Credit>>Google
ဆရာမ----/မင်းတို့ထိုင်ထလုပ်....
Credit>>Google
ကျွန်တော်----ဗျာ..မျက်လုံးလေးကလည်ကလည်နဲ့ ထိုင်ထ ၅ခါလုပ်ရလေတော့သည်။မေဂျာပေါင်းစုံက ကျောင်းသူကျောင်းသားတွေ ကျွန်တော်တို့နှစ်ယောက်ကို ကြည့်နေကြသည်။ကျွန်တော်တို့ ရှက်ရှက်နဲ့ ထိုင်၅ခါလုပ်ရလေသည်။
ဆရာမ----သွား ကိုယ့်နေရာကိုယ်ပြန်ထိုင် နောက်ကျရင်ဆရာမစာသင်တာကို မလေးမစားလိုက်မလုပ်နဲ့ ကြားလား.
ကျွန်တော်....ဟုတ်ကဲ့ဆရာမ ။
ကိုယ်ထိုင်တဲ့နေရာသို့ပြန်လာခဲ့ သည်။
ဆရာမစာဆက်သင်လေတော့သည် ကျောင်းသားကျောင်းသူအားလုံး လိုက်မှတ်ရင် မြန်မာစာချိန်ကုန်သွားလေးသည်။စာသင်ချိန်ပြီးတော့ ကျွန်တော်တို့လည်း ကျောင်းအပြင်သို့လစ်ကျလေသည်။
ဒီလိုနဲ့ မေဂျာခ်ျိန်တက် minor ချိန်တက် ဒီလို့နဲ့ အချိန်တွေကုန်လာပြီး ကျူရှင်တက်ရမဲ့အချိန်တွေရောက်လာပီ။
Credit>>Google
ကျူရှင်တက်ပီဆိုတော့ ကျူရှင်နဲ့ကျောင်းနေရာနဲ့ကဝေးလေသည်။ကျောင်းက တောမရွာ ကျူရှင်က စဥ့်ကိုင်မြို့မှာတက်ရလေသည်။ကျောက်ဆည်ကနေ ဆိုင်ကယ်စီးလျှင် ၂၀မိနစ်လောက်စီးရလေသည်။
ကျူရှင်ပထမဆုံးနေမှာ ကျွန်တော်ရဲ့ ချစ်ဆုံးသူငယ်ချင်း သွားခေါ်ရလေ သည်။သူနဲ့ ကျွန်တော်က တစ်နယ်ထဲသားတွေဆို တော့ကျွန်တော်သူ့သွားခေါ်ရလေသည်။Credit>>Google
ကျွန်တော်က ကျောက်ဆည်ကနေလာ ရသည် သူ့ကိုတောမရွာတွင် ဝင်ခေါ်ရလေသည်။အဲ့တုန်းက ဖုန်းတွေသိပ်မပေါသေးဘူးဗျ MEC , MPT ပဲရှိသေးတယ် ဆရာသမား ph no လည်း ကိုယ်မသိ ကို့ph noလည်းသူမသိ ကိုယ်အိမ်ကထွက်လာတော့ စောသဗျာ...။
အချစ်တော် မောင်ချစ် ဆီရောက်ရော အိပ်ရာကမထသေးဘူး သေရောပဲ ကျူရှင်ကမှ နောက်ကျတော့တာပဲ ပထမဆုံးနေ့မှာပဲ။ဆရာသမားက ညကအိပ်တာနောက်ကျတာနဲ့ ကျူရှင်နောက်ကျပါလေရော။
ဒုတိယနေ့မှာ မြန်မာစာချိန် ပါတယ်မြန်မာစာ ဆရာမ ကျွန်တော်သွားကြိုရလေသည်။
ကျွန်တော်က ကျောင်းအရောက် ဆရာမကကျူရှင်ရောက်နေလေတော့ ...
ဆရာမကိုကြိုတာစောင့်စောင့်ရင် နဲ့ မြန်မာစာတစ်ချိန်ပီချိန်လောက်မှရောက်သွားသည်။ဂိတ်စောင့် အဖိုးကြီးနဲ့ လေပေါနေလေသည်။
Credit>>Google
ဆရာမအမျိုးသား နဲ့ဆရာမ ဆိုင်ကယ်ဖြင့်သွားလိုက်ကျွန်တော်မသိလိုက် ဂိတ်စောင့်အဖိုးကြီးနဲ့လေပေါနေလေသည်။
ဒီလို့နဲ့မနက်စာငတ်တဲ့ ဆရာမလည်းမကြိုလိုက်ရသလို စာလည်းမသင်လိုက်ရတော့ပေသည်။
ကဲဆရာမလည်း ပေါ်မလာ ဗိုက်ဆာကလည် ဆိုတော့ကျူရှင့်ပြန်သွားရလေသည်။ကျူရှင်လည်းရောက်ရော ဆရာမစာသင်ပီလေးသည်။
ကျွန်တော်----ဆရာမသွားကြိုတာ ဆရာမမတွေ့လို့ပြန်လာတာလို့ ဆရာမအားပြောပြလိုက်သောအခါ
ဆရာမ--မနက်စာစားပြီးပြီးလား--သား
ကျွန်တော်--မစားရသေးဘူးဆရာမ။
ဆရာမ --သား မနက်စာဆရာမကျွေးမယ်။ဆရာမ မုန့်လိုက်ကျွေးလေးတော့သည်။
Credit>>Google
ဒီလို့နဲ့ ဆရာမချစ်တော်လေး အလိုလိုဖြစ်သွားလေသည်။
ဒီလို့နဲ့ ပထမနှစ်စာမေးပွဲ အောင်ပြီးဒုတိယနှစ် ကျောင်းသားဘဝကိုရောက်လေတော့သည် ...ဆက်လက်ပြီးကျောင်းသားဘဝ အကြောင်းလေးရေးပါအုံးမည်။
အမှတ်တမဲ့နဲ့ လုပ်လိုက်တဲ့ အကြောင်းအရာများ
အမှတ်တရအဖြစ် ကျန်ရစ်လေတော့သည်
SoeLinAung
MSC-248