ငယ်ငယ် ကမူလတန်းဖတ်စာမှာပါတဲ့ ကဗျာလေးတစ်ပုဒ်ကိုသတိ သွား၇မိတယ် `လည်းဘီးနွံထဲ ကျွံနေ၏ ကူ၍တွန်းပေးကြပါ လေးလွန်း၍ မတွန်းနိုင်ဘူးလား ပြိုင်တူတွန်ူလျှင်ရွေ့နိုင်ပါသည် ´ငယ်ငယ်က စာမေးပွဲအောင်ဖို့ပဲ ဖတ်ခဲ့မှတ်ခဲ့ကျက်ခဲ့တာပေါ့ ကဗျာ၇ဲ့ လေးနက်မှုမှုကိုမသိခဲ့ ဘူး အခုတော့ တဖြည်းဖြည်း ပိုပိုသိလာသလိုခံစားရတယ်ဗျာ
မိသားစုမှာလည်း စားနေ၀တ်ဆိုတဲ့ နွံထဲ အများစု ကျွံနေကြတယ် အများစုအဖေရုန်းကန်၇တယ်
တချို့ အဖေကောအမေကောရုန်းကန်ပီးသားသမီးတွေကို လှည်းပေါ်တင်ပီး နွံထဲကနေ ရွေ့အောင်တွန်း တွန်းနေကြတယ် လှည်းပေါ်လိုက်တဲ့သားသမီးတွေက ငြိမ်ငြိမ်လေးလိုက်တော့တော်သေးတာပေါ့ တချို့သားသမီးတွေက ခုန်ပေါက်နေတော့ လှည်းကပိုပိုနစ်သွားတောပေါ့ တချို့သားသမီးတွေဆို၇င် လည်းကိုဖျက်စီးတော့ နွံထဲမှာပဲ ဘ၀တွေက ဆုံးသွားတာပေါ့ဗျာ
တချို့ သောသားသမီးတွေကတော့ အရွယ်ေ၇ာက်လာလို့ မိဘနဲ့အတူနွံထဲဆင်းတွန်းတော့ မိဘလည်းသက်သာ နွံထဲကလည်းမြန်လွတ်တာပေါ့ဗျာ တယောက်ဆင်းတွန်းနိုင်၇င် ယောက် နှစ်ယောက်ဆင်းတွန်းနိုင်၇င် နှစ်ယောက် သုံယောက်ဆင်းတွန်းနိုင်၇င် သုံးယောက်တွန်းတော့ ပိုသက်သာလေ နွံထဲကနေမြန်မြန်လွတ်တာပေါ့ တချိ့သောသားသမီးတွေကတော့ ကိုတစ်ယောက်ပဲ ကိုယ်လွတ်ရုန်း ပြီး မိဘတွေကိုနွံထဲထားခဲ့ကြတယ် လွတ်တဲ့အထိလေးတောင်ကူမပေးကြဘူး ဗျာမိဘတွေသနားစရာပါ
ဒါကြောင့်သားသမီးတွေဟာ မိသားစုဆိုတဲ့လှည်းယဉ်ကြီးကို နွံထဲကလွတ်အောင် ကူပြီးတွန်းပေးနိုင်ကြပါစေလို့ ဆုတောင်၇င်း
Steemit အဖွဲ့ဝင်အားလုံးကိုကျေးဇူးတင်လျက်
Msc 236
Photo credit facebook