သမုဒယနယ်မှာ
သောကဆိုတာ ကြုံရတတ်တာ ဓမ္မတာလေ
နှောင်ကြိုးကိုယ်စီနှင့်
သီကုံးခံပန်းလေးတွေဘဝက
သူတို့ရဲ့ ဥယျာဉ်မှူးကို
လည်ပြန်လို့တောင် မကြည့်နိုင်ကြရှာပါဘူး။
မျှော်လင့်လို့ ပြုစုခဲ့တာမှ မဟုတ်ဘဲ
တစ်ထောင့်တစ်နေရာမှာ ထင်ပေါ်လို့
စင်တော်မှာ တောက်ပနေခဲ့ရင်
ပန်းလေးတွေ အတွက်
ပေးဆပ်ခဲ့တဲ့ရင်နှစ်မေတ္တာ
ပျိုးထောင်ခဲ့တဲ့ ဒီလက်အတွက်
ပီတိနဲ့ချွေးသိပ် သူမှေးမှိတ်နိုင်တော့မှာပါလေ။
အပင်အသီးတွေနဲ့ ပင်ပေါင်းရံ၍နေပြန်လည်း
လိုနေတဲ့ရေတစ်ပေါက် သူချွေးတွေနဲ့ ဖန်ဆင်းမယ်..
မြေဆီ မြေနှစ်အတွက်
သူ့အသက်ခန္ဓာစတေးမယ်
အသွေးအသားက ပေါက်ဖွားခဲ့တဲ့ စေတနာ
ရင်ပြင်ကို နှင်းစေဦးတော့ ဝပ်ဆင်းကြည်သာ
ဒီကမ္ဘာမှာ ထာဝရာပေးဆပ်သူအစစ်
သူ့သာလျှင် ဥယျာဉ်မှူးအစစ်မို့
လေးမြတ်သစ္စာ ဦးထိပ်မှာ ပန်စေသား..
အားလုံးရဲ့ ဥယျာဉ်မှူးဖေဖေ။
Photo credit-google
ဆက်၍ ကြိုးစားပါဦးမည်။