Selfie ဆွဲဖို့၊ အလှဓာတ်ပုံလေးတွေရိုက်ဖို့ ရှိထားသင့်တဲ့ Application
စမတ်ဖုန်းတွေ အားကောင်းလာတဲ့ခေတ်မှာ ဖုန်းထုတ်လုပ်သူတွေက ကင်မရာရဲ့ megapixel ကို ပိုပြီးကောင်းအောင် လုပ်လာကြပါတယ်။
ကင်မရာတွေ ကောင်းလာသလို ကင်မရာအတွက် Application တွေလည်း အများကြီးပေါ်ထွက် လာပါတယ်။ ဒီလို Application တွေ အများကြီးထဲကမှ ကောင်းနိုးရာရာလေးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
(၁) Camera360
Camera360 ကို စမတ်ဖုန်းရှိတဲ့သူ အားလုံးနီးပါး သိကြပါတယ်။ ဒီကင်မရာက ပုံထွက်ကောင်းလွန်းလို့ မိန်းကလေးအများစု သုံးကြတယ်။ (တစ်ခါတလေ သူတို့ကို ရိုးရိုးကင်မရာနဲ့ရိုက်ပေးကြည့် စိတ်ဆိုးပါလေရော) အွန်လိုင်းမှာဆိုရင်လည်း မျက်နှာပြောင် Troll တဲ့သူတွေက အမွေးနုတ်ထားတဲ့ကြက်တစ်ကောင်ကို Camera360 နဲ့ ရိုက်ပြထားဖူးတယ်။ ကြက်အရေခွံမှာ ဘာအဖုအထစ်တွေမှမရှိ ဖြူဖွေးချောမွတ်နေပါရောလား။ အဲဒီလောက် ကောင်းလားဆိုရင် ဟုတ်ကဲ့ အဲဒီထက်ပိုကောင်းပါတယ် လို့ ပြောရတဲ့အထိ။ Android, iPhone နဲ့ Window ဖုန်းတွေမှာ သုံးလို့ရအောင်လုပ်ပေးထားတာမို့ ၂၀၁၁ ခုနှစ်မှာ ကမ္ဘာ့လူသုံးအများဆုံး App ဖြစ်လာတာ မဆန်းတော့ပါဘူး။
(၂) April
ဒီ App ကတော့ လူသိသိပ်မများသေးပါဘူး။ ထွက်တာလည်း မကြာသေးဘူးလေ။ မိခင်ကုမ္ပဏီကတော့ Camera360 ပါပဲ။ April မှာ တခြား App တွေနဲ့မတူ ဆန်းသစ်တဲ့ ဒီဇိုင်းဘောင်တွေပါဝင်ပြီး ဓာတ်ပုံတွေကို စုစည်းပေးမှာ ဖြစ်ပါတယ်။
(၃) Bestie
ဒီ App ကိုလည်း Camera360 က ထုတ်တယ်လို့ပြောရင် အံ့သြမသွားပါနဲ့။ နောက်မှ ထွက်ပေမယ့် သူ့ဇကလည်း မသေးပါဘူး။ ၂၀၁၅ ခုနှစ်မှာ အကောင်းဆုံး ဆယ်လ်ဖီ (selfie) ကင်မရာဖြစ်ခဲ့ပါတယ်။
(၄) Sweet Selfie
ကင်မရာ App ထဲမှာဆိုရင် ဒီ App လေးလည်း မဆိုးပါဘူး။ PlayStore မှာ download ဆွဲတဲ့သူ ၁၀ သန်းကျော်ရှိပြီး မတူ ထူးခြားတဲ့ feature လေးတွေ ပါဝင်တဲ့အတွက် ဓာတ်ပုံဝါသနာအိုးတွေနဲ့ selfie ၀ါသနာပါတဲ့သူတွေ အကြိုက်တွေ့မှာ အသေအချာပါပဲ။
(၅) B612
ဓာတ်ပုံဝါသနာအိုးတွေအနေနဲ့ B612 ကိုလည်း မမေ့သင့်ပါဘူး။ အရမ်းကို ဆွဲဆောင်မှုရှိတဲ့ အရောင်တွေအပြင် 3D sticker တွေပါ ပါဝင်တဲ့အတွက် လုံးဝစိတ်ကြိုက်ဖြစ်မေယ့် ကင်မရာ App ဆိုလည်းမမှားပါဘူး။