နွေရဲ့ ဗီဇက အခုရက်ပိုင်း သိသာထင်ရှားလာပါသည်။ အအေးပိုင်းဒေသဖြစ်သော ကျမတို့ တောင်ပေါ်မြို့လေးပင် နေ့ဘက်သာမက ညပိုင်းတွေမှာပါ အပူဒဏ်ကို ခံစားနေရပါသည်။ နံနက်၂နာရီကျော်လောက်မှသာ အပူရှိန်ကျသွားပြီး အေးမြမြလေးနှင့် အိပ်ကောင်းသော အချိန်ဖြစ်ပါသည်။
ယခုလို ပူပြင်း ခြောက်သွေ့သော ရာသီတွင် အနေအထိုင် အစားအသောက်ကိုလည်း အထူးဆင်ခြင်ကျရန် လိုအပ်လှပေသည်။ နံနက် ၁၀နာရီနောက်ပိုင်းမှစ၍ ညနေ ၄နာရီအတွင်း ရေမချိုးသင့်ပေ။ နေပူထဲမှ ပြန်လာလာချင်း ရေချိုးခြင်း ခြေထောက်ဆေးခြင်း ရေခဲရေ သောက်ခြင်းများကိုလည်း ရှောင်ကြဉ်သင့်လှပေသည်။ ပူအိုက်သော ရာသီဖြစ်ပေမဲ့လည်း မနက်ပိုင်းတွင် အအေးဓာတ်ခံကလည်း ရှိသေးတာမို့ အပူအအေး အထူးဂရုစိုက်သင့်လှပါသည်။
credit image source
ယခုရာသီတွင် ကလေးသူငယ်များအတွက် အဖြစ်များသော ရောဂါမှာ ရေခဲစိမ်အအေးဗူး အချိုရည်ဗူးများ အသောက်များသောကြောင့် အာသီးရောင်ခြင်းကြောင့် ကိုယ်အပူရှိန်တက်ခြင်း အအေး မိခြင်း အချိုများသော အစားအစာများ အစားများသောကြောင့် ချွဲကြပ်ခြင်းများ ဖြစ်တက်ပါသည်။ မိဘများအနေဖြင့် အထူးဂရုစိုက်ရန် လိုအပ်လှပါကြောင်းနှင့် ကျန်းမာရေး အထူးဂရုစိုက်ကျပါရန် ရေးသားအပ်ပါသည်။