https://steemit.com/myanmar/@suhlaing/asangeyappaty-aem-03f358db374a7
https://steemit.com/myanmar/@suhlaing/asangeyappaty-aem-2-a9490b46ab631
https://steemit.com/myanmar/@suhlaing/asangeyappaty-aem-8ef4cd60ca2f
https://steemit.com/myanmar/@suhlaing/asangeyappaty-aem-7fbc908e0990d
https://steemit.com/myanmar/@suhlaing/asangeyappaty-aem-5-cdc16bf4a4bd8
အလုပ်လုပ်ရတာ မလွန်းစိတ်ထဲ တမျိုးဖြစ်နေသည်။ ညဘက် ၉နာရီကျော်ခန့်တွင် မလွန်းထံ အမြဲလာနေသော ဖောက်သည် တစ်ဦးကြောင့် ဖြစ်ပါသည်။ လူ ပုံက ပိန်ပါးပါး အသားအရည်က အနီဘက်သန်းသော အဖြူရောင်။ ဘိုကေကို ပြောင်နေအောင်သကာ ခေါင်းလိမ်းဆီဖြင့် လိမ်းထားသောကြောင့် ပြောင်လက်နေသည်။ ရှုးဖိနပ် အဖြူရောင် စီးကာ ရှပ်အကျိင်္နှင့် စတိုင်ဘောင်းဘီကို ဝတ်ဆင်လာတက်သည်။ အသက်အားဖြင့်တော့ ၃၀ကျော်ခန့် ရှိမည်။ မလွန်းဆီ လာနေတာ ၁၀ရက်ကျော်ခန့် ရှိပြီ။ တခြားဧည့်သည်များရှိနေလျှင်လည်း မလွန်းကိုသာ စောင့်၍ အနှိပ်ခံတက်သည်။ ထို့ကြောင့် တစ်ဆိုင်လုံးက တီးတိုး စနောက်နေကျပြီ။
၉ နာရီထိုးခါနီးလာတော့ မလွန်း ရင်တွေ ခုန်လာသလို။ မျှော်လင့်နေမိတာ မဟုတ်ပေမဲ့ ထိုသူ၏ မျက်ဝန်းတွေက မလွန်းအပေါ် နွေးထွေးလွန်းလှသည်။ သူ့အပြုံးကလည်း အေးချမ်းလွန်းသည်ဟု မလွန်းထင်သည်။ တခြားအမျိုးသားများလို သောက်စားမလာဘဲ ရေချိုးထားပြီးစ လက်ဆက်သော ရနံ့မွှေးမွှေးက မလွန်းကို ဆွဲဆောင်နေသည်။ မလွန်း ဧည့်သည် ဟူသော အသံကြောင့် အတွေးစတို့ ပျက်တောက်သွားခဲ့ပြီ။ သူ မဟုတ်ပါလား ဆိုတဲ့ အသိကြောင့် ရင်ထဲက ဟာတာတာ။ ၂နာရီ ဆက်တိုက် မလွန်း ဝင်ခဲ့ပြီးနောက် ည ၁၁ကျော်သွားသော်လည်း ထိုသူက ရောက်မလာသောအခါ မလွန်း ရင်မှာ ဟာတာတာ။
မနေ့ညက ည ၂နာရီကျော် အထိ အလုပ်ဆင်းခဲ့ရသောကြောင့် ဒီ မနက်တော့ မလွန်း အိပ်ယာထ နောက်ကျသည်။ မနော်ထူးက မလွန်းရေ ဧည့်သည်ဆိုတော့ ရေချိုးရင်းတန်းလမ်းနှင့် ခဏစောင့်စေပြီး အမြန်အဝတ်လဲလိုက်သည်။ ဒီအချိန်ကြီး ဘယ်သူများပါလိမ့်လို့ တွေးပြီး ဆိုင်ရှေ့ထွက်လာတော့ ဆိုင်ရှင်လောပန်းနှင့် စကားလက်ဆုံကျသော ထိုသူကို မလွန်းတွေ့လိုက်ရသည်။ လောပန်းမှ ပြုံးချိုစွာဖြင့် ထိုသူသည် တရုတ်ပြည် နယ်စပ်တွင် နေထိုင်သော တရုပ်အမျိုးသားဖြစ်ကြောင်းနှင့် ခြံမြေများစွာကို ပိုင်ဆိုင်သော မြေရှင် သူဌေးဖြစ်ကြောင်း အိမ်ထောင်မရှိသော လူပျိုကြီးဖြစ်ကြောင်း နှင့် အိမ်သူသက်ထားလိုချင်ကြောင်း မလွန်းကို လီဆူ ဘာသာစကားဖြင့်ရှင်းပြလိုက် ထိုလူကို တရုတ်ဘာသာစကားဖြင့် ပြောပြလိုက်နှင့် အလုပ်များနေပါတော့သည်။ တရုတ်လို လုံးစေ့ပတ်စေ့နားမလည်သော်လည်း အဆင်ပြေစေကြောင်း ပြောနေဟန်ရှိပါသည်။ မလွန်းကိုလည်း ထိုလူသည် ဘယ်လောက်သဘောထားပြည့်ဝကြောင်းနှင့် ဆွေကြီးမျိုးကြီးထဲက ဖြစ်ကြောင်း ပြောဆိုပါသည်။