ဒီနေ့လည်းသတိပေးဆောင်းပါးလေးပဲရေးလိုက်ပါတယ် ကျွန်တော်တို့တွေ ငယ်ငယ်က ရတနာသိုက်ရှာတဲ့ ဇာတ်ကားတွေကြည့်ဖူးကြမှာပါ
ဘာအရေးကြီးဆုံးလဲ မြေပုံ လမ်းညွှန်ပါ ရတနာသိုက် ရှိတာကိုသိပေမဲ့ အဲ့ဒီ ကိုဘယ်လိုသွားရမလဲ ဘာတွေ ယူသွားသင့်လဲ ဘာအခက်အခဲတွေဖြစ်နိုင်လဲဆိုတာသိဖို့ မြေပုံလမ်းညွှန်လိုပါတယ် မြေပုံမရှိပဲနဲ့ ရတနာသိုကရှိတဲ့နေရာကို ရောက်ဖို့ခက်ပါတယ် ဒါကြောင့် လူဆိုးတွေမင်းသားတွေဟာ ရတနာသိုက်ရဲ့မြေပုံကို အရင်ရှာရပါတယ်
ဥပမာ တောသားတယောက် ရန်ကုန်တက်လာတာတယ် ရန်ကုန်ဆိုတာကြားပဲကြားဖူးတယ် လမ်းမှာဘာရှိမှန်းလဲးမသိ ဘယ်မြို့တွေရှိမှန်းမသိ မီးတွေထိန်ထိန်လင်းပြီးလူတွေရှုပ်နေတာလောက်ပဲသိရင် လမ်းလွဲသွားနိုင်တယ် လမ်းမှာသာစည် နေပြည်တော် တောင်ငူ ပဲခူး တွေရှိနေလို့်ပဲ လိပ်စာမသိပဲ ခရီးသွားနေသလို ဘယ်ရောက်လို့ရောက်မှန်းမသိ ဖြစ်နိုင်ပါတယ်
လူတိုင်းမှာရှိသင့် သလိုမရှိရင်လဲ ဇာတ်လမ်းတွေထဲကလိုအသဲအသန် ရှာရမဲ့ မြေပုံတစ်ခုရှိတယ် အဲ့တာက ပဋိစ္စသမုပ္ပါဒ်တရား ပါပဲ အဖိုးမဖြတ်နိုင်တဲ့ရတနာမြေပုံဆိုလဲမှားဘူးပေါ့ ဒါပေမဲလူတော်တော်များများက တန်ဖိုးရှိမှန်းလည်းမသိ ကြသလို ကိုကခရီးသွားလို့ သွားနေမှန်းမသိတ်ဲလူတွေများနေကြတယ် ခရီးသွားမှန်းမသိတော့ မြေပုံ တွေလမ်းညွှန်တွေလိုမှန်းလဲ မသိဖြစ်နေကြတော လူ့ဘ၀ပြီးရောက်ချငိတာေ၇ာက်ကြတာပေါ့
ဒါ့ကြောင့် လူဘ၀မှာပဲသံသရာခရီးလမ်းညွှန် ရှိတာဖြစ်တဲ့အတွက် တွေအောင်ရှာ သိအောင်
ကြိုးစား ဆုံးအောင်လျှောက်ကြပါလို့ အသိပေးတိုက်တွန်းအပ်သလို ခရီးလမ်ူဆုံးလည်းရောက်ကြပါစေလို့ဆုတောင်းပေးလျက်
ဖတ်ရှုသူအားလုံးကိုကျေး ဇူးတင်လျက်
Msc 236
Photo credit facebook