ပြည်သူ ချစ်သော မေမေ
ဒီမိုတို့ရဲ့ ချစ်သော မေမေ
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် အမေဒေါ်အောင်ဆန်းစုကြည်
မြန်မာသာမက ကမ္ဘာကပါ လေးစားစံပြု ရတဲ့
ကမ္ဘာ့ အလယ် မြန်မာ့ ခေါင်းဆောင်အစစ်ရယ် လို့ 
ဂုဏ်ယူ ဝံ့ကြွားနိုင်သည့် မေမေစု
19 - 6 - 2018
နေ့ တွင် ကျရောက်မည့် မေမေစု မွေးနေ့ ကို
လှိုက် လှိုက်လှဲ လှဲ ကြိုဆိုဂုဏ်ပြုအပ်ပါသည်။
်
မေမေ ကျန်းကျန်းမာမာနဲ့ အသက်ရာကျော် ရှည်ပါစေ။
့မြန်မာပြည်ကြီးနှင့်
ပြည်သူတွေအားလုံး အတွက် မေမေတောဝန်ကျေခဲ့ ပါပြီ။
့မေမေအောင်မြင်ခဲ့ ပါတယ်
မြန်မာပြည်ကြီးနှင့် ပြည်သူတွေ အေးချမ်း ငြိမ်းချမ်းဖို့ 
နေ့မနား ည မအား ဖျတ်လတ် တက်ကြွစွာ ကိုယ်ကျိုး အတွက် မပါပဲ တာဝန်တွေ ထမ်းဆောင်နေသော
ချစ်သော မေမေ
ကမ္ဘာက ချီးမြင့်တဲ့  နိုဘယ်ငြိမ်းချမ်းရေး ဆုနဲ့ 
ဆုပေါင်းမြောက်များစွာကိုလည်း
မြန်မာပြည်ကြီး နှင့် ပြည်သူတွေ အတွက်ပဲ
လှူဒါန်းခဲ့ ပါတယ် ။
်
မေမေ့ကို အန္တရာယ်မျိုးစုံ ပေးခဲ့ကြတဲ့
သူတွေကိုတောင်
မေတ္တာ တရားလက်ကိုင်ထားလို့
ခွင့်လွတ်ခဲ့ တယ်ဆိုတာ
မြန်မာသာမက ကမ္ဘာကပါသိခဲ့ ကြပါတယ်။
မေမေတာဝန်ကျေခဲ့ ပါပြီ။
ဒါတောင် မေမေက
ခုထိ မြန်မာပြည်ကြီး နှင့်
ပြည်သူတွေအတွက်
အသက်ရွယ်ကြီးပေမဲ့  ဆက်လက် လုပ်ဆောင်နေတာဟာ
တကယ်တော့ မေမေ ပင်ပန်းလှပါပြီ။
မေမေ့ကို အားနာလှပါပြီ။
မေမေ့ကို သနားလှပါပြီ။
ချစ်သော မေမေ
မွေးနေ့မှ စ၍ နှစ်တစ်ရာ့ နှစ်ဆယ် ကျော်တိုင်
သက်ရှည် ကျန်းမာ စိတ်ချမ်းသာပါစေ။
မနာလိုသူတွေရဲ့ နှောင့် ယှက်မှု မျိုးစုံမှ ကင်းဝေးပါစေ။
မေမေ မြင်ချင်တဲ့ တိုင်းရင်းသား ပေါင်းစုံတိုရဲ့ ငြိမ်းချမ်းရေး မြင်ကွင်းများ အမြန်ဆုံး မြင်နိုင်ပါစေ။
မိသားစုအားလုံး ဘဝဆက်တိုင်း မခွဲမခွာ ပျော်ရွှင်စွာ နေရပါစေ လို့
ဆုတောင်းပေးရင်း
ဂါရဝပြု ကန်တော့ လိုက်ပါတယ် မေမေ။
မေမေ့ကို ချစ်သော သားသမီးများ
.
မြင့်မိုရ်ဦး
ထိပ်ထား