ပုံပြင်ပြောတော့မယ်ဆိုတော့ ကျမလည်း ပြောရမဲ့ပုံပြင်လေးတွေ ရှာရပါတယ်။ ပုံပြင်ဆိုတော့ ရှေးလူတွေကနေ အဆင့်ဆင့်လက်ဆင့်ကမ်းသယ်လာကျတာရှိသလို ပုံပြင်ရေးသူတွေကနေ တီထွင်ထားတဲ့ ပုံပြင်လေးတွေလည်း ရှိပါတယ်။ ရှေးတုန်းက ပုံပြင်ဘဲ ဖြစ်ဖြစ် ခုခေတ် ပုံပြောသူတွေတီထွင်ထားတဲ့ ပုံပြင်တွေဘဲ ဖြစ်ဖြစ် ပုံပြင်တွေကို တခါတုန်းက ဒါမှ မဟုတ်ရင် ဟိုးရှေးရှေးတုန်းကလို့ စလေ့ရှိကျပါတယ်။ ပုံပြင်တစ်ပုဒ်တိုင်းဆီမှာ ပုံပြောသူက ပေးချင်တဲ့ messageလေးတွေ ရှိပါတယ်။ ဒါကို မြင်အောင်ဖတ်နိုင်မှတ်နိုင်မှ ပုံပြင်ဖတ်ရကျိုး နပ်ပါတယ်။ ကျမလည်း ဘယ်လိုပုံပြင်လေးတွေ ပြောပြရမယ်ဆိုတာ မသိဖြစ်နေတာနဲ့ you tubeကနေ ကြည့်ဖြစ်တဲ့ စိတ်ဓာတ်တည်ကြည်ခိုင်မာတဲ့ သံဖြူ စစ်သားရုပ်လေးအကြောင်းကို ပြောပြချင်ပါတယ်။ အလုံးစုံ လုံးစေ့ပတ်စေ့ရေးနေရင် ကော်ဖီနဲ့ မလွတ်မှာကြောင့် reviewအနေနဲ့ဘဲ ရေးပါ့မယ်။ ပုံပြင်လေးရဲ့ မူရင်းလင့်ကို အောက်မှာ ဖော်ပြထားပြီး ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
ဒီပုံပြင်လေးဟာ ရှေးသိပ်မကျသေးတဲ့ ပုံပြင်လေးဖြစ်ပါတယ်။ မော်နှုးဆိုတဲ့ ကောင်လေးဟာ အဆော့မတ်တဲ့ ကလေးဖြစ်ပြီး သူ့မှာ အရုပ်တွေ အစုံရှိသတဲ့။ တနေ့တော့ ဈေးကနေ မော်နှုးရဲ့ အမေဟာ စစ်သားရုပ်လေးတွေ ၁၀၀ပါတဲ့ အရုပ်ဗူးလေးကို ဝယ်လာပြီး မော်နှုးကို လက်ဆောင်ပေးလိုက်သတဲ့။ မော်နှုးဟာ အလွန်ပျော်ရွှင်သွားပြီး အရုပ်တွေနဲ့ ဆော့တဲ့အခါ စစ်သားရုပ်လေးတစ်ရုပ်ဟာ ခြေတစ်ဖက် ပျက်နေတာကို သတိပြုမိတာကြောင့် သူဟာ အဲ့ဒီအရုပ်လေးကို တင်းလို့ နာမည်ပေးပြီး သူ့ အရုပ်တွေကို စောင့်ကြည့်ဖို့ ကပ္ပတိန်ခန့်လိုက်တယ်။ ညအချိန်ရောက်ရင် အရုပ်လေးတွေဟာ အချင်းချင်းစကားပြောကျတယ်။ ကစားကျတယ်။ ဒါနဲ့ စစ်သားရုပ်လေးဟာ ဘဲလေး ကခြေသည်ရုပ်လေးကို မြင်မြင်ချင်း ချစ်မိသွားပါတယ်။
သံဖြူ စစ်သားရုပ်လေးဟာ လင်းပိုင်ကြီးဆီကနေ ထရီဇာ့ အကြောင်းကို သိရှိသွားပါတယ်။ ထရီဇာ့ဆီကို ချဉ်းကပ်သွားပြီးတော့ ခင်မင်မှု ရယူပါတော့တယ်။ ထရီဇာနဲ့ ကပ္ပတိန်တင်းဟာ တစ်ညလုံး စကားတွေ ပြောလိုက်ရယ်မောလိုက်နဲ့ ပျော်ရွှင်နေခဲ့ကျပါတယ်။ မနက်မိုးလင်းတော့ မော်နှုးဟာ သူ့ သူငယ်ချင်းတစ်ယောက်ကို ခေါ်လာပြီး အရုပ်တွေ ထားတဲ့ အခန်းထဲကို ခေါ်လာပါတယ်။ မော်နှုးဟာ သူထားတဲ့ နေရာမှာ စစ်သားရုပ်လေးမရှိတာကြောင့် သူ့ အမေဆီ သွားမေးနေတဲ့ အချိန်မှာ သူ့သူငယ်ချင်းဟာ ဘဲလေးရုပ်နားက စစ်သားရုပ်လေးကို တွေ့သွားပါတယ်။ သူဟာ စစ်သားရုပ်လေးကို ခြေတစ်ဖက်ကျိုးနေတယ်ဆိုပြီး စက္ကူ လှေလေးနဲ့ ရေမြောင်းထဲကနေတဆင့် ပင်လယ်ထဲ မျောပစ်ခဲ့ပါတယ်။ စစ်သားရုပ်လေးဟာ ပင်လယ်ထဲကို နစ်သွားပေမဲ့ ဇွဲမလျော့ခဲ့ပါဘူး။ ခုန်ဆွ ခုန်ဆွ လုပ်နေတဲ့ အချိန်မှာ ငါးကြီးတစ်ကောင်က သူ့အစာထင်ပြီး စားသွားပါတယ်။ ငါးကြီးဟာ ရေပေါ်တက်သွားတဲ့အချိန်မှာ စားဖိုမှူးတစ်ဦးရဲ့ ငါးမျှားချိတ်မှာ မိသွားတော့တာပေါ့။ အဲ့ဒီ စားဖိုမှူးကြီးဟာ ချက်ပြုတ်ဖို့အတွက် ငါးကြီးကို ခုတ်ပိုင်းလိုက်တဲ့အချိန်မှာ ငါးကြီးရဲ့ ဗိုက်ထဲကနေ စစ်သားရုပ်လေးထွက်လာပါတယ်။ အဲ့ဒီစားဖိုမှူးကြီးကတော့ မော်နှုးတို့ အိမ်ကဖြစ်ပြီး နောက်ဆုံး မော်နှုးဆီ စစ်သားရုပ်လေးက ပြန်ရောက်သွားပါတယ်။
ဒါပေမဲ့ ကံဆိုးချင်တော့ ကပ္ပတိန်တင်းနဲ့ ထရေဇာတို့ရဲ့ အချစ်ဇာတ်လမ်းဟာ မီးလောင်ခြင်းနဲ့ ဇာတ်သိမ်းခဲ့ရပါတယ်။ မီးလောင်သွားပြီး ကျန်ခဲ့တဲ့ သူတို့ရဲ့ အသည်းလေးတွေကိုတော့ မော်နှုးက အမှတ်တရအဖြစ်နဲ့ သိမ်းထားခဲ့ပါတယ်။ ပုံပြင်လေးကတော့ ဒါပါဘဲကွယ်။ ဒီ ပုံပြင်လေးမှာ ရလိုက်တဲ့ သင်ခန်းစာကတော့ ခြေတစ်ဖက်မရှိပေမဲ့ သိမ်ငယ်ခြင်းမရှိဘဲ ရောက်တဲ့နေရာမှာ တာဝန်ကျေပွန်တဲ့စစ်သားလေးရဲ့စိတ်ဓာတ်နဲ့ ဇွဲရှိပုံဟာ အတုယူထိုက်ပါတယ်။ ဒုက္ခရဲ့ရင်ဆိုင်ရတဲ့အခါမှာလည်း စိတ်ပျက်ခြင်းမရှိဘဲ လွတ်မြောက်ဖို့ နည်းလမ်းကို ရှာကြံတက်တဲ့ စစ်သားလေးရဲ့ စိတ်ဓာတ်ဟာ အတုယူစရာပါ။ ဒါကြောင့် ကျမတို့လည်း ဒီပုံပြင်လေးထဲက စစ်သားလေးရဲ့စိတ်ဓာတ်လို ကြံ့ခိုင်သန်မာအောင် မွေးမြူ ရင်းSteem ဈေးကျပေမဲ့လည်း စာတွေဆက်ရေးကျပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။