အရက်ပုလင်းအောက်တွင်ဖိထားသော ပြန်အမ်းငွေငါးရာတန်အဟောင်းလေးကို ဆိုင်ရှင်အန်ကယ်ကြီးလက်ထဲထည့်ပေးလိုက်သည်။
"အန်ကယ် ကျွန်တော်မပြန်မချင်း ဖွင့်ပေးနေကြ ဂျေမောင်မောင်ရဲ့ `အလွမ်းကဖီး´ ဖွင့်ဗျာ"
အန်ကယ်ကြီးကနားလည်းစွာ တစ်ချက်ပြုံးပြ၍ လှည့်ထွက်သွားသည်။ သီးချင်းသံတိုးတိုးလွင့်ပျံလာပါပြီ။ မကိုခေါ်ရဦးမည်။ ကျွန်တော်ခေါ်ရင် မ လာနေကြဖြစ်သည်။
သောက်လက်စ စီးကရတ်ကို ခပ်ပြင်းပြင်းရှိုက်၍ မှုတ်ထုတ်လိုက်သောအခါ အဖြူရောင်သန်းသော မီးခိုးငွေ့များပေါ်တွင် မ ကကျွန်တော့်ကို ပြုံးပြ၍ နှုတ်ဆက်သည်။ မရောက်လာချေပြီ။ ကျွန်တော် စီးကရတ်ငွေ့များကိုကြည့်ပြီး ပြုံးလိုက်သည်။ ဆိုင်ရှင်အန်ကယ်ကြီးက ရေခဲအချို့လာချပေးရင်း ကျွန်တော်ကိုကြည့်ကာ ခေါင်းကိုဖွဖွပွတ်သပ်သွား၏။
ယခုလိုညနေအချိန်ရောက်လျှင် ဝီစကီအရောင်သည် ပို၍လှသည်။ ဖန်ခွက်ကို ရီဝေစွာတစ်ချက်ကြည့်လိုက်၏။ မ...။ ငြိမ်သက်နေသော ဝီစကီမျက်နှာပြင်ပေါ်ဝယ် မ ကိုတွေပြန်၏။ မကပိုလှသည်။
ကျွန်တော် ဖန်ခွက်ထဲသို့ရေခဲတုံးအချို့ ပစ်ထည့်လိုက်သည်။ ဟင်! မ မရှိတော့။ မ ပျောက်ချင်းမလှ ပျောက်သွားသည်။ စောစောက ဆေးလိပ်မီးခိုးငွေ့များပေါ် ထပ်ရှာကြည့်၏။ မီးခိုးငွေ့များလည်း မရှိတော့ချေ။
မ...မ...မရေ.....