ထင်ပေါ်ကျော်ကြား စိတ်ဝင်စားဖွယ်ရာ ဆုများ
တမူထူးခြား စွမ်းဆောင်ရည်များမှာ တန်ပြန်ကြီးများတဲ့ ချီးမြောက်မှုကို ခံစားရစမြဲပါ။
ကောင်းမွန်တဲ့ အကျိုးရလာဒ်ပေါ်ကို ဖန်တီး ပုံဖော်သူများကိုလည်း ဂုဏ်ပြုသင့်တာလည်း အမှန်ပါ။ ဒီလိုထဲကမှ အခြားသူများထက် သာလွန်ကောင်းမွန်အောင် စွမ်းဆောင်နိုင်တဲ့ ဖန်တီးရှင်များကို နယ်ပယ်အသီးသီး အနေနဲ့လည်း ဆုကြီးများဖြင့် ချီးမြင့်ဂုဏ်ပြုနေခြင်းများလည်း အားလုံးကြားသိမိမှာပါ။
အားကစား၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သိပ္ပံဆန်းသစ်မှု၊ အရေးအသားဖန်တီးမှု စတဲ့ နယ်ပယ်အသီးသီးမှ ထူးချွန်သူများကို အသိအမှတ်ပြုချီးမြင့်နေတာလည်း ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ရဲ့ ဖန်တီးမှုများ ဟာလည်း တူညီမှာ မဟုတ်ပေမယ့် ချီးမြင့်တဲ့ဆုများကတော့ သူတို့ရဲ့ ကြိုးစားထားမှု အပေါ်အသိအမှတ်ပြုပြီး သူတို့ဘဝရဲ့ အောင်မြင်မှုတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။
ငွေကို တန်ဖိုးဖြတ်လို့ရပေမယ့် ဖန်တီးထားတဲ့ အနုပညာကိုတော့ ဘယ်လိုမှ မရနိုင်ပါဘူး။ ကမ္ဘာတစ်ဝန်းက ချီးမြင့်တဲ့ ဆုများကို အနည်းငယ် ဖော်ပြတင်ဆက်ပေးလိုက်ရပါတယ်။
ချီးမြင့်တဲ့ဆုတွေထဲမှာ ဂုဏ်သတင်းကြီးမားတဲ့ နိုဘယ်ဆုကိုတော့ ဒိုင်းနမိုက်ကို ဖန်တီးခဲ့တဲ့ Alfred Noble အမည်ကို အစွဲပြုပြီး အမည်တွင်ခဲ့ခြင်းဖြစ်ပါတယ်။ ပထမဦးဆုံးအကြိမ်အဖြစ် နိုဘယ်ဆုကို ၁၉၀၁ ခုနှစ်မှာ ချီးမြင့်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ မတူညီတဲ့ နယ်ပယ်အသီးသီးအနေနဲ့ နယ်ပယ်(၆)ခုဖြစ်တဲ့ ဓာတုပေဒ၊ ရူပပေဒ၊ စာပေ၊ ဆေးပညာ၊ စီးပွားရေး၊ ငြိမ်းချမ်းရေးစတဲ့ နယ်ပယ်များမှာ ချီးမြင့်လာခဲ့တာလည်း ဖြစ်ပါတယ်။ ဆုအများထဲက လူအများသိရှိတာကတော့ ငြိမ်းချမ်းရေး လုပ်ငန်းတွေမှာ ဖော်ဆောင်ခဲ့သူတွေကို ချီးမြင့်တဲ့ ဆုလည်း ဖြစ်ပါတယ်။
ဗြိတန်နိုင်ငံ စာပေအသင်းကြီးက ချီးမြင့်တဲ့ စာပေဆုပဲ ဖြစ်ပါတယ်။ တစ်နှစ်မှာ တစ်ကြိမ်သာ စာရေးဆရာများထဲက အကောင်းမွန်ဆုံး ရေးသားနိုင်ခဲ့သူကို ရွေးချယ် ချီးမြင့်တဲ့ ဆုဖြစ်သလို ကိုယ်ပိုင်အရေးအသားနဲ့ ရေးသားတင်ဆက်သူကိုသာ Booker Prize ကိုချီးမြင့်တာပဲ ဖြစ်ပါတယ်။
အမေရိကန် ရုပ်ရှင်အသိုင်းအဝိုင်းကြားမှာ နာမည်ကျော် ရေပန်းစားတဲ့ဆုဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ ရုပ်ရှင်တည်းဖြတ်သူ စတဲ့ နယ်ပယ်အသီးသီးမှာ ထူးချွန်သူများကို ဂုဏ်ပြုချီးမြင့်တဲ့ ဆုပဲဖြစ်ပါတယ်။ ဒီဆုကိုတော့ ၁၉၂၉ ခုနှစ်က စတင်လို့ အခမ်းအနားများ ပြုလုပ်ကာ ချီးမြင့်ခဲ့တာလည်း ဖြစ်ပါတယ်။