သမင်နှင့်တူပြီး အပြေးမြန်သော တောဆိတ်မျိုး ( Saiga anelope )
သိပ္ပံအမည်ကတော့ Saiga tatarica ဖြစ်ပါတယ်။
Saiga tatarica များ၏ သက်တမ်းသည် ၆နှစ် မှ ၁၀ နှစ်အထက်ထိ အသက်ရှင်သန်နိုင်သည်။
Saiga tatarica များကို အာရှ နှင့် ဥရောပ အရှေ့တောင်ပိုင်း Russia , Uzbekistan , Kazakhstan , Turkmenistan နှင့် Mongolia နိုင်ငံများတွင် တွေ့ရှိနိုင်သည်။
သို့သော် Mongolia နိုင်ငံတွင် တွေ့ရှိရသော Mongolia Saiga ကို Saiga tatarica အဖြစ်သတ်မှတ်ပါသည်။
အချို့ကလည်း သတ်မှတ်ချင်မှ သတ်မှတ်မည်။
Saiga tatarica အထီးများ၏ ခန္ဓာကိုယ် အလျားသည် ဦးခေါင်းမှ ခန္ဓာကိုယ်ထိ ၁၂၃ မှ ၁၄၆ cm အတွင်းရှိပြီးတော့ အမများ၏ ခန္ဓာကိုယ် အလျားသည် ၁၀၈ မှ ၁၂၅ cm အတွင်းရှိသည်။
Saiga tatarica အထီးများသည် ၇၉ cm ထိ မြင့်ပြီး အမများသည် ၇၃ cm ထိသာ မြင့်သည်။
အလေးချိန်တိုင်းတာချက်များတွင် Saiga tatarica အထီးများသည် 32 kg နှင့် 51kg အတွင်း ရှိတတ်ပြီး အမများသည် 21 kg နှင့် 41kg အတွင်း ရှိတတ်သည်။
Saiga tatarica များ၏ ထူးခြားချက်ကတော့ သူတို့ ၏ နှာခေါင်း ( နှာမောင်း ) များပင်ဖြစ်ပါသည်။
၎င်းတို့၏ ခန္ဓာကိုယ်သည် သမင်(သို့) ဆိတ်နှင့် ပုံစံတူညီပြီး နှာခေါင်းကို နှာမောင်းဖြင့် ဖွဲ့စည်းထားသောကြောင့် လူကြိုက်များသော သတ္တ၀ါထဲတွင် ပါဝင်ပေသည်။
နှာခေါင်းများသည် ရှည်လျားသည့်အတွက် ၄င်းတို၏ နူတ်ခမ်း အထက်ပိုင်းထိ နှာမောင်းများကို မတင်နိုင်သည်။
ဒါကြောင့် Saiga tatarica များ၏ မျက်နှာပုံစံသည် သင်းခွေကြပ်နှင့် ပုံစံ ဆင်နေသည်။
၎င်းတို၏ ခန္ဓိာကိုယ်သည် အလွန်ပင် ကြံခိုင်သန်မာလှပါသည်။
Saiga tatarica များ၏ ခြေချောင်းများသည် အလွန်ပင်သေးသွယ်ပြီး သိုးများ၏ ခြေချောင်းပုံစံနှင့် ခပ်ဆင်ဆင် တူပါသည်။
ခန္ဓာကိုယ်တစ်ခုလုံးကို ကြမ်းတမ်းသော အမွှေးကြမ်းများဖြင့် ဖုံးအုပ်ထားပြီးတော့ အရောင်မှာလည်း အုန်းခွံရောင် (သို့) သဲံ များ၏ အရောင်နှင့် တူပါသည်။
ထူးခြားသည်မှာ သဲနှင့်တူသော အရောင်မှာ နွေရာသီတွင် ဖြစ်တတ်ပြီး ဆောင်းရာသီမှာတော့ ၄င်းတို့၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အဖြူရောင်အဖြစ်ပြောင်းလဲသွားကြပေသည်။
ဆောင်းရာသီတွင် ၄င်းတို့ ခန္ဓာကိုယ်ပေါ်ရှိ အမွှေးများသည် နွေရာသီတွင် ရှိသည်ထက် ပို ရှည်ပါသည်။
Saiga tatarica များ၏ အမြီးသည် 6cm မှ 13cm ထိ ရှည်လျားပါသည့်အတွက် ဆိတ်တစ်ကောင်၏ အမြီးနှင့် တူပါသည်။
Saiga tatarica များ၏ ဦးချိုများတွင် အရစ်ဝိုင်းလေးများ ပါရှိသည်။
ဦးချို၏ ပုံစံ နှင့် အရောင်များသည် သူတို့ ၏ မျိုးစိတ်များနှင့် သက်ဆိုင်ပါသည်။
ဦးချို များသည် သေးငယ်နိုင်သလို ကြီးမားသော ဦးချိုများလည်း ရှိနိုင်ပြီး ဦးချိုများ ဖြောင့်တန်းရာမှ အနည်းကွေးသွားကြသည်။
Saiga tatarica များသည် နေ့အချိန်တွင် ကျင်လည်ကျက်စားတတ်ပီး နေ့ခင်းအချိန်မှာလည်း အနားယူတတ်ကြပေသည်။
၎င်းတို့သည် အလွန်ဝေးကွာသော နေရာများသို့ မရပ်မနား သွားနိုင်ပေသည်။