ငယ်ဘဝအကြောင်းလေး လွမ်းနောင်တ ရမိပါတယ်။
ကျောင်းသွားမယ်ဆိုရင် မိဘတွေဆီက မုန့်ဖိုးလေး လက်ဖြန့်တောင်းတယ်။
မောင်လေးနဲ့ မျှသုံးနော်ဆိုရင် ကိုယ်က ဗိုလ်ကျတက်သေးတာ။ မိဘတွေ ဘယ်လိုပိုက်ဆံရှာရလည်း သူများသားသမီးနဲ့ယှဉ်ရင် မသာတောင်မှ တန်းတူထားနိုင်အောင် ဘယ်လိုကြိုးစားကျလည်း မတွေးတက်တဲ့ ဆယ်ကျော်သက်ဘဝ။
မောမောပန်းပန်းနဲ့ အလုပ်က ပြန်လာတဲ့ ဖခင်ကို ပြေးကြိုရမှန်းမသိခဲ့ဘူး။
မီးဖိုချောင်ထဲ ထမင်းဟင်း ချက်နေတဲ့ မိခင်ကို အိမ်မှုကိစ္စ ကူလုပ်ပေးရကောင်းမှန်း မသိခဲ့ဘူး။
မိဘတွေဆိုတာကလည်း ကိုယ်မွေးထားတဲ့ သားသမီးလေးတွေကို မခိုင်းရက် မစေရက်။ သူတို့သာ ပင်ပန်းပါစေ။ စာကြိုးစားရင် ကျေနပ်လို့။
credit image source
ဧည့်သည်များလာရင် ပညာကလွဲပြီး အလိုက်တသိမရှိတဲ့ သားသမီးတွေကို အမွန်းတင်ရတာ မဆုံး။ ဘယ်ကျောင်းမှာ ဘယ်year အမှတ် ဘယ်လောက်နဲ့ အောင်ခဲ့တာ။ ဘယ်လိုစာတော်တာ စသည်ဖြင့်။
လူမမြင်တဲ့ ကွယ်ရာမှာတော့ နားမလည်တက်တဲ့ သားသမီးတွေအတွက် ကျိတ်ငိုရင်းပေါ့။
ဒီ ဝဋ်ကြွေးတွေရှိခဲ့မယ်ဆိုရင် ကိုယ့်သားသမီးအလှည့်မှာ မလည်စေချင်ဘူး။ ဘာကြောင့်လည်းဆိုတော့ သူတို့လေးတွေကို ဝဋ်ထပ်မလည်စေချင်တဲ့ မိခင်တစ်ယောက်ရဲ့ နက်ရှိုင်းတဲ့ မေတ္တာမို့ပါ။ တခြားနည်းလမ်းနဲ့ဘဲ အကျေပေးဆပ်ပါရစေ။