ကဲ .. ဒုတိယ ပိုင်းမှာတော့ Jumping spider တွေရဲ့ အပြုအမှု တွေ အကြောင်း လေ့လာရအောင် ... ...
Jumping Spider တွေသည် ယေဘုယျ အားဖြင့် အမဲလိုက်ခြင်းဖြင့် ကျက်စားနေထိုင်လေ့ရှိသည်။ သူတို့၏ ကိုယ်တွင်း အရည် ဖိအား စနစ် ဖြစ်တဲ့ ( hydraulic system) သည် ခြေချောင်းလေးတွေမှ ထိုးထွက်နေပြီး ခန္ဓာကိုယ် ဖိအား အရည် ( hemolymph )
ဖြစ်အောင် ၄င်း အတွင်း ထဲတွင်သာ ပြောင်းလဲသည်။ ၄င်းပင့်ကူများသည် ကြီးမားသော ခြေထောက် ကြွက်သားများ မရှိဘဲ တစ်နေရာ တစ်နေရာသို့ ခုန်သွား နေသည်မှာ grass hopper ( နှံကောင် ) နှင့် တူပါသည်။
Jumping Spider အများစုသည် အကြိမ်ပေါင်းများစွာ ခုန်နိုင်ပါသည်။
ဘယ်လောက်ထိ ခုန်နိုင်သလဲဆိုရင် သူတို့ ခန္ဓာကိုယ် အလျား၏ အဆ ၅၀ လောက် ကျော်လွန်အောင် ခုန်နိုင်ပါတယ်။
တစ်နေရာမှာ တစ်နေရာသို့ ကူးပြောင်းရန်အတွက် ခုန်သောအခါ ပိုးချည်မျှင်နှင့် တူသော အမျှင်တစ်ခုကို ထုတ်လုပ်တတ်ပါတယ်။
ဘယ်နေရာမှာ မဆို တစ်နေရာမှ တစ်နေရာ ကူးပြောင်းရန် အတွက် ခုန်ရာတွင် အကြောင်းတစ်စုံတစ်ရာကြောင့် တစ်ခုခုဖြစ်ခဲ့လျှင် ၄င်းတို့သည် ကိုယ့်ကိုယ့်ကို ကာကွယ်ရန်အတွက် ထိုအမျှင်ကို ထုတ်လုပ်ပြီးမှ ကူးပြောင်းခြင်းဖြစ်သည်။
ထို့နောက် ကူးပြောင်းရန်အတွက် ခုန်ခြင်းမှာ အောင်မြင်သွားပါလျှင် ထိုအမျှင်များကို ပြန်လည် သိမ်းယူ သွားကြပါတယ်။ သားကောင် ဖမ်းယူရန် အတွက်လည်း ထိုအမျှင်များကို အသုံးချတတ်ပါသည်။
အချို့သော ပင်ကူမျိုးစိတ်များကို ၄င်းတို့ ကိုယ်တိုင် သားကောင်ဆီကို လာရောက်တိုက်ခိုက် ဖမ်းယူပြီး ၄င်းတို့အမျှင်များဖြင့် တည်ဆောက်ထားသည့် အသိုက် ( ပင့်ကူအိမ် ) သို့ ယူဆောင်သွားတတ်ပြီး ပင့်ကူအိမ်၏ အလယ်မှာ ထား ထားတက်ကြပါတယ်။
အချို့သော Jumping spiders များသည် သင်ယူခြင်း ၊ မှတ်သားထားနိုင်ခြင်း ၊ အရောင်များကို မှတ်မိစေခြင်း နှင့် အမဲလိုက်သောအခါ လိုက်လျောညီထွေမှု့ ရှိကြောင်းကို စမ်းသပ်ချက်တွေအရ သိရပါတယ်။
Jumping spider များသည် ယေဘုယျအားဖြင့် အသားစားအကောင်များ ဖြစ်ကြပေမဲ့လည်း မျိုးစိတ်အများစုသည် အရည် (သို့) ၀တ်ရည် သည်လည်း ၄င်းတို့ စားသုံးရန် အစာထဲတွင် ပါဝင်သည်။
မျိုးစိတ်တစ်ခုဖြစ်သော Bagheera kiplingi ပင့်ကူသည် အဓိကအားဖြင့် အပင်ပေါ်တွင်ရှိသော အရာများကို စားသုံးသည်။
သားကောင် ဖမ်းယူတဲ့အခါမှာလည်း အလွန်ပင် လျှင်မြန်လွန်းလှပါတယ်။
အချိန်အနည်းငယ်အတွင်းမှာ သူ၏ သားကောင်ဆီသို့ အလျှင်အမြန်ရောက်ရှိပြီး မြန်ဆန်စွာ သားကောင်ကို ကိုက်ယူထားမှု့ကြောင့် သားကောင်မှာ ၄င်းကို ပြန်လည်တိုက်ခိုက်နိုင်ရန် အချိန်မှာ အလွန်နည်းလှပါတယ်။
Jumping Spider များသည် ၄င်းတို့ထက် အရွယ်အစား ကြီးမားသော သတ္တ၀ါ များကိုပင် သားပင်ကောင် အဖြစ် ဖမ်းယူ စားသောက်တတ်
ပါသည်။ ( ဇ ကတော့ ..... မသေးးဘူးး )
Jumping Spider များ၏ အရွယ်အစားမှာ ကြီးမားမှု့ မရှိပါ သေးငယ်ကြပါသည်။ အရွယ် အစား အားဖြင့် ခန့်မှန်းခြေ ၁ ကနေ ၂၂ မီလီမီတာ အတွင်းသာ ရှိသည်။
၎င်းတို့သည် နေ့ဘက်တွင်သာ အမဲလိုက်ခြင်းကို ဆောင်ရွက်ကြပါတယ် ။
အပူပိုင်းသစ်တောထဲမှာ အမျိုးအမျိုးသော spider မျိုးစိတ်တွေ၏ အလေ့အကျင့်များကို အမျိုးအစားအလိုက် တွေ့ရှိကြရပါသည်။
တတိယပိုင်းမျှော်
ကျွန်တော် တင်ပြသော အကြောင်းအရာသည် အမှားတစ်စုံတစ်ရာ ပါရှိခဲ့ပါက ကျွန်တော်၏ လေ့လာမှုအားနည်းခြင်းကြောင့်သာဖြစ်သောကြောင့် နားလည်ခွင့်လွှတ်ပေးပါရန် တောင်းပန်အပ်ပါသည်။
အားလုံးကို ကျေးဇူးတင်ပါတယ် ........