https://steemit.com/myanmar/@suhlaing/asangeyappaty-aem-03f358db374a7
https://steemit.com/myanmar/@suhlaing/asangeyappaty-aem-2-a9490b46ab631
https://steemit.com/myanmar/@suhlaing/asangeyappaty-aem-8ef4cd60ca2f
https://steemit.com/myanmar/@suhlaing/asangeyappaty-aem-7fbc908e0990d
https://steemit.com/myanmar/@suhlaing/asangeyappaty-aem-5-cdc16bf4a4bd8
https://steemit.com/myanmar/@suhlaing/asangeyappaty-aem-6-1f639b0c9dfb3
https://steemit.com/myanmar/@suhlaing/asangeyappaty-aem-7-ad8eccc034d
ထိုနေ့က မလွန်း ထိုသူ့ကို အဖြေပေးပြီး အပြင်ထွက်လည်ရန် ချိန်းဆိုထားကျသည်။ မနက်စောစော အလှတွေပြင်ပြီး ထိုလူ လာအခေါ်ကို မလွန်း စောင့်နေမိသည်။ မြို့ထဲ အေးချမ်းသည့် ဆိုင်လေးတွင် ထိုင်ကာ စကားပြောကျရန်နှင့် ဈေးဝယ်ထွက်ရန် သဘောတူထားသည်။ ခဏနေတော့ ထိုသူရောက်လာကာ မလွန်းတို့ အပြင်ထွက်လည်ကျသည်။ ထိုသူ၏ ကားလေးဖြင့် မလွန်းတို့ ဈေးဘက်ကို အရင်သွားကျသည်။ စတိုးဆိုင်ကြီးတစ်ခုဆီဝင်၍ မလွန်းအတွက် အဝတ်အစားနှင့် လိုအပ်သော အသုံးအဆောင်များကို ထိုသူမှ ဝယ်ပေးပါသည်။
ထိုသူ့အတွက်လည်း မလွန်းမှ အကျီင်္ပြန်ဝယ်ပေးရာ အတင်းငြင်းနေသဖြင့် ဇွတ်ပေးရသည်။ မလွန်းလည်း ချစ်သက်လက်ဆောင်အဖြစ် ချစ်သူကို အမှတ်တရပေးချင်သည်လေ။ ဈေးဝယ်ပြီးတော့ မလွန်းတို့ ဆိုင်တစ်ဆိုင်တွင် ထိုင်ဖြစ်ကျသည်။ မလွန်း စားချင်တာများကို မှာပေးပြီး ယုယုယယနှင့် ဦးစားပေးတက်သော ထိုသူ့ကို မလွန်း အချစ်ပိုခဲ့ရပြီ။ မလွန်းသည် ချစ်သူထားရှိပြီဆိုထဲက တစ်ဘဝလုံးစာအဖြစ် လက်တွဲဖို့ ရည်စူးထားခဲ့ပြီး ဖြစ်သည်။ ချစ်သူလက်ကိုတွဲခိုပြီး လျှောက်လှမ်းခဲ့ရသော ထိုရက်များသည် မလွန်းအတွက် အပျော်ရွှင်ဆုံး ဖြစ်ခဲ့ပါသည်။
သည်လိုနှင့် မလွန်းတို့ အလုပ်လုပ်လာတာ ၃လပင်ပြည့်ခဲ့ပါပြီ။ မလွန်း မိသားစုကိုလည်း လွမ်းလှပြီ။ ရွာပြန်ပြီး စုဆောင်းထားသော ငွေလေးနှင့် မလွန်း ချစ်သူအကြောင်း အမေ့ကို ပြောပြချင်လှပြီ။ ဆိုင်ရှင်ထံခွင့်တောင်းကြည့်ရာ ဧည့်သည် အဝင်များသဖြင့် နောက် ၁၀ရက်ခန့် စောင့်ပါအုံးဟု တောင်းပန်သဖြင့် အားနာတက်သော မလွန်း ခေါင်းညိမ့်ခဲ့ရသည်။ ဟုတ်လည်း ဟုတ်ပါသည်လေ။ ယခုရက်ပိုင်း ဧည့် အဝင်များသည် မဟုတ်ပါလား။ တနေ့က လာသော ဧည့်သည်ကြီးက မလွန်းကို ဘောက်ဆူး နစ်နစ်လေး ပေးထားသည်။ နောက် ၁၀ရက်စောင့်လည်း နစ်နာစရာရမရှိပါဘူးလေဟု မလွန်း ဖြေတွေးတွေးလိုက်ပါသည်။