မျှော့တွေ၏ သက်ရှိဘ၀ နှင့် နေထိုင်မှု့ အကြောင်းများ အပိုင်း ၂
မျှော့တွေ၏ နာဗ့်ကြောအဖွဲ့အစည်း ( nervous system ) သည် လူတွေနှင့် တူပါသည်။
မျှော့အများစုသည် သွေးကို အဟာရအဖြစ် စားသုံး ( သောက်သုံး ) ကြသည်။
အချို့ မျှော့ မျိုးစိတ်များသည် ပုပ်သိုးဆွေးမြေ့ ပျက်စီးနေသော အပင်ထွက်ပစ္စည်းများ ( သို့မဟုတ် ) အမျိုးမျိုးသော ၀မ်းကောင် ( worms ) များ နှင့် အင်းဆက်ပိုးမွှား များကို စားသုံးကြသည်။
သွေးစုပ်သော မျှော့များသည် အမျိုးမျိုးသော သတ္တ၀ါကြီးများ၏ ခန္ဓာကိုယ်ပေါ်တွင် ကပ်ပါး တွယ်ကပ်နေတက်ပြီးတော့ အရေပြားအတွင်းသို့ ၄င်းတို့၏ သွေးစုပ်ယူသောအရာ ( sucker ) ဖြင့် ထိုးဖောက်ပြီး သွေးကို စုပ်ယူတက်ပါသည်။
၎င်းတို့သည် များသောအားဖြင့် နို့တိုက်သတ္တ၀ါများ ၊ ငှက်များ ၊ တွားသွားသတ္တ၀ါများ နှင့် ငါး များဆီမှ သွေးကို စုပ်ယူလေ့ရှိကြပါသည်။
မျှော့များသည် သွေးစုပ်ယူသည့်အခါမှာ အလွန်ပင် လောဘကြီးကြပါတယ်။ ( တော်ရုံနှင့် မတင်းတိမ်နိုင်... )
၎င်းတို့ ခန္ဓာကိုယ်၏ ငါးဆထက် ပိုပြီး ကြီးမားသော သွေးပမာဏကို စုပ်ယူနိုင်ပါသည်။
ထိုသွေးပမာဏကို တစ်ကြိမ်တည်းမှာပင် စုပ်ယူနိုင်ပြီးတော့ ၄င်းတို့အတွက် သွေးပမာဏလုံလောက်မှသာလျှင် လက်ခံကောင် ( သွေးစုပ်ခြင်းခံရသူ ) ထံမှ စွန့်ခွာသွားတက်ပါသည်။
မျှော့တွေသည် ၄င်းတို့အတွက် အစားအစာကို အနည်းငယ်မျှ စားသုံးမည်ဆိုလည်း ၄င်းတို့အတွက် လုံလောက်မှု့ ရှိပါသည်။
အဘယ်ကြောင့်ဆိုသော် အစားစားသုံးခြင်း မရှိသော်လည်း ၄င်းတို့သည် တစ်နှစ်ပတ်လုံး ( one year ) အသက်ရှင်သန်နိုင်ပါသည်။
မျှော့များသည် သတ္တ၀ါများ၏ အရေပြားကို ထိုးဖောက်ပြီး သွေးကို စုပ်ယူနေစဉ်တွင် လက်ခံကောင် ( သွေးစုပ်ခြင်း ခံရသူ ) သည် နာကျင်ခြင်း အလျှင်းမရှိပေ။
ထိုသို့ မနာကျင်ရခြင်း အကြောင်းများမှာ နာကျင့်မှု့ကို လျော့နည်းစေသည် anesthetic ( ထုံဆေး ) တစ်မျိုးကို ထုတ်လွှတ်လိုက်ခြင်းကြောင့်ဖြစ်သည်။
၎င်း anesthetic ( ထုံဆေး ) ကို ထုတ်လွှတ်ခြင်းသည် ၄င်းမျှော့များ သွေးကို စုပ်ယူရာတွင် အနှောင့်အယှက်ကင်းစေပြီး အလွန်ပင် အထောက်အကူ ပြုစေပါသည်။
သို့သော် သွေးမခဲစေရန်အတွက် anticoagulant ( သွေးမခဲစေသည့် အရာ ) ကို ထုတ်လွှတ်ခြင်းကြောင့် အချိန်အနည်းငယ်မှာပင် ယားယံမှု့ကို စတင်လာနိုင်စေပါသည်။
၎င်း anticoagulant သည် သွေးခဲခြင်းကို ကာကွယ်ပေးခြင်းကြောင့် ၄င်းမျှော့များ သွေးစုပ်ယူရာ အလွန်ပင် အထောက်ကူပြုစေပါသည်။ ( သွေးခဲနေပါက ၄င်းတို့ အတွက် အဆင်မပြေပေ .... )
မျှော့များမှ ရရှိသော anticoagulant နှင့် anesthetic နှစ်မျိုးစလုံးကို ဆေးဝါးပစ္စည်းများထုတ်လုပ်သော ဆေးပညာရပ်ဆိုင်ရာ လုပ်ငန်းများတွင် အသုံးပြုလေ့ရှိပြီးတော့ လူနာတွေဆီမှ သွေးကို ဖောက်ထုတ်ရန်အတွက် လည်း မျှော့များကို အသုံးပြုကြပါသည်။
မျှော့များသည် အဖို နှင့် အမ လိင်အင်္ဂါရပ် နှစ်မျိုးစလုံးကို ပိုင်ဆိုင်ကြပါသည်။
ထို့ကြောင့် ၄င်းမျှော့များသည် မျိုးပွားခြင်းကို ပြုလုပ်ရန်အတွက် အခြားသော မျှော့တစ်ကောင်ကို မလိုအပ်ပေ။
လိင်အင်္ဂါ နှစ်မျိုးစလုံးကို ပိုင်ဆိုင်ထားသည့်အတွက် မိမိကိုယ်တိုင် မျိုးပွားခြင်းကို ဆောင်ရွက်နိုင်ပါသည်။
မျှော့များသည် မယုံကြည်နိုင်လောက်အောင် အလွန်ပင် အံသြစရာကောင်းသော သတ္တ၀ါများဖြစ်သည်။
၎င်းတို့ ခန္ဓာကိုယ်၏ ဆယ်ပုံ ပုံ ကိုးပုံ ပျက်စီးသွားသော်လည်း ဆက်လက် အသက်ရှင်သန်နိုင်ကြသည်။
မျှော့များသည် ၄င်းတို့၏ မျိုးစိတ်များ တူညီမှု့ မရှိသည့်အပြင် သက်တမ်းများလည်း ကွာာခြားမှု့ ရှိကြပါသည်။
အချို့သောမျှော့များ၏ သက်တမ်းသည် ၁၀ နှစ် အထက်ကို ကျော်လွန်နိုင်ကြသည်။
တတိယပိုင်းမျှော်
ကျွန်တော် တင်ပြသော အကြောင်းအရာသည် အမှားတစ်စုံတစ်ရာ ပါရှိခဲ့ပါက ကျွန်တော်၏ လေ့လာမှုအားနည်းခြင်းကြောင့်သာဖြစ်သောကြောင့် နားလည်ခွင့်လွှတ်ပေးပါရန် တောင်းပန်အပ်ပါသည်။
အားလုံးကို ကျေးဇူးတင်ပါတယ် ........