First Time Traveling To BKK(1)
.....
...
အိပ်မက်တွေရှိခဲ့ဘူးတယ် နိုင်ငံခြားအလည်အပတ်သွားဖို့။ ကလေးဘဝကတည်းစိတ်ကူးပေါ့။ ကလေးဘဝကတည်းကလွှဲချော်ခဲ့တာ ဆယ်တန်းအောင်တုန်း ကိုးရီးယားကို အလုပ်သွားလုပ်ဖို့ စိတ်ကူးရှိခဲ့တယ်။
ဖေကြီးရဲ့ အဆက်သွယ်နဲ့ပေါ့ ဖေကြီးတူက ကိုးရီးယာသံရုံးမှာ အလုပ်လုပ်တော့ သူ့အဆက်သွယ်နဲ့သွားမယ်ဆိုပြီးလုပ်ခဲ့တယ် အိမ်ကခွင့်မပြုတာနဲ့မသွားဖြစ်လိုက်ဖူး။ဒီလို့နဲ့ နှစ်တွေကြာသွားတယ် ကျောင်းတွေပီလို့ ဘွဲ့ရသွားတယ် တစ်ခေါက်မှ မရောက်လိုက်ဘူး။ ကျောင်းတွေပီးလို့ အလုပ်တွေ စာတွေများများဖတ်ဖြစ်လာတဲ့အခါ နိုင်ငံခြားဆိုတာကို အလုပ်လုပ်ရင်နဲ့မသွားချင်တော့ အလည်အပတ်အနေနဲ့သွားချင်တဲ့ စိတ်ကူးလေရှိလာပြန်တယ်။ တစ်နေ့တော့ အစ်ကိုတစ်ယောက်ရဲ့ မိတ်ဆက်ပေးမူနဲ့ မိတ်ဆွေနှစ်ယောက်သိခဲ့တယ်။
သူတို့နဲ့သိပီတဲ့နောက်ပိုင်းမှာ အခွင့်အလမ်းတွေပိုများလာတယ်။ကျွန်တော်လို အခွင့်အလမ်းကိုလိုက်ရှာနေတဲ့လူငယ်တစ်ယောက်အတွက် ရေကံအသင့်ကြာအသင့်ပေါ့
။ အလုပ်တွေတွဲလုပ်ဖြစ်ကြတယ် ကျေးဇူးလည်းတင်ပါ။ ကိုသက်၊ ကိုဇော်တို့ကို ဝင်ငွေရဖို့လည်း ကူညီခဲ့တယ်။ တစ်ရက်တော့ ထိုင်းခရီးစဉ်ဆွဲဖြစ်ကြတယ်။ Oversea သွားရင် ပထမဦးဆုံးလိုတာက နိုင်ငံကူးလက်မှတ်။ နိုင်ငံကူးလက်မှတ်ပါမှသာလျှင် သူတို့နိုင်ငံအတွင်း ဝင်ခွင့်ရှိမည်။အဲ့တွက် ကျွန်တော်မှာမရှိသည့်အတွက် ပထမဦးဆုံး နိုင်ငံကူးလက်မှတ်ပြေးလုပ်ရသည်။ Passport လုပ် ပြီးတာနိုင် Ancgecy Company နဲ့ ခရီးသွားဖို့ စတင်ပါပြီး။ မန်းလေးမှ ရန်ကုန် သို့ညကားနဲ့သွားတယ် ရန်ကုန်မှာတစ်ရက် အိပ် ဝယ်စရာရှိတာဝယ်။နောက်နေ့မနက်စောစောမှာ 8 AM Flight ကို အမှီသွားရမှာမို့ စောစောထ ရန်ကုန်ပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်းသို့ထွက်ခဲ့ကြတယ်။ရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးသို့ရောက်လေးပြီ။ ဝိုး....ပြောပြမတက်အောင် ရင်တွေခုန်နေမိတယ်။ ရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ အရင်တုန်းကဆို အရှေ့တောင်အာရှ (၁၀)နိုင်ငံ မှာ အကြီးမာဆုံးလေဆိပ်လို့ကြားဖူးတယ်။ အဲ့တုန်းက မြန်မာတွေ အရမ်းဂုဏ်ယူဝင့်ကြွား နိုင်မှာပဲ စဉ်းစားရင် ကြက်သီးထမိတယ်။
ဆက်ရန်--
soelinaung
MSC 248