တစ်ချိန်တုန်းက ကျွန်မတို့ရွာကလေးဟာသာယာလှပလွန်းခဲ့ပါတယ်။ ကျွန်မဟာငယ်စဉ်ကတည်းက မိဘစကားနားထောင်ပြီးနေထိုင်လာခဲ့သူလေးပေါ့။ အရွယ်ရောက်လာတော့ မိဘတွေသဘောတူတဲ့သူနဲ့ပဲလက်ဆက်လိုက်တယ်။ ကျွန်မဟာကျွန်မရွာကလေးမှာပဲ ငယ်စဉ်ကလေးတည်းကနေလာတော့ အပြင်လောကအကြောင်းတွေကိုမသိရှာဘူး။အပြင်လောကက အလွန်ကြောက်စရာကောင်းမှန်း ကျွန်မမိဘတွေကပြောထားတော့ မိဘစကားကိုနားထောင်တဲ့ကျွန်မအပြင်လောကပင်မထွက်နိုင်ခဲ့ပေ။ ကျွန်မအိမ်ထောင်ကြပြီးသိပ်မကြာခင်မှာပဲ ကျွန်မ မိဘတွေအသက်ခံလိုက်ရတယ်။ ကျွန်မမိဘတွေအသက်ခံခဲ့ရပြီးနောက်ပိုင်း ကျွန်မလဲမိမိကိုယ်ကိုပင်မလုံခြုံတော့ဘူး။ တစ်ခုခုသာဖြစ်ရင် ကျွန်မယောကျာ်းကလဲကာကွယ်ပေးနိုင်ပင်မဲ့ ကျွန်မကတော့ကြောက်နေမိတယ်။
ကျွန်မတို့မိသားစုတည်းကို ကျွန်မသမီးလေးဟာရောက်ရှိခဲ့တယ်။ကျွန်မသမီးလေးဟာအလွန်ပင်ချစ်ဖို့ကောင်းပါတယ်။အော်မေ့နေလို့ ကျွန်မကိုယ်ကျွန်မမိတ်ဆက်ကဦးမယ်။ ကျွန်မနာမည်ကတော့ ဝတ်မှုန်ရွှေရည် ပါ။ကျွန်မကတော့ ယုန်မလေးတစ်ကောင်ပါ။ ကျွန်မက အလွန်ပင်ကြောက်တတ်တဲ့ယုန်မလေးပေါ့။ကျွန်မနိဘတွေကိုလဲ ကျားကသင်သွားကြတယ်လေ။ ကျွန်မကနေတဲ့ရွာလေးကတော့ မြေအောက်လေးမှာပဲပေါ့။ ကျွန်မအပြင်မထွက်ဘူးလေ။ အဲ့တော့ကျွန်မအပြင်လောကအကြောင်းမသိဘူး။
အော်ကြည့် ကျွန်မအကြောင်းကြီးပဲဖတ်နေပြီးတော့ ရှင်တို့ကြတော့ ရှင်တို့အကြောင်းမပြောဘူး။မပြောလဲနေပါ ကျွန်မကတော့ ကျွန်မအကြောင်းဆက်ပြောမှာပဲ။ ကျွန်မသမီးလေးနာမည်က ယွန်းယွန်းတဲ့။ သူလေးကအရည်းချစ်ဖို့ကောင်းလွန်းလို့ သူ့ကိုလာပိုးတဲ့ သူတွေများလွန်းလို့ သူလေးအတော်စိတ်ညစ်နေတယ်တဲ့။ ဘာလဲရှင်ကကော ကျွန်မသမီးကိုစိတ်ဝင်စားနေတာလား ပြော။ ကျွန်မသမီးလေးကို အဲ့လိုတွေမကြည့်ပါနဲ့။ တွေ့လားပြောရင်း စိတ်တွေလှုပ်ရှားပြန်ပြီ။ ကျွန်မလဲမောလာပြီ။ နောက်အပိုင်းမှဆက်ပြောတော့မယ် ရှင်လဲလာခဲ့ဦးနော်။
ဟာသအမြင်ဖြင့်
Msc 255