#လူးတွင်းဗဟုသုတများ_MOGOk
#လူး - လူးဆိုတာ ကျောက်တောင်
ကျောက်ကမ်းပါးတွေမှာ သဘာဝအလျောက်
ဖြစ်ပေါ်နေတဲ့ လှိုဏ်ဂူတွေပါ/လူးတွင်းတွေဟာ
များသောအားဖြင့် ကျဉ်းမြောင်းပီး လူတကိုယ်စာ
ဝင်ဆန့် ရုံရှိတတ်ကြပီး တချို့ နေရာတွေမှာ
ထိုင်လျက်ဝင်ရသလို တချို့ နေရာတွေမှာ
မှောက်လျက်ဝပ်ပီး သွားရတာလဲ ရှိပါတယ်
လူးနံရံတွေမှာ သဘာဝကျောက်ချွန်/ကျောက်စောင်းတွေရှိတော့ မထိခိုက်အောင်
လူးလွန့် ပီးသွားရတာမို့  လူး လို့ ခေါ်တာလို့ 
အယူအဆ တခုရှိပါတယ်
လူးတွေဟာ တကိုယ်စာ အကျယ်ကနေ
လော်လီကားတစင်းဝင်သာအောင်
ကျယ်တာလဲရှိသလို တချို့ ကျတော့လဲ
အိမ်တလုံးစာ/ တင်းနစ်ကွင်းတခုစာလောက်
ကျယ်တာလဲ ရှိပါတယ်
အမြင့်က လူတကိုယ်လဲလျောင်းစာကနေ
နှစ်ထပ်တိုက် အမြင့်လောက်ထိ ကျယ်တာလဲရှိတယ်
#လူးလူသား - ခုတော့မတွေ့ ရသလောက်ဖြစ်သွား
ပါပီ/ အရင်တုန်းက တောနက်တဲ့ လူသူအရောက်
အပေါက်နဲတဲ့  လူးတွေမှာနေထိုင်တဲ့  လူ/
သတ္တဝါ/လူဝံမျိုးနွယ် သို့ မဟုတ် နာနာဘာဝ
တွေ ဖြစ်ပါတယ်
သူတို့ ပုံစံက လူလိုလို မျောက်လိုလို
အမွှေးရှည်ရှည်ဖြစ်ပီး အညိုရောင် အနက်ရောင်ပါ
အစွယ်ရှိပီး မျက်လုံးက အနီရဲရဲ
ခြေတန်လက်တန် က လူထက်ရှည်ပါတယ်
တခါတလေ ညအမှောင် သစ်ပင်တွေပင်စည်
ထဲက ထွက်ထွက်လာတတ်တယ်လို့ ဆိုပါတယ်
တခါတလေထဲ မြေကြီးထဲကနေ ဘွားခနဲ
ထွက်လာတတ်တယ်လို့ ဆိုပါတယ်
တောနီး ရွာထဲက ကြက်ဝက်ခွေးတွေကို
ညနက်ရင် အစာအတွက် လာဆွဲတတ်တယ်တဲ့
ဟိုတုန်းက လူးတွင်းတွေထဲမှာ သတ္တဝါ အရိုး
လူရိုးတွေ တွေ့ ရတတ်ပါတယ်
လူးထဲ မတော်တဆရောက်သွားတဲ့  သူတွေကို
လူးတွေက သတ်ပီးစားထားတာလို့ 
ကြားဖူးပါတယ်
#လူးတွင်း - လူးတွေထဲမှာ သဘာဝအတိုင်း
ရှိနေတဲ့ ကျောက်တွေကို ရှာဖွေတဲ့ တွင်းပါ
#လူးရိုးလူးသွား-လူးတွေထဲမှာ ကျောက်ခေတ်
ကမ္ဘာဦး သတ္တဝါတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေပါ
#လူးမြွေလူးနဂါး - လူးထဲမှာရှိတဲ့ အလွန်ကြီးမား
ရှည်လျားသော မြွေကြီးတွေ နဂါးကြီးတွေကို
ခေါ်တာပါ /တချို့ လူးတွင်းဆင်းရင်း
မောလို့ အမှတ်တမဲ့  ထိုင်မိကြပီး
လူးလွန့် ထလာမှ မြွေနဂါးမှန်း သိကြတယ်