ကိုယ့်အမြင်သက်သက်ရေးတာပါ။
ကိုယ်ပဲမှန်တယ် မဆိုလိုပါ။ ခင်ဗျားတို့ရဲ့ အတွေးအခေါ်တွေကိုလည်း အငြင်းအခုံမလုပ်ပါဘူး။
ဗိုလ်ကျားသေနတ် ကိုယ်ကြိုက်တာကိုယ်လုပ်ပါ။
ဖရဲသီးသည်ကိစ္စ သတ်သေသွားတဲ့ပုံတွေ တွေ့တော့
တကယ်စိတ်မကောင်းပါ။
ဘာပဲဖြစ်ဖြစ် လိမ်စားမိသည်ရှိဦး လိမ်စားမှုဟာ သေဒဏ်မထိုက်ပါ။ ပြစ်ဒဏ်နဲ့မမျှတဲ့အဖြစ်ဆိုးနဲ့ ကြုံတွေ့ရတာကိုတော့ လူသားဆန်ဆန် လုံးဝစိတ်မကောင်းနိုင်ပါ။ ဒါသည် Emotional အပိုင်းပါ။
အတွေးအခေါ်သက်သက်နဲ့ တွေးကြည့်ရင် အတော်လွဲပါတယ်။
ဖရဲသီးဗန်းမှောက်ပြီး ကရုဏာချူစားတဲ့အဖြစ်တွေဟာ တကယ်ရှိနေတာပါ။ ဒီတစ်ယောက်တည်းမှ မဟုတ်ပါဘူး။ အတော်များပါတယ်။ ဒီထဲမှာမှ ဒီကောင်လေးရဲ့ နေရာစုံမှာ ဖရဲသီးဗန်းမှောက်နေတဲ့ပုံတွေဟာ ဖေ့စ်ဘုတ်မှာ ခဏခဏမြင်ရနေကျပါ။
ဒါပေမယ့် ကာယကံရှင်ကိုယ်တိုင်က အခုမှသိပုံရတယ်။
ဒါကလည်း ဖေ့စ်ဘုတ်သုံးတဲ့ သူ့ပတ်ဝန်းကျင်ကလူတွေက ပြန်ပြောတာ ဖြစ်နိုင်တယ်။
သူကိုယ်တိုင်က လူမှုကွန်ယက်ဆိုတာ ဘာမှန်းမသိ၊ လူမှုကွန်ယက်ရဲ့ သဘောသဘာဝ တစ်ရက်နှစ်ရက်ဆို ဘာမှမဟုတ်တော့တာကို မသိဘဲ အကြီးကြီးတွေ တွေးပစ်လိုက်ပုံရတယ်။
သူ့ကို ပြန်ပြောပြတဲ့ သူ့ပတ်ဝန်းကျင်က လူတွေကရော သူ့ကို ဘယ်လောက်တောင် ချဲ့ကားပြောလိုက်သလဲမသိဘူး။ လာဖမ်းတော့မလား ဘာညာ သူဖိအားဝင်သွားတယ်ထင်ရတယ်။
ကရုဏာစိတ်ဖယ်ပြီး တည့်တည့်တွေးကြည့်ရင် ဖရဲသီးဗန်းမှောက်ချပြီး အဲ့လိုလုပ်နေကျလူတစ်ယောက်အနေနဲ့ လူတွေရဲ့ မယုံမကြည်ကြည့်မှုတွေကို အတိုင်းအတာတစ်ခုအရ သူကြုံဖူးမှာပါ။
အခုမှ သွေးပျက်သွားတာကတော နည်းနည်းထူးဆန်းပါတယ်။ ဒါပေမယ့် ခုနပြောတဲ့ ဖေ့စ်ဘုတ်ကို အကြီးကြီးလျှောက်တွေးလိုက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် အမှားကို အမှန်မပြင်ဘဲ သတ်သေတဲ့လမ်းကြောင်းရွေးသွားတာကြီးကတော့ ပင်ကိုယ်စိတ်ကိုက ပျော့နွဲ့လို့ပါ။
ကောင်းကောင်းမွန်မွန် ရှာဖွေလုပ်စားနေတဲ့ ပိုလီယိုတွေ အများကြီးပါ။ သူက မိန်းမလည်းရှိတယ်၊ ဆိုင်ကယ်ကယ်ရီလည်းဆွဲတယ်ဆိုတော့ ဆိုးဆိုးဝါးဝါး ပိုလီယိုရောဂါသည်လည်း မဟုတ်တန်ရာ။
အဲ့ဒါကို ကောင်းကောင်းမွန်မွန် ရောင်းမစားဘဲ ဒီလိုလုပ်စားတယ်။ ပြသနာကြုံလာတော့ အမှားကိုအမှန်မပြင်ဘဲ သတ်သေတဲ့နည်းနဲ့ ထွက်ပြေးသွားတယ်။
ကိုယ်တော့ သတ်သေတဲ့ကြိုးအနေအထားနဲ့ တန်းအနေအထားကြီးကို မသင်္ကာတာပဲ ခံစားမိတယ်။
အဆဲခံရလို့ ဖရဲသီးသည် သတ်သေသွားတယ်။
အခု စတင်တဲ့လူကို ပြောင်းဆဲကြတယ်။
ကိုယ်ကတော့ စတင်တဲ့လူကိုလည်း အပြစ်မတင်မိဘူး။
လောကမှာ Whistle blowing သမားတွေ လိုပါတယ်။
သူ့မှာလည်း သေစေလိုတဲ့ဆန္ဒအထိလည်း ရှိမှာမဟုတ်ဘူး။ အခုက မဟုတ်တာလုပ်တဲ့လူကို မပြောရဲအောင် Whistle blowing သမားတွေကိုပါ ပါးစပ်လိုက်ပိတ်နေသလို လွန်လွန်ကဲကဲတွေ ဖတ်ရတယ်။
ဖရဲသီးသည်ကိစ္စ စိတ်မကောင်းဖြစ်မိပေမယ့် လိပ်ပြာမသန့်မဖြစ်မိဘူး။
ဖရဲသီးသည်ကို ပုံတင်ဖွခဲ့တဲ့လူဟာ ကိုယ်မဟုတ်သလို
ဝိုင်းတင်ကြ ဝိုင်းဆဲကြသူတွေထဲ ကိုယ်မပါခဲ့ပါ။
အဲ့အတွက် ကိုယ့်ပယောဂမပါတဲ့အတွက် လူတစ်ယောက်သေတာကို လူတစ်ယောက်က ဝမ်းနည်းရုံအပြင် ဘာမှမရှိပါဘူး။
ဒါပေမယ့် ကိုယ်သာ စဖွတဲ့လူ၊ တင်မိတဲ့လူ၊ ဆဲမိတဲ့လူဆိုရင် ဒီကိစ္စမှာ အတော်နောင်တရနိုင်ချေရှိပါတယ်။
ဘာပဲဖြစ်ဖြစ် သူတပါးအဖြစ်တွေထဲက သင်ခန်းစာယူပါတယ်။ ဟိုလိုတင်လိုက်မယ် ဟိုလိုပြောလိုက်မယ်
ဟိုလိုသမလိုက်မယ်ဆိုတဲ့ လက်ကျန်စိတ်အနည်းငယ်ကို ပယ်သတ်ရပါဦးမယ်။
ဖေ့စ်ဘုတ်ပေါ် တင်ဖွလိုက်မယ်.. ငါ့ဘာမှတ်လဲဆိုတဲ့ သတ္တဝါတွေကို ကိုယ်မုန်းပါတယ်။ မိသားစုကိစ္စ၊ သမီးရည်းစားကိစ္စ၊ လင်မယားကိစ္စတွေ ဖေ့စ်ဘုတ်ပေါ် တက်အထုတ်ဖြည်နေသူတွေကိုလည်း ကိုယ်အထင်သေးပါတယ်။
ဖေ့စ်ဘုတ်ဆိုတာ ဘာမဆိုဖြစ်သွားနိုင်တဲ့ ချောက်ကမ်းပါးစွန်းကြီးပါ။
ခင်ဗျားတို့ထင်တာထက် ကြောက်စရာကောင်းတဲ့ တောနက်ကြီးလို့ ဖေ့စ်ဘုတ်ကြိုးတန်းပေါ် လျှောက်နေတဲ့ကိုယ်က စေတနာသက်သက်နဲ့ ပြောပြတာပါ။
ဒီအဖြစ်အပျက်ဟာ နှစ်ဖက်မှန်ကြီးပါ။
လိမ်တဲ့လူအတွက်လည်း သေဒဏ်ထိုက်တဲ့ ပြစ်မှုမျိုး မဟုတ်သလို တင်တဲ့လူကလည်း နောင်ကျဉ်သွားအောင်အပြင် သေပါစေတော့ဆိုတဲ့ စိတ်လည်း ရှိမှာ မဟုတ်ဘူး။
ကိုယ်ကတော့ လူသတ်သမားဆိုလို့ ဘာဖြစ်ဖြစ် ဘာရေးရေး ဘာတင်တင် ဘာကြုံကြုံ ဆဲမယ်ဆိုတဲ့လူတွေကိုပဲ မြင်မိတယ်။
ကိုယ်လည်း ကိုယ့်အမြင်ကိုယ် ရေးပြီးပါပြီ။
ပါပြန်ပြီ ရေးပြန်ပြီ ဘာမညာမ ဖလူးမ ငလူးမ ရုပ်ဆိုးမ စသဖြင့်လည်း ဆဲနေကျအတိုင်း လာဆဲလို့ ရပါပြီ။
ကိုယ့်နေရာသာ ဖရဲသီးသည်ဆို ကြိုးစင်ပေါ်ကကို ဆင်းရမှာ မဟုတ်ဘူး။
ဘယ်လောက်ပြောနေနေ
ဘယ်သူသေပေးပေး၊ ဘယ်သူအသက်နဲ့ရင်းရင်း
ဟော့ဒီ့Stupid Society ကြီးဟာ ဘာမှပြောင်းလဲကောင်းမွန်လာမယ်မထင်ဘူး။
ကိုယ့်ကိုယ်ကိုယ်သာ ခက်မာခိုင်ခန့်အောင် ကြိုးစားကြရုံပဲ ရှိတယ်။
သတိ
ဖေ့စ်ဘုတ်ပေါ်မှာ လူတိုင်းဟာ အချိန်တိုင်း သားကောင်ဖြစ်သွားနိုင်ချေ ရှိလေတယ်။
ခင်ဗျားလား... ကျုပ်လား... သူလား...
ယူတတ်ရင် ရလိုက်တဲ့တရားတွေဆိုတာ
တင်းနဲ့ချင်ထုတ်ရမယ်။
😔😔😔