လမ်းဆုံ ဆိုတာအရေးကြီး တဲ့နေရာ အန္တာ၇ာယ်ရှိတဲ့နေရာ ဖြစ်သလို ကိုသွားချင်တဲ့လမ်းကိုလည်းသွားလို့ရတဲ့နေရာပါ လမ်းဆုံရောက်ရင်သတိပေးဆိုင်းပုဒ်တွေ မီးပွိုင့်တွေ ရောက်မဲ့မြို့တွေကိုလမ်းညွှန်ပေးထားပါတယ် မီးပွိုင့်တွေ ဆောင်ပုဒ်တွေ ဘာလို့ ထားလဲဆိုတော့ ယာဉ်တိုက်မှုတွေဖြစ်နိုင်တဲ့အတွက် အချက်ပြသတိပေးထားတာပါ ရောက်မဲ့မြို့တွေကပ်ထားတာက လမ်းမှားမှာ ဆိုးလို့ပါ
အဲလိုပဲ သံသရာနဲ့ကြည့်ရင် လူ့ပြည် လူ့ဘ၀ဟာလမ်းဆုံပါ ကိုယ်သွားချင်တာသွားလို့ရတယ် ရောက်မဲ့နေရာတွေပြောထားတယ် လမ်းမှားရင်အန္တရာယ်ရှိလို့ သတိပေးဆိုင်းပုဒ်တွေလည်းကပ်ထားတယ် ကိုယ်အပေါ်ပဲမူတည်တယ် အတ္တာဟိအတ္တနောနာထော မိမိကိုသားကိုးကွယ်ရာပါ မိမိဘယ်လမ်းသွားချင် လဲ လမ်းဆုံးသွာပြီးခရီးနားချင်လား ခရီးဆက်သွားချင်သေးလား နောက်ပြန်ဆုတ်မလား ဆိုတာ လူ့ဘ၀မှာပဲရွေးချယ်ခွင့်ရှိတာပါ
နောက်ပြန်ဆုတ်ရင်တော့ ငရဲ တိရိစ္ဆာန် ပြိတ္တာ အသူရကယ်ပေါ့ ရှေ့မှာတော့ နတ်ပြည် ၆ထပ် ဗြမ္မာ ၂၀ လမ်းဆုံးမှာတော့ အသင်္ခတ နိဗ္ဗာန် ဘာကို ရွေးမလဲဆိုတာဒီလူ့ဘ၀မှာပဲရွေးလို့ရမှာဖြစ်တဲ့အတွက် လမ်းရွေးမမှားဖို့ လိုပါတယ် အခုဆို ကျွန်တော်တို့ဟာ လမ်းဆုံမှာရပ်နေကြတာပါ ရွေးချယ်ပိုင်ခွင့်က မိမိလက်ထဲမှာပါ ဒါပေမဲ့ နောက်ပြန် မဆုတ်ဖို့ လို့သလို ၇ပ်နေလိုလဲမရပါဘူး လမ်းရွေးမှား၇င်လည်း ပြန်လည်ဦးမှာမို့ နောင်တချိန်နောက်ပြန်ရောက်သွားနိုင်ပါတယ် နောက်ပြန်ရောက်သွား၇င် လမ်းဆုံဆိုတဲ့လူ့ဘ၀ကြီး ဟာပြန်၇ဖို့ခက်ပါတယ် ဘယ်လောက်ခက်လဲဆို၇င် မိုးကုတ်ဆရာတော်ဘုရားကြီးဟောထားတာကတော့ ဗြမ္မာပြည်က အပ်တစ်စင်း
နဲ့လူပြည်ကအပ်တစ်စင်းဆုံတာကလွယ်တယ်တဲ့ လူ့ဘ၀ရဖို့ခက်တယ်တဲ့
ဒါကြောင့် အခုရခဲလှတဲ့ လူ့ဘ၀လမ်းဆုံကနေ လမ်းမှန်ကိုရွေးပြီး လမ်းဆုံးကိုရောက်အောင် ကြိုးစားလျှောက်ကြပါလို့ သတိပေးတိုက်တွန်းရင်း
ဖတ်ရှု့သူအားလုံးကိုကျေးဇူးတင်လျက်
Msc 236
Photo credit facebook