ကျမတို့ သူငယ်ချင်းတစ်စုသည် ထို အမျိုးအမီးအကြောင်းကို ရှာဖွေစုံစမ်းမှုများစတင်ခဲ့ကျပါသည်။ ထို အမျိုးသမီး နာမည်မှာ ဟန်နီ ဟူ၍ ဖြစ်ပြီး ကျမ ဒယ်ဒီ၏ ကီပင်ဖြစ်ပေသည်။ ဒယ်ဒီ ဝယ်ထားပေးသော ကွန်ဒိုတိုက်ခန်းတစ်ခုတွင် နေထိုင်ပြီး ဒယ်ဒီသည် တပတ်လျှင် ၃ရက်ခန့် လျှို့စွာလာတက်ပေသည်။ ကျမတို့သည် ထို အမျိုးသမီး၏ တိုက်ခန်း အနီးတွင် ညပေါင်းများစွာ ချောင်းမြောင်းခြေရာခံခြင်း နီးစပ်ရာပတ်ဝန်းကျင်တွင် ငွေပေးစုံစမ်းမှုများပြုလုပ်ခဲ့ကျရာ ထို အမျိုးသမီး၏ အိမ်အဝင်အထွက်များကို မှတ်သားနိုင်ကျလေသည်။ ထို အမျိုးသမီးသည် တစ်ဦးတည်းနေထိုင်တာဖြစ်ပြီး လူအဝင်အထွက်မရှိသလောက်ပင်။ကျမတို့သည် ဒယ်ဒီလာတက်သော ရက်များကို မှတ်သားလေသည်။ ထိုအမျိုးးသမီးသည် အမြဲတမ်းသွားနေကျ clubတစ်ခုရှိပြီး ထိုclubတွင် စင်တင်အဆိုတော်လည်း လုပ်လေသည်။
သို့သော် ညတိုင်းတော့ မသွားပေ။ တပတ်မှ တစ်ရက်ခန့်သာ သွားတက်ပြီး ညနက်မှပင် အိမ်ပြန်တက်လေသည်။ ထိုသို့ သွားရာတွင် ဒယ်ဒီ၏ သက်တော်စောင့်များ များသောအားဖြင့် ပါတက်လေသည်။ တစ်ခါတစ်လေ ဒယ်ဒီ ပြည်ပခရီး ထွက်သော အချိန် သက်တော်စောင့်များ ဒယ်ဒီနှင့်အတူ ပါသွားသည့် အချိန်လောက်သာ ထို အမျိုးသမီးတစ်ယောက်တည်း သွားလာတက်လေသည်။ ဒယ်ဒီသည် ထို အမျိုးသမီးအား အတော်ချစ်ရှာသည်ထင်။ ကျမထက်ပင်ပို၍ ဂရုစိုက်ဟန်ရှိသည်။ မနာလိုစိတ်သည် ကျမ တစ်ကိုယ်လုံး ရုန်းကြွလာကာ ထို စိတ်ဖြင့် ပူလောင်လာရသည်။ ဒယ်ဒီ နှလုံးသားကို ထို အမျိုးသမီး ထုတ်ယူသွားသလို ကျမလည်း သူမ နှလုံးသားကို ပြန်လည် ထုတ်ယူချင်မိသည်။ ဒါမှ ထို အမျိုးသမီးအတွက် ဒဏ်ကြေးသည် ထိုက်တန်ပေလိမ့်မည်။
အခင်း ဖြစ်ပွားသည့် ညက ထိုအမျိုးသမီးသည် တစ်ယောက်တည်း clubတွင် သီချင်းဆို အပြီး အပြန်တွင်ဖြစ်သည်။ ကျမတို့လူစုသည် ပြိုင်ကားများနှင့်အတူ လူရှင်းသည့် ကန်စောင်းနေရာ ပတ်လမ်းတစ်ခုမှ စောင့်ဆိုင်းနေကျသည်။ ထိုလမ်းသည် ညဘက် လူသွားလူလာနည်းကာ ထို အမျိုးသမီး ပြန်နေကျလမ်းလည်းဖြစ်သည်။ ထို အမျိုးသမီး၏ ကားသည် ည ၁ နာရီကျော်တွင် ကျမတို့ ရှိရာလမ်းဆီသို့ဦးတည်ကာ ချိုးကွေ့လာလေသည်။ ကျမတို့ လူစုသည် ထို အမျိုးသမီး၏ ကားရှေ့မှ ပြိုင်ကာ ၂စီးဖြင့် ပိတ်ရပ်ကာ ကားမီးများကို သူမ ကားဆီသို့ အပြိုင်ထွန်းထားကျလေသည်။ ထိုညက ထိုအမျိုးသမီးလည်း အတော်လေး မူးနေဟန်ရှိသည်။ ကားထဲမှ ဟွန်းများအဆက်မပျက်ပေးနေသည်။ ကျမတို့သည် ကားပေါ်မှ ဆင်းကာ ထို အမျိုးသမီး၏ ကားဆီသို့ ပြိုင်တူ လျှောက်လှမ်းလာခဲ့ကျသည်။