ဒီနေ့ စာရေးဖို့ အကြောင်းအရာလေးတွေ စဉ်းစားကြည့်တော့ ရေးနေကြပုံစံတွေက ဖတ်ရတဲ့သူတွေ ငြီးငွေ့နေကြမလားလို့ တွေးမိတယ်..။ ဒါကြောင့် မေးခွန်းလေးတွေ မေးကြည့်ချင်လာတယ်ဆိုပါတော့...။ ခါတိုင်းဆောင်းပါဆန်ဆန်ပို့စ်တွေလိုတော့ message တစ်ခုခု ပေးနိုင်မှာမဟုတ်ပေမယ့် …အပြောင်းအလဲလေးဖြစ်သွားအောင်ရယ်… မေးခွန်းလေးတွေ အပြန်အလှန်ဖြေပေးကြရင်း တစ်ယောက်အကြောင်းတစ်ယောက် ပိုမိုသိရှိလာနိုင်အောင်ရယ်ပေါ့…ဟိုးအရင် website တွေပေါ်ကစကတော့ စာဖတ်သူဆိုတာ စာဖတ်ရုံသက်သက်ပဲ လုပ်လို့ရတယ်မဟုတ်လား..။ ကွန်မန့်တွေရေးလို့မရခဲ့ဘူး ...တစ်နည်းပြောရရင် ပရိတ်သတ် ပါဝင်ပတ်သတ်နိုင်မှု တော်တော် နည်းခဲ့တယ်ပေါ့ရှင်..။ အဲ့ဒီ့ကနေမှတစ်ဆင့် ဖိုရမ်လေးတွေ ထောင်လာကြတယ်... ဖိုရမ်လေးထဲမှာ ကိုယ့်အကောင့်လေးနဲ့ကိုယ် ၊ အားသန်ရာ ပညာရပ် အတွေးအခေါ် စတာတွေ မျှဝေလာကြတယ်မဟုတ်လား...။ သူများတွေ တင်ထားတဲ့ ပို့စ်လေးတွေမှာလည်း မေးခွန်းလေးတွေ ၀င်မေးနိုင်တယ်၊ထင်မြင်ချက်လေးတွေ ပေးလာနိုင်တယ် ဆိုတော့ ဖိုရမ်ခေတ်ကလည်း တော်တော်လေး အပြောင်းအလဲဖြစ်စေခဲ့ပါတယ်..။
နောက်တော့ ဒီ့ထက် ခေတ်မီလာတဲ့အခါမှာ social network တွေပေါ်လာပြန်တော့ ကိုယ့်အကောင့်မှာ ကိုယ်ကြိုက်တာရေး ၊ ဗီဒီယိုတင်မလား ၊ သီချင်းတင်မလား ကြိုက်သလို လုပ်လာနိုင်ကြပြန်ရော...။ ဒါကြောင့် မယ်ဂျစ်တစ်ခု စဉ်းစားမိတာ လူဆိုသည်မှာ ကိုယ်ကိုယ်တိုင် ပါဝင်ပတ်သတ်ရတဲ့ အလုပ်ဆိုရင် ပိုပြီး စိတ်ဝင်စားတယ်... ကိုယ့်အကြောင်းကို ကိုယ်ပိုစိတ်ဝင်စားတတ်တာ သဘာဝမို့ ဒီလို စာဖတ်သူတွေပါ ပါဝင်တွေးတောဖြေဆိုလို့ အဆင်ပြေမယ့် ပို့စ်လေးတစ်ခု လုပ်ရင်ကောင်းမယ်ဆိုပီး အတွေးရခဲ့ပါတယ်...။ နိဒါန်းပျိုးနေတာနဲ့ လိုရင်းကို မရောက်တော့ဘူး...။ မယ်ဂျစ်ဆိုသည်မှာ အရပ်သာ ပုတာလေ အရစ်ကတော့အလွန်ရှည်တဲ့အမျိုးအစားမှတ်လားးး။
ကဲကဲ မေးခွန်းလေးတွေ စမေးပါတော့မယ်...။ အဖြေလေးတွေ ပေါ်မူတည်ပြီး စာဖတ်သူဟာ စိတ်ကူးယဉ် ဆန်သူလား ၊ လက်တွေ့ကျတဲ့သူလား စမ်းစစ်ကြည့်တာပေါ့နော..။ အပျော်ပေါ့ရှင်..။
မေးခွန်းနံပါတ် (၁)
အကယ်၍ သင်သည် အာကာသယဉ်မှူးတစ်ယောက်ဖြစ်ခဲ့ရင် အာကာသထဲက ကမ္ဘာမဟုတ်တဲ့ ဘယ်ဂြိုလ်ကို အရင်ဆုံး သွားချင်ပါသလဲ...။တစ်ခုရွေးပေးပါနော်...။
အင်္ဂါဂြိုလ် ၊ လ ၊ ဂျူပီတာ ၊ ဗီးနပ်စ် ၊ စေတန် ။
မေးခွန်းနံပါတ် (၂)
အကယ်၍ သင်ဟာ ခြေလေးချောင်းသတ္တ၀ါထဲက အကောင်တစ်ကောင်ကောင်ဖြစ်ခဲ့မယ်ဆိုရင် ဘယ်အကောင်ဖြစ်ချင်ပါသလဲ...။ ရိုင်းသွားရင် အမိုက်အမဲလေးမို့ ခွင့်လွှတ်ကြပါနော်...။
ဆင်၊ မြင်း ၊ နွား ၊ တောင်ဆိတ် ၊ ကြံ့ ။
မေးခွန်းနံပါတ် (၃)
အကယ်၍ သင်ဟာ သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ အိမ်အိုကြီးထဲကို အဖော်တစ်ယောက်နဲ့ အတူသွားရမယ်ဆိုရင် ဘယ်သူ့ကို ခေါ်သွားမလဲ...။
အမေ ၊ အဖေ ၊ သူငယ်ချင်း ၊ ချစ်သူ ၊ ညီအစ်ကို မောင်နှမထဲက တစ်ယောက်ယောက် ။
မေးခွန်းနံပါတ် (၄)
သင်သည် တောင်းတန်းတွေနဲ့ ပင်လယ်တွေ ဘယ်အရာကို ပိုချစ်ပါသလဲ .... ဘယ်နေရာတွေ ခရီးထွက်ဖို့ ပိုအားသန်ပါသလဲ...။
တောင်တန်း ၊ ပင်လယ် ။
မေးခွန်းနံပါတ် (၅)
သင်အားလပ်ချိန်ကို ဘယ်လို ကုန်ဆုံးချင်ပါသလဲ...။
စာအုပ်တစ်အုပ် ကော်ဖီတစ်ခွက် ၊ သက်သောင့်သက်သာ လှဲရင်းသီချင်းနားထောင် ၊ movie ကြည့် ၊ မုန့်စား ၊ သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည် ။
ဒီမေးခွန်းလေးတွေကို အပျော်သဘောနဲ့ အတည် ဖြေပေးကြပါဦးလို့ ...။
💓💓💓💓💓💓💓💓