှန်းမသိ
သိပါတယ် မဖြစ်နိုင်မှန်း
ပြောတော့ပြောချင်တယ်
အပြောင်းအလဲမများပါနဲ
အကိုမဟုတ်သော
တစ်ယောက်သောသူကိုသာ
ချစ်နိုင်ပါစေ.....
Steemit platform ပေါ်မှညီအကိုမောင်နှမများအားလုံးပျော်ရွှင်ပါစေ
ဆုတောင်းရင်းနဲ့ကျွန်တော်