ရင်မှာစူးနစ် ချစ်တက်လေသူ
သစ္စာတွေထပ် မပျက်စေသား
ကျောက်တိုင်ပမာ ခိုင်မြဲစေဟု
ဆုထူးပန်ကာ မေတ္တာရစ်ခွေ
ချစ်ခဲ့လေသည်။
သစ္စာတော်ချိုး
သစ်စိမ်းချိုးလျှက် မေ့ကွက်ကိုရှာ
နင်းခြေရက်သူ ချစ်သူသည်လည်း
ထပ်တူကျမျှ သစ္စာရည်နှင့်
သွန်းလောင်းပေးမည်
အလွမ်းဆူးတွေ စူးစေသား။
msc 175
source