ရေးလက်စ ဝတ္တုရှည်လေးကို ဖြတ်ပြီး ဒီနေ့တော့ မှတ်သားခဲ့ရတဲ့ မြန်မာတွေအကြောင်းလေးကို ပြောပြချင်ပါတယ်။ အားလုံး သိကျတဲ့ အတိုင်း မြန်မာစာ မြန်မာစကားဟာ နည်းနည်းတော့ရှုပ်ပါတယ်။ အဓိပ္ပါယ်တူတဲ့ စကားတစ်ခွန်းကိုတောင် လေသံအမျိုးမျိုး နေရာဒေသအမျိုးမျိုး ပြောတာနဲ့ အဓိပ္ပါယ်ဟာ ကွဲလွဲသယောင်ဖြစ်တက်ပါတယ်။ ထို့အတူပါဘဲ အဓိပ္ပါယ်တူတဲ့ စကားတစ်ခွန်းကို သုံးလေးမျိုး ပြောင်းသုံးပြီးလည်း ပြောကျပါတယ်။ ဥပမာဆိုကျပါစို့။ ရေတိုးတယ် ရေတက်တယ် ရေမြင့်တယ် စသည်ဖြင့်ပေါ့။ အဓိပ္ပါယ်က အတူတူပါဘဲ။ ဒီနေ့တော့ စကားတွေနဲ့ ပတ်သက်လို့ ပြောချင်တာပါ။ ဒီလိုပြောတဲ့နေရာမှာ စာအုပ်တွေကို ကိုးကားပြီး ပြောရပါတယ်။ ကျမ ကိုးကားတဲ့ စာအုပ်ကတော့ ပညာရေးဝန်ကြီးဌာနက ပုံနှိပ်ထုတ်ဝေတဲ့ မြန်မာအဘိဓာန် စာအုပ်မှ ကောက်နုတ်ဖော်ပြပေးခြင်းဖြစ်ပါတယ်။
ရှေးမြန်မာတွေဟာ စကားပြောဆိုရာမှာ လိုက်နာရမဲ့ အချက်တွေအပြင် စကားလိမ် စကားထာ စကားပုံများကိုလည်း ထားခဲ့ကျပါတယ်။ ဒီဘက်ခေတ်မှာ ကျမအပါအဝင် လူတော်တော်များများဟာ ဒီ သုံးမျိုးကို အတူတူလိုလို မသဲမကွဲဖြစ်ကျပါတယ်။ မှားလည်းမှားတက်ကျပါတယ်။ ကျမလည်း ဒီစာအုပ် မဖတ်ခင်အထိ အမှားတစ်ခုကို လက်ကိုင်ထားခဲ့ပါတယ်။ ဒါဟာ စာအုပ်တိုင်းကို စေ့စပ်သေချာစွာ မဖတ်ခြင်းရဲ့ ရလာဒ်တစ်ခုပါ။ အရင်ဆုံး စကားလိမ်ကို စ ပြောပါမယ်။ စကားလိမ်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကတော့ ကာရန်ကို ရှေ့နောက်ပြောင်းပြန်လုပ်ပြီး ပြောတဲ့စကားပါ။ ဥပမာကတော့ နိမှသောင် နောင်မှသိ ။ ငို့ဘ ငါ့ဖို့ စသည်ဖြင့် ပြောင်းပြန်ပြောဆိုတာကို စကားလိမ်လို့ ခေါ်ပါသတဲ့။
နောက်တစ်ခုကတော့ စကားထာပါဘဲ။ စကားထာရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကတော့ အဓိပ္ပါယ်ကိုမြှပ်ထားသော ဥာဏ်စမ်းပဟေဋ္ဌိဖြစ်ပါတယ်။ ဥပမာ သွားတော့ ခွေခွေ နေတော့စင်းစင်း။ သူ့ကို ရိုက်တော့ ချာချာလည် ကြိုးကိုဆွဲပြီး ငိုရှာတယ်။ ချုံကြားထဲက မင်းကုသ ခေါင်းပေါင်းစနှင့် ထ။ စသည်ဖြင့် စကားထာဝှက်ကျပါတယ်။ ဝှက်သူက ဝှက်ပြီး ကျန်လူများက အဖြေမှန်ကို ပြောကျရပါတယ်။ ဒါကို စကားထာလို့ ခေါ်ပါတယ်။ နောက်တစ်ခုက စကားပုံ ဖြစ်ပါတယ်။ စကားပုံရဲ့ အဓိပ္ပါယ်ကတော့ လူအများ ဆင်ခြင်မှတ်သားဖွယ်ဖြစ်အောင် စံပြုပုံခိုင်းပြောဆိုလေ့ရှိသော ထိရောက်ကျစ်လစ်ပြေပြစ်သည့် စကားဖြစ်ပါတယ်။ ကြည့်တက်မှမြင် ဆေးတက်မှစင်။ အဖျားတက် အမှည့်ရနိုးနိုး။ စသည်ဖြင့် မှတ်သားဖွယ်ရာ စကားစုတွေဟာ စကားပုံ ဖြစ်ပါတယ်။ ကျမ မှတ်သားမိသလောက် တင်ပြပေးလိုက်ပါတယ်။ မှတ်သားနိုင်ကျပါစေ။
စကားလိမ်
နိမှသောင်- နောင်မှသိ
စကားထာ
ခြေနဲ့မသွား လက်နဲ့သွား
လက်ရာမထင် ခြေရာထင်
စကားပုံ
ထောင်တန်တဲ့စကား ရယ်ပေါ့
ရွှင်လန်းချမ်းမြေ့ကျပါစေ.,
ကျမ်းကိုး- မြန်မာ အဘိဓာန်