ငါလား... ပျော်ချင်တာပေါ့...
ငါအမြဲ စဉ်းစားနေခဲ့တာ ငါပျော်ရွှင်ရဖို့ အတွက်ပါပဲ
ဒါကြောင့် ငါ ဘယ်လို အခက်အခဲပဲတွေ့တွေ့ ပျော်ပျော်နဲ့ ငါမျက်နှာဖုံးတပ်ခဲ့တယ်
ဒါမဲ့လည်း ငါ့မျက်နှာဖုံးကို ခွာပေးဖို့ ရောက်လာတော့လည်း ငါယုံယုံကြည်ကြည်နဲ့ ကိုယ့်မျက်နှာ ကိုယ့်အားနည်းချက်တွေ သူ့ကို မြင်စေခဲ့တယ်
ငါ့အတွက် သူရှေ့က ကာကွယ်ပေးမယ်လို့ ထင်ခဲ့မိဖူးတယ်
အရင်က ဘယ်သူ့ပုခုံးမှ ငါမမှီဘူးလို့ တွေးခဲ့တဲ့အတွေးကနေ သူ့ပုခုံးကို ငါမှီခဲ့မိတယ်
ငါဘယ်သူ့လက်ကိုမှ မဆွဲဘူးလို့ တွေးခဲ့မိတဲ့အတွေးကနေ ငါ့လက်ကို ဆွဲပြီး သူ့လက်မောင်းကို အတင်းကိုင်စေခဲ့တယ်
နောက်လည်း သူ့လက်မောင်းကို ဆွဲပါဆိုပြီး သူပဲပြောခဲ့တယ်
ဒါတွေကို ငါငြင်းမိရင် ခေါင်းမာလွန်းတယ်လို့ သူပြောတယ်
အမြဲဆန့်ကျင်ဘက်ပြောတတ်လွန်းလို့ bae ကို ကိုဘယ်လိုပြောရမှန်းတောင် မသိတော့ဘူးဆိုပြီး သူပြောခဲ့တယ်
ငါ့ မျက်လုံး ဝင်းလက်သွားတယ် အတွေးလည်း သူ့ဆီ ပိုကျယ်သွားခဲ့တယ်
သနားသွားတယ် ငါနောက်ဆို ဆင်ခြင်မှပဲလို့လည်း ကိုယ့်ကိုယ်ကိုယ်တွေးခဲ့တယ်
ငါလေ ကိုယ့်ကိုယ်ကိုယ် ကျား နဂါးဆိုပြီး အမောက်ထောင် ပျော်ပျော်နေဖို့ ကြိုးစားတိုင်း သူ့စိတ်ကို ထိခိုက်သွားစေနိုင်တယ်ဆိုတာ သိလာခဲ့တယ်
ငါပျော်ဖို့ ကိုယ့်လမ်းကိုယ်ကြိုးစားလေ သူ စိတ်ဓာတ်ကျ အားငယ်လေ ကို သတိထားမိလာတယ်
ဒါကြောင့် နောက်ပိုင်း သူလိုချင် သူတောင်းဆိုခဲ့တဲ့ အရာတွေ ကို တစ်ခုချင်းစီ ဖြည်းဖြည်းချင်း ပြင်ခဲ့တယ်
နောက်ပိုင်း သူပျော်နိုင်တာမှန်သမျှ လိုက်လျောပေးတယ် နားလည်မှုပေးခဲ့တယ် စကားပြောပုံကအစ ပြောင်းလိုက်ပီးနောက်
အနာဂတ်အတွေးတွေပါ အကုန်ပြောင်းလဲလာတယ်
ငါ့ကိုယ်ငါ ပျော်အောင်နေမဲ့အစား နှစ်ယောက်လုံးအတွက် ပျော်အောင်ကြိုးစားမယ် အခက်အခဲမှန်သမျှကို ခုချိန်လေးပဲ သည်းခံပြီး သူ့ဘက်က ရပ်တည်ပေးမယ် အချိန်က ကုစားပေးသွားမှာပါ ဆိုတဲ့ မျှော်လင့်ချက်နဲ့
မက်ခဲ့တဲ့အိပ်မက်တွေ အကုန်လုံးကို အချိန်မှီပြောင်းလဲလိုက်တယ်
စွန့်လွှတ်သင့်တယ်ထင်တာတွေ အကုန်စွန့်ခဲ့တယ်
နှစ်ဦးနှစ်ဖက်ကြား အဆင်ပြေအောင် ညှိဖို့ အမြဲြ ကိုးစား နေခဲ့တယ်
ချစ်သူနဲ့ မိဘကြားက ပြသနာတွေကို ကြားခံနယ်အဖြစ်ပဲ ဘာလာလာ တစ်ကိုယ်တည်း ဖြေရှင်းဖို့ ကြိုးစားနေခဲ့တယ်
ပြင်ပ ပတ်ဝန်းကျင်နဲ့ လုံးလုံး အဆက်အသွယ် ပြတ်ခဲ့တယ်
ဖုန်းမရှိဘူး ဝိုင်ဖိုင် မရှိဘူး ဘယ်လိုနည်းနဲ့မှ ဆက်သွယ်လို့မရဘူး
ကိုယ့် အကောင့်ကိုလည်း မိဘက အချိန်ပြည့် ထိန်းချုပ်ထားပြီး သူတို့ပဲ Control လုပ်ခဲ့တယ်
ကိုယ်က ထိုင်ပဲကြည့်နေရတယ်
ငါ့မှာ ကိုင်စရာဆိုလို့ စာအုပ်တွေပဲရှိတယ်
Anime, Drawing လောက အကုန်အဆက်အသွယ်ပြတ်ခဲ့တယ်
Cosplay အတွက် ပိုက်ဆံစုမိတာတွေ အကုန် ကျန်တဲ့နေရာမှာ သုံးလိုက်တယ်
တစ်နေ့တစ်နေ့ အခန်းထဲမှာပဲ သော့ပိတ်ခံနေရတယ်
အိမ်မွေး Pet လိုမျိုးပဲ အပြင်တောင် ထွက်ခွင့်မရှိ
ကိုယ့်ကြောင်လေးတွေကိုလည်း ကိုယ်ထွက်ကြည့်ခွင့်မရှိ
အဖော်ဆိုလို့ ကြောင်လေးတွေကိုလည်း အိမ်ပေါ်ခေါ်တင်ခွင့်မရှိ
အိမ်ပေါ်မှာ နေခွင့်မရှိတော့တဲ့ ကြောင်လေးတွေကလည်း အိမ်ပေါ်နေချင်လို့ ငါ့ကိုပဲ ပြတင်းပေါက်ကနေ အကူအညီလာလာတောင်း
ငါကလည်း ဘာမှ မတတ်နိုင် သံဇကာအပြည့်နဲ့ ပြတင်းပေါက်ကို ငါက ဘာလုပ်နိုင်မှာလဲ...
သူတို့ဘာသူတို့ကြိုးစားပီး အပေါက်ကနေ ခေါင်းထိုးဝင်လာကြတော့လည်း အမေက ချက်ချင်း ဆဲဆိုကြိမ်းမောင်းတာခံရပီး အောက်ပြန်ချခိုင်းတယ်
သူတို့ဗိုက်ဆာလို့တောင်းရင်လည်း ငါ့မှာကျွေးစရာ မရှိ ပိုက်ဆံဆိုလည်း ဘာဆို ဘာမှ မရှိ ဘာဆို ဘာမှ မသုံးနိုင်
ဟင်းခွက်ထဲက လက်တစ်ဆစ်လောက် နှိုက်ကျွေးမိလိုက်တိုင်း
ဆဲဆိုကြိမ်းမောင်းခံရတယ်
ဒီလိုနဲ့ ကြောင်ပေါက်လေးတွေ ဗိုက်ဆာပြီး မျက်စိရှေ့မှာတင် ဝမ်းလျှောပီး သေလိုက်
ခွေးကိုက်ပြီး ခွေးက အဝေးကြီးကို ဆွဲသွားတာတွေကိုလည်း ကိုယ့်မျက်စိနဲ့မြင်....
နောက် အရိုးတခြား အသားတခြားဖြစ်နေတဲ့ ခြေထောက်ကလေး နှစ်ချောင်းတည်းထောင်ပီး ပတ်လက် နဲ့ ကျန်တာဘာမှ မကျန်တဲ့တော့ အပိုင်းအစတွေ မျက်စိနဲ့မြင်ရ.....
မွေးကာစ ကြောင်ပေါက်လေးတွေအမေကလည်း အမေ့ကိုကြောက်လို့ပြန်မလာတော့တဲ့ကြောင်အမေ... ငါ့ကိုစိတ်ချပြီး ပြုံးပြီး ထွက်သွားလိုက်တာ
ပြန်မလာတော့ ကြောင်မွေးကာစလေးတွေ နှစ်ပတ်လောက် နို့ငတ်ပြီး ငါ့လက်ထဲမှာတင် ချမ်းပီး ဗိုက်ဆာပြီး တစ်ဖြုတ်ဖြုတ်သေ....
wikihow တွေဘယ်လောက်ရှာခဲ့ ရှာခဲ့ ငါ့လက်ထဲမှာ ဘာပိုက်ဆံမှ မရှိတော့ နို့ဖျော်ပေးစရာမရှိ...
နို့ဆီဖျော်ပီး သူတို့ ပါးစပ်ထဲ စက္ကူကန်တော့ခွက်လုပ်ပီး တိုက်တော့လည်း အဆင်က လုံးဝမပြေ...
wikihow မှာ ကြောင်နို့နဲ့ ဆရာဝန်စပ်ပေးတဲ့နို့ကလွဲလို့ ဘာမှတိုက်လို့မရဆိုတော့လည်း သူတို့အော်တာတွေကြည့်ပီး ငါ့မှာလည်း ရှိတာနဲ့ပြဲ ကိုးစားကြည့်ရ
ဒီလိုနဲ့ ငါလည်း အဖော်မရှိ အဆက်အသွယ်မရှိ ကြိုးကိုင်ခံ နဲ့ တစ်နေ့နေ့မှာတော့ ငါလွတ်မြောက်လာတော့မှာပါ အတွေးနဲ့ ကြိတ်မှိတ် စိတ်ကူးယဉ်ကြည့်ခဲ့ရတာနဲ့ပဲ
အချိန်တွေ ကုန်လာလိုက်တာ....................
အသက် ၂၂ နှစ်ဖြစ်ပီး သူများတွေလို လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် အပေါင်းအသင်းနဲ့ အပြင်ထွက်ပျော်နေကြချိန်မှာ... ငါ့မှာတော့ သော့ပိတ်ခံရတဲ့အိမ်ထဲမှာ...
သူများတွေ အတွဲကိုယ်စီ ပျော်နေချိန် ကြည်နူးနေချိန်မှာ ...
ငါ့မှာ ဖုန်းလေးတစ်လုံး ခိုးကိုင်နေရဖို့ စဉ်းစားအားထုတ်ရချိန်မှာ...
သူများတွေ တဆင့်ပြီး တဆင့်အောင်မြင်နေချိန်မှာ
အတွင်းစိတ်ဒဏ်ရာတွေ တဖြည်းဖြည်း များလာပီး လူလည်း ဖျားလာ
ဒီလိုနဲ့ ၂၃ နှစ်ဖြစ်လာပြီ ငါလည်း လွတ်မြောက်ဖို့ တဖြည်းဖြည်းနီးလာပြီ ဆိုတဲ့စိတ်နဲ့ ပျော်၇ွှင်လာပါတယ်။
စိတ်ညစ်နေမဲ့အစားဆိုပြီး ကျောင်းက ကိစ္စတွေကိုပဲ ဖိလုပ်နေခဲ့လိုက်တာ ပတ်ဝန်းကျင်ကို တမင်သက်သက်မေ့နေခဲ့လိုက်တာ....
၂၄ နှစ်တောင်ပြည့်တော့မယ် ဒါပေမဲ့ တခါတလေ သူနဲ့စိတ်ကူးယဉ်ထားတဲ့အရာတွေက အလှမ်းဝေးလာသလိုလိုခံစားရတယ်
ဆွဲလေလေ ဝေးလေလေ...
တခါတလေ ငါကပဲ မှားနေသလားတောင် စဉ်းစားမိတယ်။။။
အချစ်ဆိုတာ မဆွဲရင်ကပ်နေပြီး ဆွဲဖို့ကြိုးစားရင် ဝေးလာလေ သလားတောင် မြင်လာနေမိတယ်...
အရင်က ငါ ပျော်ရွှင်ဖို့ မျက်နှာဖုံးတပ်ထားခဲ့တုန်းက အချိန်နဲ့ အခုလက်ရှိ တစ်နေ့ပျော်ရွှင်ရဖို့ကြိုးစားနေတဲ့ ရေရှည်စီမံကိန်း အခြေအနေနဲ့ ယှဉ်ကြည့်လိုက်ရင်
မျက်နှာဖုံးတပ်စဉ်ကာလက ငါ Sora နဲ့
ခု အခြေအနေ Sora Life နဲ့ ဘယ်တူတော့မလဲ
အရင်လိုပျော်ရွှင်ဖို့ ငါ ဘယ်လိုကြိုးစားရမလဲ အရမ်းလည်း ကြာသွားခဲ့ပြီ...
အရင်လို ငါပျော်ပျော်နေဖို့ ဘေးက တန်ဆာ ပလာဘာမှ မရှိတော့ဘူး
အရင်လိုလည်း ငါ ဘယ်လိုနည်းနဲ့မှ နောက်ပြန်သွားလို့မရဘူး
အခု ၂၃ နှစ်ကနေ ငါ ဘယ်လိုနည်းနဲ့မှ ၂၁ နှစ် မဖြစ်နိုင်တော့ဘူး။။။
Image Source from google.com