မိုးကုတ်မြို့နဲ့ ပတ်သက်ပြီး ကျမ စိတ်ဝင်စားခဲ့တာ ကြာပါပြီ။ သာယာလှပတဲ့ ရှု့ခင်းရှု့ကွက်တွေနဲ့ အဖိုးတန် မြန်မာ့ ပတ္တမြား ထွက်ရှိရာ ပတ္တမြားမြေအဖြစ် သိရှိသူ များလှပါတယ်။ ကြားဖူးသူတိုင်း မရောက်ဖူးကျတာတော့ မသေချာပါတယ်။ ဗန်းမော်ကနေ မန္တလေးသို့ ကားနဲ့ဆင်းတိုင်း မိုးကုတ်လမ်းခွဲရောက်ရင် ခပ်မတ်မတ်လေးမြင့်တက်သွားတဲ့ ကားလမ်းတလျှောက်ကို လှမ်းမျှော်ကြည့်ရင်း တနေ့တော့ ရောက်အောင်သွားအုံးမယ်လို့ တေးမှတ်ထားမိပါတယ်။ သို့သော် ယနေ့ အချိန်ထိ ရောက်အောင် မသွားနိုင်ခဲ့သေးပါ။
လမ်းပန်းဆက်သွယ်ရေးအရ လမ်းကြုံခြင်းမရှိဘဲ သီးသန့်သွားရောက်လည်ပတ်ရမည်ဖြစ်သောကြောင့်လည်း ပါပါသည်။ တောင်ကုန်းတောင်တန်းတွေ ပတ်လည် ဝိုင်းနေပြီးတော့ မြေနိမ့်ပိုင်း မြေ ပြန့်ပြန့်ထက်မှာ မြို့တည်ထားတာကိုတွေ့ရပါတယ်။ ကျမ အထင် တောင်ကြီးမြို့နဲ့ မြို့တည်ပုံ ဆင်တူတယ်လို့ မြင်မိပါတယ်။ နာမည်ကြီးအနုပညာရှင်များ စာရေးဆရာများ ပညာတက်များ ထွက်ပေါ်ရာ မိုးကုတ်မြေသည် ရေခံမြေခံလည်း ကောင်းပုံရပါသည်။ မိုးကုတ်သူမိုးကုတ်သားများသည် ဖော်ရွေပြူ ဌာပုံလည်း ရပါသည်။
ရှု့ခင်း ရှု့ကွက်တွေနဲ့ သာယာလှပပုံများ တောပန်းတောင်ပန်းတို့ရဲ့ ရနံ့များ ထုံမွမ်းနေတဲ့ မြန်မာ့ ပတ္တများမြေ မိုးကုတ်ဟာ လာမဲ့ မတ်လ ၂၉ ၃၀ ၃၁ရက်နေ့မှာ နှစ် (၈၀၀)ပြည့် ပွဲတော်ကြီးကို ၃ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပတော့မှာပါ။ အခါအခွင့်သင့်လို့ လည်ပတ်ခွင့် ရမယ်ဆိုရင်ဖြင့် သဘာဝအလှတရားများနဲ့ ပတ္တမြားမြေအလှကို တဝကြီးခံစားရင်းနဲ့ ဒေသထွက် အစားအစာများကို စားချင်ပါကြောင်း မိုးကုတ်မြို့ရဲ့ နှစ်(၈၀၀)ပြည့် ပွဲတော်ကို ကြိုဆို ဂုဏ်ပြု ရေးသားအပ်ပါသည်။