လိပ်ပြာများ၏ သက်ရှိဘ၀နှင့် လုပ်ဆောင်မှု့များအကြောင်း အပိုင်း ( ၂ )
ဝတ်မှုန်ကူးခြင်း လုပ်ငန်းများတွင် လိပ်ပြာများသည် အလွန်အရေးပါသော သတ္တ၀ါများ ဖြစ်ကြပေသည်။
တောက်ပသော အရောင်များရှိသည့် နေရာနှင့် ပန်းခင်းများ ၊ ဥယျဉ်မြေကွက်များတွင် ၄င်းတို့သည် ကျက်စားနေထိုင်လေ့ရှိကြသည်။
လိပ်ပြာများသည် ၄င်းတို့၏ အစာအရင်းအမြစ်မှာ ၀တ်ရည်ပင်ဖြစ်သောကြောင့် လိပ်ပြာများသည် ၀တ်ရည်ကို အမြဲရှာဖွေနေကြသည်။
နေရာတစ်ခုတွင် လိပ်ပြာ မျိုးစိတ်ပေါင်း ၄၀၀ မှ ၇၅၀ အထိ နေထိုင်တတ်ပါသည်။
အချို့သော လိပ်ပြာမျိုးစိတ်များသည် နေ့ဘက်တွင် ၄င်းတို့ကို အန္တရယ်ဖြစ်စေသည့် သတ္တ၀ါများရန်ကြောင့် ညဘက်တွင် ကျက်စားနေထိုင်လေ့ရှိပါသည်။
လိပ်ပြာမျိုးစိတ် အများစုသည် ပူနွေးသော ရာသီဥတွင်သာ ရှင်သန်တက်ပြီး အချို့သော လိပ်ပြာမျိုးစိတ်များသည် ဆောင်းဦးရာသီနှင့် ဆောင်းရာသီ အတောအတွင်း ရှင်သန်တက်ကြသည်။
နေသာသော အချိန်များတွင် ၀တ်ရည်များရှိသော ပန်းပွင့်များသည် လိပ်ပြာများနှင့် အခြားအင်းဆက်များကို ဆွဲဆောင်မှု့ အကောင်းဆုံး အချိန်ပင်ဖြစ်သည်။
လိပ်ပြာများသည် မျိုးဥဘ၀ကနေမှ အရွယ်ရောက်သည့်အထိ ၄င်းတို့၏ သဘာဝ ပတ်ဝန်းကျင်တွင်သာ ကူးပြောင်းသွားလာ နေထိုင်တက်ကြသည်။
လိပ်ပြာများသည် ခူကောင်ဘ၀တွင် ၄င်းတို့၏ ပါးစပ်သည် အစားအစာကို ၀ါးမျိုရန်အတွက် အသုံးပြုပြီး လိပ်ပြာဘ၀သို့ ရောက်ရှိသောအခါ ၄င်းတို့၏ ပါးစပ်ပိုင်းကို ၀တ်ရည်စုပ်ယူရန်အတွက် အသုံးပြုလေ့ရှိကြသည်။
လိပ်ပြာများသည် အလွန်လှပပြီး ကြီးမားသော အတောင်ပံများနှင့်အတူ ပျံသန်းနိုင်သော အင်းဆက်များ ဖြစ်ကြသည်။
လိပ်ပြာများ၏ ခြေချောင်း ခြောက်ချောင်းနှင့် အတောင်ပံ လေးခု ရှိပါသည်။
၎င်းတို့၏ ခန္ဓာကိုယ်သည် အပိုင်းသုံးပိုင်း ပိုင်းခြားနိုင်ပါသည်။
၎င်းအပိုင်းသုံးပိုင်းတွင် ဦးခေါင်းပိုင်း ၊ ရင်အုပ်ပိုင်းနှင့် ကိုယ်တွင်းခေါင်းပိုင်းတို့ ဖြစ်ကြသည်။
ထို့ပြင် ဦးမျှင် ( အာရုံခံ အင်္ဂါ ) တစ်စုံ ၊ မျက်လုံးများ နှင့် ပြင်ပအရိုးညမ်းများလည်း ပါရှိပါသည်။
လိပ်ပြာများသည် ၄င်းတို့၏ ခန္ဓာကိုယ်ကို အလွန်သေးငယ်သော အာရုံခံ အမွှေးငယ်လေးများဖြင့် ဖုံးအုပ်ထားကြသည်။
အတောင်ပံ လေးခု နှင့် ခြေချောင်း ခြောက်ချောင်းသည် ၄င်းတို့၏ ရင်အုပ်နှင့် ကပ်လျှက်ရှိနေကြသည်။
ရင်အုပ်တွင် ပါဝင်သော ကြွက်သားများကြောင့် လိပ်ပြာများ၏ အတောင်ပံ နှင့် ခြေချောင်းများ လှုပ်ရှားနိုင်ရန်အတွက် အထောက်အကူဖြစ်စေသည်။
လိပ်ပြာများသည် ပျံသန်းမှု့ အကောင်းဆုံး သတ္တ၀ါငယ်လေးများဖြစ်သည်။
၎င်းတို့တွင် အတောင်ပံ လေးခု ( နှစ်စုံ ) ပါရှိနေပြီး ထိုအတောင်ပံများပေါ်တွင် အလွန်ပင်လှပသော အရောင်မျိုးစုံ ခြယ်သထားသကဲ့သို့ အရောင်မျိုးစုံဖြင့် အလွန်လှပနေပါသည်။
သွေးပြန်ကြောတွေ၏ ထောက်ပံမှု့ကြောင့် လိပ်ပြာများ၏ အတောင်ပံများသည် အလွန်ပင် နူးညံလှပါသည်။
ထို့အပြင့် ၄င်းတို့၏ အဟာရအတွက်ကိုလည်း သွေးနှင့်အတူ အထောက်အပံ ပေးပါသည်။
လိပ်ပြာများသည် ပျံသန်းမှု့ကို လုပ်ဆောင်နေစဉ်တွင် ၄င်းတို့၏ ခန္ဓာကိုယ် အပူချိန်သည် ၈၆ ဒီဂရီနှင့် အထက်ရှိပါသည်။
လိပ်ပြာများသည် အေးသော ရာသီဥတုများတွင် ၄င်းတို့ ခန္ဓာကိုယ်ကို နွေးထွေးစေရန်အတွက် အလင်းရောင်ဖြင့် ၄င်းတို့ကိုယ်တိုင် ပြုလုပ်နိုင်ကြပေသည်။
သက်တမ်းရင့်သော လိပ်ပြာများသည် ၄င်းတို့၏ အတောင်ပံများပေါ်ရှိ အရောင်များမှာ တဖြည်းဖြည်း မှေးမှိန်လာပြီး အတောင်ပံများ၏ အနားသားများသည်လည်း ထိခိုက်မှု့ဒဏ်ကို မခံနိုင်ကြတော့ပေ။
အနည်းငယ်မျှ ထိခိုက်သည်နှင့် အတောင်ပံများ ကွဲပြဲ ပျက်စီးသွားတတ်ကြသည်။
တတိယပိုင်းမျှော်
ကျွန်တော် တင်ပြသော အကြောင်းအရာသည် အမှားတစ်စုံတစ်ရာ ပါရှိခဲ့ပါက ကျွန်တော်၏ လေ့လာမှု အားနည်းခြင်းကြောင့်သာ ဖြစ်သောကြောင့် နားလည်ခွင့်လွှတ်ပေးပါရန် တောင်းပန်အပ်ပါသည်။
အားလုံးကို ကျေးဇူးတင်ပါတယ် ........