zawgi;
မဂၤလာပါ ခင္ဗ်။
ဒီေန့ေတာ့ ''America Pnone Number တစ္ခုကို အခမဲ့ ရယူျခင္း'' ဆိုတဲ့ အေျကာင္းေလး မ်ွေဝေပးခ်င္ပါတယ္။
"ကိုယ့္ဆီမွာ ျမန္မာ ဖုန္းနံပါတ္ေတြရွိေနတာပဲကြာ။ဒီ အေမရိကန္ ဖုန္းနံပါတ္က ဘာလုပ္ဖို့တုန္း" လို့ ေမးေကာင္းေမးပါလိမ့္မယ္။
ဟုတ္ကဲ့။အေမရိကန္ ဖုန္းနံပါတ္ကလည္း သူ့ေနရာနဲ့သူ အသံုးဝင္တာရွိပါတယ္ ခင္ဗ်။
အခု က်ြန္ေတာ္တို့ ရယူမယ့္ အေမရိကန္ ဖုန္းနံပါတ္က အခမဲ့ ျဖစ္ပါတယ္။အေမရိကန္ ဖုန္းနံပါတ္တစ္ခု ရယူဖို့အတြက္ ပိုက္ဆံ တစ္ျပားမွ ေပးစရာ မလိုပါဘူး။
ျပီးေတာ့ က်ြန္ေတာ္တို့ အခမဲ့ ရယူထားတဲ့ အေမရိကန္ ဖုန္းနံပါတ္နဲ့ အျခားေသာ အေမရိကန္ ဖုန္းနံပါတ္ေတြကို အခမဲ့ ဖုန္းေခၚဆိုႏိုင္ပါတယ္။ဒါ့အျပင္ အခမဲ့ sms လည္း ပို့ႏိုင္ပါတယ္။
ဒီထက္ပိုျပီး အသံုးဝင္တဲ့ အခ်က္က ျမန္မာ ဖုန္းနံပါတ္ကို support မလုပ္တဲ့ website ေတြ(ဥပမာ-exmo.com)မွာ အခု က်ြန္ေတာ္တို့ အခမဲ့ ရယူထားတဲ့ အေမရိကန္ ဖုန္းနံပါတ္နဲ့ 2-step verification ခံထားလို့ရပါတယ္။ဒါ့ေျကာင့္ exmo မွာ ဖြင့္ထားတဲ့ email ေပါက္သြားရင္ေတာင္ exmoက က်ြန္ေတာ္တို့ account ထဲကို ဝင္လို့မရႏိုင္ေသးပါဘူး။
ေနာက္ထပ္ေကာင္းတဲ့အခ်က္တစ္ခ်က္ရွိပါေသးတယ္။အဲဒါ ဘာလဲဆိုေတာ့ တကယ္လို့ ဖုန္းေပ်ာက္သြားလို့ ျဖစ္ေစ၊apk ကို ေယာင္မွားျပီး uninstall လုပ္မိလို ့ျဖစ္ေစ က်ြန္ေတာ္တို့ အခမဲ့ ရယူထားတဲ့ အေမရိကန္ ဖုန္းနံပါတ္ ေပ်ာက္ပ်က္သြားမွာ မဟုတ္ပါဘူး။
email နဲ့ password မွတ္မိရင္ က်ြန္ေတာ္တို့ ရယူထားတဲ့ အေမရိကန္ ဖုန္းနံပါတ္ကို အခ်ိန္မေရြး ျပန္ယူလို့ ရပါတယ္။
ကဲ-----က်ြန္ေတာ္နဲ့ အတူ အေမရိကန္ ဖုန္းနံပါတ္တစ္ခု အခမဲ့ ရယူျကရေအာင္ဗ်ား။
ပထမဦးဆံုး apk ကို ရယူျကရေအာင္။
Pcloud Link;
https://my.pcloud.com/publink/show?code=XZbR7y7ZXnWkrIPmHMHguut4AsEJbmgcjig7
Apk ကို Doenload ဆြဲ၊Install လုပ္ျပီး ဖြင့္လိုက္ပါ။
''Sign In'' နဲ့ ''Sign up'' ႏွစ္မ်ိုးေတြ့ပါမယ္။
''Sign In'' ဆိုတာ ရွိထားျပီးသား ''Account'' နဲ့ ဝင္တာပါ။
က်ြန္ေတာ္တို့က အခုမွ Account အသစ္တစ္ခု လုပ္မွာဆိုေတာ့ ''Sign Up'' ကို ႏွိပ္ပါ။
ေနာက္စာမ်က္ႏွာမွာ ''Verification Code'' ပို့ေပးဖို့ ဖုန္းနံပါတ္ ထည့္ခိုင္းပါတယ္။
ဖုန္းနံပါတ္ မရွိေသးတဲ့အတြက္ ''Verification Code''ကို email နဲ့ ယူရေအာင္ဗ်ာ။
''Don't have a mobile number?" ကို ႏွိပ္ပါ။
အဲဒီေနာက္ Email ထည့္ပါ။
ျပီးရင္''CONTINUE'' ကို ႏွိပ္ပါ။
က်ြန္ေတာ္တို့ ျဖည့္လိုက္တဲ့ Email ထဲကို ဂဏန္း ၄ လံုးပါတဲ့ Code နံပါတ္တစ္ခု ပို့ေပးပါလိမ့္မယ္။
အဲ့ဒီ Code နံပါတ္ ၄လံုးကို ျဖည့္ပါမယ္။
Code နံပါတ္ ျဖည့္ျပီးတာနဲ့ ေနာက္စာမ်က္ႏွာတစ္ခုကို ေရာက္သြားပါမယ္။
နာမည္(First Name နဲ့ Last Name)ျဖည့္၊
အသက္ ျဖည့္၊ က်ား/မ ေရြးျပီး ''DONE'' ကို ႏွိပ္ပါ။
ေနာက္စာမ်က္ႏွာမွာ က်ြန္ေတာ္တို့ရရွိမယ့္ အေမရိကန္ ဖုန္းနံပါတ္ကို ေတြ့ရပါမယ္။
နံပါတ္ကို ျကိုက္ရင္ ''CONTINUE'' ကို ႏွိပ္ပါ။ နံပါတ္ မျကိုက္ရင္ေတာ့ ''a different one'' ကို ႏွိပ္ျပီး ေနာက္ထပ္နံပါတ္ တစ္ခုကို ေရြးခ်ယ္ႏိုင္ပါတယ္။
က်ြန္ေတာ္ကေတာ့ နံပါတ္ေရြးမေနေတာ့ပါဘူး။ဒါ့ေျကာင့္ ''CONTINUE'' ကိုပဲ ႏွိပ္လိုက္ပါမယ္။
အခုနံပါတ္နဲ့ ''911" ကို ေခၚလို့ မရႏိုင္ဘူး ဆိုတဲ့ အေျကာင္းနဲ့ ျကိုးဖုန္း နဲ့ ဆယ္လူလာ ဖုန္းေတြဆီကိုပဲ ေခၚလို့ရႏိုင္မယ္ ဆိုတဲ့အေျကာင္း ေရထားတဲ့စာ ေတြ့ပါလိမ့္မယ္။
''GOT IT'' ကို ႏွိပ္ေပးလိုက္ပါ။
ဒါဆိုရင္ေတာ့ Us Phone နံပါတ္တစ္ခုကို အခမဲ့ ရယူျပီး ျဖစ္ပါတယ္။
အခုဆိုရင္ေတာ့ Us Phone နံပါတ္တစ္ခုကို အခမဲ့ ရယူျပီးျပီ ျဖစ္တဲ့အတြက္ Us က ႀကိုးဖုန္း(Landline) နဲ့ Mobile Phone ေတြဆီကို အခမဲ့ ဖုန္းေခၚဆိုျခင္းနဲ့ အခမဲ့ Sms ေပးပို့ျခင္းေတြ ျပုလုပ္ႏိုင္ျပီ ျဖစ္ပါတယ္။
စာလည္းေတာ္ေတာ္ရွည္သြားျပီ ခင္ဗ်။
က်ြန္ေတာ့ရဲ့ post ကို ဖတ္ရႈေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ခင္ဗ်။
မိတ္ေဆြအေပါင္း က်မ္းမာခ်မ္းသာျပီး မဂၤလာရွိတဲ့ေန့ရက္ေလးေတြကို ပိုင္ဆိုင္ႏိုင္ပါေစခင္ဗ်။
ခ်စ္ခင္ေလးစားစြာျဖင့္-----
(moehlaing)
*****-----*****-----*****-----*****-----
unicode;
မင်္ဂလာပါ ခင်ဗျ။
ဒီနေ့တော့ ''America Pnone Number တစ်ခုကို အခမဲ့ ရယူခြင်း'' ဆိုတဲ့ အကြောင်းလေး မျှဝေပေးချင်ပါတယ်။
"ကိုယ့်ဆီမှာ မြန်မာ ဖုန်းနံပါတ်တွေရှိနေတာပဲကွာ။ဒီ အမေရိကန် ဖုန်းနံပါတ်က ဘာလုပ်ဖို့တုန်း" လို့ မေးကောင်းမေးပါလိမ့်မယ်။
ဟုတ်ကဲ့။အမေရိကန် ဖုန်းနံပါတ်ကလည်း သူ့နေရာနဲ့သူ အသုံးဝင်တာရှိပါတယ် ခင်ဗျ။
အခု ကျွန်တော်တို့ ရယူမယ့် အမေရိကန် ဖုန်းနံပါတ်က အခမဲ့ ဖြစ်ပါတယ်။အမေရိကန် ဖုန်းနံပါတ်တစ်ခု ရယူဖို့အတွက် ပိုက်ဆံ တစ်ပြားမှ ပေးစရာ မလိုပါဘူး။
ပြီးတော့ ကျွန်တော်တို့ အခမဲ့ ရယူထားတဲ့ အမေရိကန် ဖုန်းနံပါတ်နဲ့ အခြားသော အမေရိကန် ဖုန်းနံပါတ်တွေကို အခမဲ့ ဖုန်းခေါ်ဆိုနိုင်ပါတယ်။ဒါ့အပြင် အခမဲ့ sms လည်း ပို့နိုင်ပါတယ်။
ဒီထက်ပိုပြီး အသုံးဝင်တဲ့ အချက်က မြန်မာ ဖုန်းနံပါတ်ကို support မလုပ်တဲ့ website တွေ(ဥပမာ-exmo.com)မှာ အခု ကျွန်တော်တို့ အခမဲ့ ရယူထားတဲ့ အမေရိကန် ဖုန်းနံပါတ်နဲ့ 2-step verification ခံထားလို့ရပါတယ်။ဒါ့ကြောင့် exmo မှာ ဖွင့်ထားတဲ့ email ပေါက်သွားရင်တောင် exmoက ကျွန်တော်တို့ account ထဲကို ဝင်လို့မရနိုင်သေးပါဘူး။
နောက်ထပ်ကောင်းတဲ့အချက်တစ်ချက်ရှိပါသေးတယ်။အဲဒါ ဘာလဲဆိုတော့ တကယ်လို့ ဖုန်းပျောက်သွားလို့ ဖြစ်စေ၊apk ကို ယောင်မှားပြီး uninstall လုပ်မိလို့ဖြစ်စေ ကျွန်တော်တို့ အခမဲ့ ရယူထားတဲ့ အမေရိကန် ဖုန်းနံပါတ် ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။
email နဲ့ password မှတ်မိရင် ကျွန်တော်တို့ ရယူထားတဲ့ အမေရိကန် ဖုန်းနံပါတ်ကို အချိန်မရွေး ပြန်ယူလို့ ရပါတယ်။
ကဲ-----ကျွန်တော်နဲ့ အတူ အမေရိကန် ဖုန်းနံပါတ်တစ်ခု အခမဲ့ ရယူကြရအောင်ဗျား။
ပထမဦးဆုံး apk ကို ရယူကြရအောင်။
Pcloud Link;
https://my.pcloud.com/publink/show?code=XZbR7y7ZXnWkrIPmHMHguut4AsEJbmgcjig7
Apk ကို Doenload ဆွဲ၊Install လုပ်ပြီး ဖွင့်လိုက်ပါ။
''Sign In'' နဲ့ ''Sign up'' နှစ်မျိုးတွေ့ပါမယ်။
''Sign In'' ဆိုတာ ရှိထားပြီးသား ''Account'' နဲ့ ဝင်တာပါ။
ကျွန်တော်တို့က အခုမှ Account အသစ်တစ်ခု လုပ်မှာဆိုတော့ ''Sign Up'' ကို နှိပ်ပါ။
နောက်စာမျက်နှာမှာ ''Verification Code'' ပို့ပေးဖို့ ဖုန်းနံပါတ် ထည့်ခိုင်းပါတယ်။
ဖုန်းနံပါတ် မရှိသေးတဲ့အတွက် ''Verification Code''ကို email နဲ့ ယူရအောင်ဗျာ။
''Don't have a mobile number?" ကို နှိပ်ပါ။
အဲဒီနောက် Email ထည့်ပါ။
ပြီးရင်''CONTINUE'' ကို နှိပ်ပါ။
ကျွန်တော်တို့ ဖြည့်လိုက်တဲ့ Email ထဲကို ဂဏန်း ၄ လုံးပါတဲ့ Code နံပါတ်တစ်ခု ပို့ပေးပါလိမ့်မယ်။
အဲ့ဒီ Code နံပါတ် ၄လုံးကို ဖြည့်ပါမယ်။
Code နံပါတ် ဖြည့်ပြီးတာနဲ့ နောက်စာမျက်နှာတစ်ခုကို ရောက်သွားပါမယ်။
နာမည်(First Name နဲ့ Last Name)ဖြည့်၊
အသက် ဖြည့်၊ ကျား/မ ရွေးပြီး ''DONE'' ကို နှိပ်ပါ။
နောက်စာမျက်နှာမှာ ကျွန်တော်တို့ရရှိမယ့် အမေရိကန် ဖုန်းနံပါတ်ကို တွေ့ရပါမယ်။
နံပါတ်ကို ကြိုက်ရင် ''CONTINUE'' ကို နှိပ်ပါ။ နံပါတ် မကြိုက်ရင်တော့ ''a different one'' ကို နှိပ်ပြီး နောက်ထပ်နံပါတ် တစ်ခုကို ရွေးချယ်နိုင်ပါတယ်။
ကျွန်တော်ကတော့ နံပါတ်ရွေးမနေတော့ပါဘူး။ဒါ့ကြောင့် ''CONTINUE'' ကိုပဲ နှိပ်လိုက်ပါမယ်။
အခုနံပါတ်နဲ့ ''911" ကို ခေါ်လို့ မရနိုင်ဘူး ဆိုတဲ့ အကြောင်းနဲ့ ကြိုးဖုန်း နဲ့ ဆယ်လူလာ ဖုန်းတွေဆီကိုပဲ ခေါ်လို့ရနိုင်မယ် ဆိုတဲ့အကြောင်း ရေထားတဲ့စာ တွေ့ပါလိမ့်မယ်။
''GOT IT'' ကို နှိပ်ပေးလိုက်ပါ။
ဒါဆိုရင်တော့ Us Phone နံပါတ်တစ်ခုကို အခမဲ့ ရယူပြီး ဖြစ်ပါတယ်။
အခုဆိုရင်တော့ Us Phone နံပါတ်တစ်ခုကို အခမဲ့ ရယူပြီးပြီ ဖြစ်တဲ့အတွက် Us က ကြိုးဖုန်း(Landline) နဲ့ Mobile Phone တွေဆီကို အခမဲ့ ဖုန်းခေါ်ဆိုခြင်းနဲ့ အခမဲ့ Sms ပေးပို့ခြင်းတွေ ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။
စာလည်းတော်တော်ရှည်သွားပြီ ခင်ဗျ။
ကျွန်တော့ရဲ့ post ကို ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျ။
မိတ်ဆွေအပေါင်း ကျမ်းမာချမ်းသာပြီး မင်္ဂလာရှိတဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ပါစေခင်ဗျ။
ချစ်ခင်လေးစားစွာဖြင့်-----
(moehlaing)
*****-----*****-----*****-----*****-----