MLBB ထဲတောင် သိပ်မရောက်ဖြစ်တာကြာပြီ ။ ယခင်ကတော့ ကစားထားတဲ့ video လေးတွေကို တင်ဖြစ်ပါသေးတယ် ။ ခုက dtube ကနေ တင်လိုက်ရင် steemit ထဲ မရောက်တာကြောင့်ပါ ။ ကျွန်တော် အကြိုက်ဆုံးကတော့ DIGGIE ပါ ။ Diggie နဲ့ ဆော့ထားတာတွေလဲ ယခင်က တင်ထားခဲ့ဖူးပါတယ် ။
မျက်မှန် ကလေးနဲ့ ချစ်စဖွယ် ဇီးကွယ်လေးပေါ့ ။ ကျွန်တော်ကသာ ဇီးကွက် ခေါ်နေတာ သူက ခိုလား ဘာငှက်လဲမသိ ။ ဥလေးတွေ တစ်လုံးပြီး တစ်လုံး ပစ်ချတတ်သူပေါ့ ။ စစချင်းမှာ ဥထောင်ချောက်ထဲ ရန်သူ hero တစ်ကောင်ကောင်သာ ဝင်လာခဲ့မည်ဆိုခဲ့လျှင် First blood လေးဘာလေး ရနိုင်သေးသည် ။
my game screen shot
Diggie is best တဲ့လေ game ထဲမှာ သူအော်တာကို ပြောတာပါ ။ သူ့မှာ ရန်သူ hero တွေကို တစ်ကောင်ချင်းတောင် အပျောက်ဖျောက်ဖို့ခဲယဉ်းပါတယ် ။ သူက Support ကိုး ။ အုပ်စုလိုက် တိုက်ခိုက်တဲ့ အခါမျိုးများ Diggie ရဲ့ အစွမ်းက သိသာလှပါတယ် ။ ကိုယ့်နားက တစ်ယောက်ယောက် ကို Support ပေးတဲ့ အခါမျိုးမှာလဲ အသုံးဝင်လွန်းလှပါတယ် ။
အုပ်စုလိုက်ချတဲ့အခါမှာ အလုံးလေးတွေချပြီး တစ်ဖက်အသင်းကို လူစုခွဲပေးနိုင်သလို SKILL 2 reverse time ဖြင့်လဲ မီလိုက်တာနဲ့ ဆွဲပြီး ခြိမ်းခြောက်ထားနိုင်ပါတယ် ။ အကောင်းဆုံးကတော့ Battle ဆိုင်ပြီ ဆိုတာနဲ့ ulti သုံးပြီး သူ့ စက်ဝန်းထဲက CC effect (stand) များအားလုံးကို Immue ဖြစ်စေနိုင်တာပါဘဲ ။ ဒါတွေကြောင့် အသင်းကို ကာကွယ်ပေးနိုင်တဲ့ Suppoter အနေနဲ့ ကျွန်တော်ကတော့ အသုံးများပါတယ် ။