ဒီနေ့တော့ ပညာပေးဆောင်းပါးပို့စ်လေး ရေးပါရစေ အရွယ်ရောက်တဲ့လူတိုင်းဟာ " အနာခံမှ အသာစံရမယ် " ဆိုတဲ့ စကားပုံလေးကိုကြားဖူး ကြမှာပါ ဒီစကားပုံ ဟာသာမာန်လူအတွက်တော့ နားထောင်ကောင်းယုံဆိုပေမဲ့ တိုးတက်အောင်မြင်ချင်တဲ့ လူတွေအတွက်တော့ တကယ်လိုက်နာကျင့်သုံးလိုက်နာသင့်တဲ့ပညာပေးစကားပုံတစ်ခုပါ ကျွန်တော်ပုံပြင် တစ်ခုနဲ့ ဥပမာပေးပပါရစေ..........
ဟိုးရှေးရှေးတုန်းက ပန်းပုဆရာတယောက်ဟာ ပန်းပုရုပ်ထုဖို့ တောထဲမှာ သစ်ပင်လိုက်ခုတ်သတဲ့ အဲ့ဒီမှာပဲ အသားကောင်းကောင်း အပင်နှစ်ပင်ကိုတွေ့တော့ တစ်ခုကို ရွှေစင်ရုပ် တစ်ခုကို နတ်ကွန်းရုပ်ထုမယ်ဆိုပြီး အပင်နှစ်ပင်လုံးကို ခုတ်လိုက်သတဲ့
အိမ်ပြန်ရောက်တော့ ပထမသစ်ပင်ကိုရွှေစင်ရုပ်ထုမယ်ဆိုပီးစောက် တွေ တူတွေနဲ့ထုတော့တာပေါ့ ပထမအပင်ဟာဆောက်တွေ တူတွေ ဒဏ်ကို မခံနိုင်တော့ အော်ညည်း နေတော့တာကိုပန်းပုဆရာကကြားတော့ မင်းကိုရွေစင်ရုပ် ထုနေတာ ခဏတော့အနာခံလိုက်ပါကွာလို့ ပြောလိုက်သတဲ့ ဒါပေမဲ့ ပထမအပင်ကကျွန်တော် အနာမခံနိုင်ဘူးလို့ မြမ်မြန်ပြီးအောင် ထုပါဗျာလို့ ပြောလိုက်သတဲ့ အဲဒါနဲ့ပန်းပုဆရာက အုန်းမောင်းကုလားတက် ထုလိုက်သတဲ့ ဒုတိယအပင်ကတော့ပန်းပုဆရာထုတဲ့အတိုင်း ပဲ နတ်ကွန်းရုပ် ဖြစ်တဲ့အထိအနာခံသတဲ့ အဲ့လိုနဲ့ပန်းပုဆရာ ကပထမအနာတဲ့ အုန်းမောင်းကို ဘုန်းကြီးကျောင်းကဝယ်သွားပြီးဒုတိယအနာခံတဲ့ နတ်ကွန်းရုပ်ကို သူဌေးတစ်ယောက်ကဝယ်သွားသတဲ့ အနာမခံတဲ့ အုန်းမောင်းကတော့ မနက်တိုင်း ကိုရင်လေးတွေရဲ့ အထုအရိုက် ကိုခံနေရတာပေါ့ အနာခံတဲ့နတ်ကွန်းရုပ်ကတော့ လူအများရဲ့ပူဇော်ပသခြင်းကို ခံရတာပေါ့.........
အမှန်ဆိုရင် ပထမအပင်ဟာ အနာခံလိုက်ပါက ရဲ့ဧည့်ခန်းထဲမှာ ကျက်သရေရှိစွာနဲ့လှပနေပီးလူတွေရဲ့ငေးမောခြင်းကိုခံနေရမှာပါခုတော့ အနာမခံချင်တဲ့အခါ တသက်လုံး သူတပါး ထုရိုက်ခြင်းကိုခံနေရတဲ့......
ပုံပြင်ထဲကလိုပဲ အပြင်မှာလည်းလူတွေဟာ သူတပါးထက် သိချင် တတ်ချင် တော်ချင်ရင် အနာခံရပါတယ် ဘာလို့လည်းဆိုတော့ အတန်းထဲမှာ ပထမ ရချင်ရင် သူများတွေထက် ပိုကြိုးစားရတယ် ပိုအနာခံရတယ် အလုပ်မှာလည်းသူများထက်တော်ချင်ရင် သူများတွေထက် ပိုအနာခံရတယ် နောက်ဆုံး ဈေးရောင်းရင်တောင် ပစ္စည်းဖိုးရင်းထားရတဲ့အတွက် ကိုယ်ကအနာခံထားရတာပါ ပြီးမှ အမြတ်တင် ပီးကိုယ်စံရတာပါ .........
ဒါ့ကြောင့် ကျွန်တော်ပေးချင်တဲ့ message ကတော့ လူတိုင်းဟာအနာမခံပဲ ဘယ်တော့မှအသာစံဖို့ မမျှော်လင့်ကြ ပါနဲ့ လို့ ပြောကြား ချင်ပါတယ် ခင်ဗျာ......
Msc 236