zawgi;
မဂၤလာပါ ခင္ဗ်။ေရွ့က အပိုင္းေတြမွာ ''exmo.com''အေျကာင္း၊ ''Account'' ျပုလုပ္ပံု၊ က်ြန္ေတာ္တို့ရဲ့ ''Account'' ေတြကို ''Trusted IP'',''Google Authenticator'' တို့နဲ့ ကာကြယ္ထားႏိုင္တဲ့အေျကာင္း ေရးခဲ့ပါတယ္ ခင္ဗ်။အခု ဆက္လက္ျပီးေတာ့ ''Two-factor Authentication'' ထဲက တစ္ခုအပါအဝင္ျဖစ္တဲ့ ''SMS Authentication'' အေျကာင္း ဆက္လက္ေဖာ္ျပပါ့မယ္ ခင္ဗ်။
#photo credit to google!
''SMS Authentication'' စနစ္ဆိုတာ က်ြန္ေတာ္တို့ ''Acount'' နဲ့ ခ်ိတ္ဆက္ထားတဲ့ ''Phone'' ထဲကို ''SMS'' ကေန ''OTP(One Time Password) ပို့ေပးျပီး အဲ့ဒီ ''Password'' ကို မွန္ေအာင္ ထည့္သြင္းႏိုင္မွသာ က်ြန္ေတာ္တို့ ''Account'' ထဲကို ''Log in'' ဝင္ေရာက္ျခင္း နဲ့ ေငြထုတ္ျခင္း (Withdrawl) တို့ကို ျပုလုပ္ႏိုင္ေအာင္ စီစဥ္ထားတဲ့ စနစ္ျဖစ္ပါတယ္။
#photo credit to google!
''SMS Authentication'' ျပုလုပ္ဖို့အတြက္ က်ြန္ေတာ္တို့မွာ ''US Phone Number'' တစ္ခုရွိဖို့လိုပါတယ္။ဘာလို့လည္းဆိုေတာ့ ျမန္မာႏိုင္ငံက ''Phone'' နံပါတ္ကို ''Exmo''က ''Support'' လုပ္မေပးႏိုင္လို့ပဲ ျဖစ္ပါတယ္။ဆိုလိုတာက က်ြန္ေတာ္တို့ရဲ့ ျမန္မာႏိုင္ငံက ''Mobile Phone'' ထဲကို ''Exmo''က ''SMS'' ေရာက္ေအာင္ ပို့မေပးႏိုင္ဘူးလို့ ဆိုလိုတာပါ။အဲဒီကိစၥနဲ့ ပတ္သက္ျပီး က်ြန္ေတာ္ ''Exmo Live Chat'' ကေနျပီး စကားေျပာဖူးပါတယ္။''Exmo Live Chat'' ကလည္း ရင္းႏွီးေဖာ္ေရြတဲ့အျပင္ ကူညီလိုစိတ္ရွိတာကိုလည္း ေတြ့ရပါတယ္။
#photo credit to google!
''Exmo Live Chat'' က ''Support Team'' ကို ဆက္သြယ္ျပီး အက်ိုးအေျကာင္းျပန္ျကားေပးမယ္လို့ေျပာပါတယ္။အဲဒီေနာက္ သိပ္မျကာပါဘူး။က်ြန္ေတာ့''Email'' ထဲကို ''Exmo Technical Team''က က်ြန္ေတာ့ ''Problem'' ကို ေျဖရွင္းထားျပီးျဖစ္ေျကာင္းနဲ့ ''Phone'' ထဲက ''SMS'' ကို စစ္ေဆးျကည့္ဖို့ ''Reply'' ျပန္လာပါတယ္။က်ြန္ေတာ့ဖုန္းထဲက ''SMS'' ေတြကို စစ္ျကည့္ေတာ့ ''Exmo'' က ပို့လိုက္တဲ့ ''OTP SMS'' ေရာက္မလာတာေတြ့ရပါတယ္။အဲဒါနဲ့ က်ြန္ေတာ္လည္း ''US Phone Number'' တစ္ခုနဲ့ ခ်ိတ္ျပီး ''SMS Authentication'' လုပ္ျကည့္ေတာ့ ''OTP SMS'' တန္းဝင္လာေတြ့ရပါတယ္။အမွန္တကယ္ေတာ့ က်ြန္ေတာ္က ေဘာစိမဟုတ္ေတာ့ $50 ေလာက္ပဲထည့္ ''Trade''ျပီး မုန့္ဖိုးပဲဖိုးေလာက္ပဲရွာေနတာပါ။မျဖစ္စေလာက္ေငြေလးထည့္ထားျပီး သူတပါးကို သြားမရစ္ခ်င္တာရယ္၊''US Phone Number'' နဲ့လည္း အေဆင္ေျပေနတာရယ္ေျကာင့္ ျမန္မာဖုန္းနံပါတ္ကို ''OTP SMS'' မေရာက္တဲ့ကိစၥနဲ့ ပတ္သက္ျပီး ''Exmo live chat'' ကို ထပ္ျပီး ''Complain'' မတက္ေတာ့ပါဘူး။မိတ္ေဆြတို့အေနနဲ့ $ ရာ၊ေထာင္ခ်ီျပီး ''Trade'' လုပ္မယ္ဆိုရင္ေတာ့ ျမန္မာဖုန္းနံပါတ္နဲ့ ''SMS Authentication'' ျပုလုပ္ဖို့အတြက္ ''Complain'' တက္သင့္ပါတယ္။
ဟုတ္ကဲ့။က်ြန္ေတာ္အခု ေျပာျပမွာကေတာ့ ''US Phone Number'' တစ္ခုနဲ့ က်ြန္ေတာ္တို့ရဲ့ ''Exmo Account'' ကို ခ်ိတ္ဆက္ျပီး ''SMS Authentication'' ျပုလုပ္ပံုပဲ ျဖစ္ပါတယ္။
''US Phone Number'' တစ္ခု အခမဲ့ ရယူဖို့အတြက္ ''Application'' တစ္ခု လိုပါတယ္။
က်ြန္ေတာ္ကေတာ့ ''Talkatone'' ဆိုတဲ့ ''Application'' ကို သံုးပါတယ္။အျခားေသာ ''Text Now'' တို့ ''Text Me Up'' တို့ အစရွိတဲ့ ''Application'' ေတြနဲ့လည္း အဆင္ေျပႏိုင္ေလာက္ပါတယ္ ခင္ဗ်။
#photo credit to google!
ဒါကေတာ့ ''Talkatone Application Pcloud Link'' ပါ။
https://my.pcloud.com/publink/show?code=XZBtU77ZlQsqaf4z144rhHmvK1dRMmFhdNbk
''Talkatone App'' နဲ့ ''US Phone'' နံပါတ္တစ္ခု အခမဲ့ ရယူျခင္းအေျကာင္း က်ြန္ေတာ္ ''Steemit'' မွာ ''Post'' တစ္ခုေရးထားပါတယ္။ေအာက္က ''Link'' မွာ ဝင္ေရာက္ျကည့္ရႈႏိုင္ပါတယ္ ခင္ဗ်။
''US Phone'' နံပါတ္တစ္ခု အခမဲ့ရယူျခင္း;
https://steemit.com/myanmar/@thantzin/america-pnone-number-tskhuko-akhme-yayuyakhng-original-post-by-thantzin-moe-hlaing
ဟုတ္ကဲ့။''US Phone Number'' တစ္ခု ရယူျပီးသြားရင္ အခု ဆက္လက္ျပီးေတာ့ ''Exmo Account'' နဲ့ ''US Phone Number'' ခ်ိတ္ဆက္ျပီး ''SMS Authentication'' ျပုလုပ္ပံုအေျကာင္း ဆက္ပါမယ္ ခင္ဗ်။
ပထမဦးဆံုး က်ြန္ေတာ္တို့ ''Exmo Account'' ထဲက ''Profile Setting'' ကို သြားပါမယ္။
အဲဒီေနာက္ ''Protection'' ကို ႏွိပ္ပါမယ္။
အဲဒီေနာက္ ''Two-factor Authentication'' ေခါင္းစဥ္ေအာက္က ''SMS Authentication'' ကို ႏွိပ္ပါမယ္။
အဲဒီေနာက္ ''Your Phone Number'' ရဲ့ေအာက္က ေလးေထာင့္ကြက္ထဲမွာ ''Talkatone Application'' ကရလာတဲ့ ''US Phone'' နံပါတ္ထည့္ျပီး ''Verify'' ကို ႏွိပ္ပါမယ္။
အဲဒီေနာက္ ''Exmo'' က က်ြန္ေတာ္တို့ ေပးထားတဲ့ ''US Phone'' နံပါတ္ထဲကို ဂဏန္း ၉လံုးပါတဲ့ ''OTP Code'' တစ္ခု ပို့ေပးပါလိမ့္မယ္။အဲဒီ ''Code'' နံပါတ္ကို ''Comfirmation Code'' ရဲ့ ေအာက္က ေလးေထာင့္ကြက္ထဲမွာ ျဖည့္ျပီး ''Confirm'' ကို ႏွိပ္ပါမယ္။
အဲဒီေနာက္ ''Box'' တစ္ခု ေပၚလာပါမယ္။
က်ြန္ေတာ္တို့ အခု လုပ္ေဆာင္ခ်က္အတြက္ အတည္ျပုခ်က္ေတာင္းတာ ျဖစ္ပါတယ္။
အတည္ျပုေပးဖို့အတြက္ "Google Authenticator App'' ထဲက ''TOTP (Time-base One Time Password) ကို ''Copy'' ယူျပီး ေလ့ေထာင့္ကြက္ထဲမွာ ''Paste'' လုပ္ျပီး ''Yes'' ကို ႏွိပ္ေပးရပါမယ္။
အဲဒီေနာက္ ''Phone'' နံပါတ္ အတည္ျပုျပီးေျကာင္း စာေတြ့ရပါလိမ့္မယ္။
''OK'' ႏွိပ္ေပးလိုက္ပါ။
ဟုတ္ကဲ့။အခုဆိုရင္ေတာ့ က်ြန္ေတာ္တို့ရဲ့ ''Exmo Account'' ကို တတ္ႏိုင္သမ်ွ လံုျခံဳေအာင္ ''Exmo.com'' က စီမံေပးထားတဲ့ လံုျခံဳေရးစနစ္ေတြအားလံုးကို လုပ္ေဆာင္ျပီးသြားျပီ ျဖစ္ပါတယ္။ဒါေပမယ့္ အေကာင့္လံုျခံဳေရးအတြက္ ေနာက္ထပ္ဂရုစိုက္ရမယ့္ အခ်က္ကေလးေတြရွိပါေသးတယ္။
ဟုတ္ကဲ့။စာလည္း အေတာ္ရွည္သြားျပီ ခင္ဗ်။အပိုင္း ၅ ကိုလည္း အားေပးပါဦး ခင္ဗ်။
က်ြန္ေတာ္ရဲ့ Post ကို ဖတ္ရႈေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ခင္ဗ်။
မိတ္ေဆြမ်ားအားလံုး က်မ္းမာ ခ်မ္းသာျပီး မဂၤလာရွိတဲ့ ေန့ရက္ေလးေတြကို ပိုင္ဆိုင္ႏိုင္ပါေစ ခင္ဗ်။
ခ်စ္ခင္ေလးစားစြာျဖင့္-----
(moehlaing)
*****-----*****-----*****-----*****-----*****
unicode;
မင်္ဂလာပါ ခင်ဗျ။ရှေ့က အပိုင်းတွေမှာ ''exmo.com''အကြောင်း၊ ''Account'' ပြုလုပ်ပုံ၊ ကျွန်တော်တို့ရဲ့ ''Account'' တွေကို ''Trusted IP'',''Google Authenticator'' တို့နဲ့ ကာကွယ်ထားနိုင်တဲ့အကြောင်း ရေးခဲ့ပါတယ် ခင်ဗျ။အခု ဆက်လက်ပြီးတော့ ''Two-factor Authentication'' ထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ ''SMS Authentication'' အကြောင်း ဆက်လက်ဖော်ပြပါ့မယ် ခင်ဗျ။
#photo credit to google!
''SMS Authentication'' စနစ်ဆိုတာ ကျွန်တော်တို့ ''Acount'' နဲ့ ချိတ်ဆက်ထားတဲ့ ''Phone'' ထဲကို ''SMS'' ကနေ ''OTP(One Time Password) ပို့ပေးပြီး အဲ့ဒီ ''Password'' ကို မှန်အောင် ထည့်သွင်းနိုင်မှသာ ကျွန်တော်တို့ ''Account'' ထဲကို ''Log in'' ဝင်ရောက်ခြင်း နဲ့ ငွေထုတ်ခြင်း (Withdrawl) တို့ကို ပြုလုပ်နိုင်အောင် စီစဉ်ထားတဲ့ စနစ်ဖြစ်ပါတယ်။
#photo credit to google!
''SMS Authentication'' ပြုလုပ်ဖို့အတွက် ကျွန်တော်တို့မှာ ''US Phone Number'' တစ်ခုရှိဖို့လိုပါတယ်။ဘာလို့လည်းဆိုတော့ မြန်မာနိုင်ငံက ''Phone'' နံပါတ်ကို ''Exmo''က ''Support'' လုပ်မပေးနိုင်လို့ပဲ ဖြစ်ပါတယ်။ဆိုလိုတာက ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံက ''Mobile Phone'' ထဲကို ''Exmo''က ''SMS'' ရောက်အောင် ပို့မပေးနိုင်ဘူးလို့ ဆိုလိုတာပါ။အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် ''Exmo Live Chat'' ကနေပြီး စကားပြောဖူးပါတယ်။''Exmo Live Chat'' ကလည်း ရင်းနှီးဖော်ရွေတဲ့အပြင် ကူညီလိုစိတ်ရှိတာကိုလည်း တွေ့ရပါတယ်။
#photo credit to google!
''Exmo Live Chat'' က ''Support Team'' ကို ဆက်သွယ်ပြီး အကျိုးအကြောင်းပြန်ကြားပေးမယ်လို့ပြောပါတယ်။အဲဒီနောက် သိပ်မကြာပါဘူး။ကျွန်တော့''Email'' ထဲကို ''Exmo Technical Team''က ကျွန်တော့ ''Problem'' ကို ဖြေရှင်းထားပြီးဖြစ်ကြောင်းနဲ့ ''Phone'' ထဲက ''SMS'' ကို စစ်ဆေးကြည့်ဖို့ ''Reply'' ပြန်လာပါတယ်။ကျွန်တော့ဖုန်းထဲက ''SMS'' တွေကို စစ်ကြည့်တော့ ''Exmo'' က ပို့လိုက်တဲ့ ''OTP SMS'' ရောက်မလာတာတွေ့ရပါတယ်။အဲဒါနဲ့ ကျွန်တော်လည်း ''US Phone Number'' တစ်ခုနဲ့ ချိတ်ပြီး ''SMS Authentication'' လုပ်ကြည့်တော့ ''OTP SMS'' တန်းဝင်လာတွေ့ရပါတယ်။အမှန်တကယ်တော့ ကျွန်တော်က ဘောစိမဟုတ်တော့ $50 လောက်ပဲထည့် ''Trade''ပြီး မုန့်ဖိုးပဲဖိုးလောက်ပဲရှာနေတာပါ။မဖြစ်စလောက်ငွေလေးထည့်ထားပြီး သူတပါးကို သွားမရစ်ချင်တာရယ်၊''US Phone Number'' နဲ့လည်း အဆေင်ပြေနေတာရယ်ကြောင့် မြန်မာဖုန်းနံပါတ်ကို ''OTP SMS'' မရောက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ''Exmo live chat'' ကို ထပ်ပြီး ''Complain'' မတက်တော့ပါဘူး။မိတ်ဆွေတို့အနေနဲ့ $ ရာ၊ထောင်ချီပြီး ''Trade'' လုပ်မယ်ဆိုရင်တော့ မြန်မာဖုန်းနံပါတ်နဲ့ ''SMS Authentication'' ပြုလုပ်ဖို့အတွက် ''Complain'' တက်သင့်ပါတယ်။
ဟုတ်ကဲ့။ကျွန်တော်အခု ပြောပြမှာကတော့ ''US Phone Number'' တစ်ခုနဲ့ ကျွန်တော်တို့ရဲ့ ''Exmo Account'' ကို ချိတ်ဆက်ပြီး ''SMS Authentication'' ပြုလုပ်ပုံပဲ ဖြစ်ပါတယ်။
''US Phone Number'' တစ်ခု အခမဲ့ ရယူဖို့အတွက် ''Application'' တစ်ခု လိုပါတယ်။
ကျွန်တော်ကတော့ ''Talkatone'' ဆိုတဲ့ ''Application'' ကို သုံးပါတယ်။အခြားသော ''Text Now'' တို့ ''Text Me Up'' တို့ အစရှိတဲ့ ''Application'' တွေနဲ့လည်း အဆင်ပြေနိုင်လောက်ပါတယ် ခင်ဗျ။
#photo credit to google!
ဒါကတော့ ''Talkatone Application Pcloud Link'' ပါ။
https://my.pcloud.com/publink/show?code=XZBtU77ZlQsqaf4z144rhHmvK1dRMmFhdNbk
''Talkatone App'' နဲ့ ''US Phone'' နံပါတ်တစ်ခု အခမဲ့ ရယူခြင်းအကြောင်း ကျွန်တော် ''Steemit'' မှာ ''Post'' တစ်ခုရေးထားပါတယ်။အောက်က ''Link'' မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ် ခင်ဗျ။
''US Phone'' နံပါတ်တစ်ခု အခမဲ့ရယူခြင်း;
https://steemit.com/myanmar/@thantzin/america-pnone-number-tskhuko-akhme-yayuyakhng-original-post-by-thantzin-moe-hlaing
ဟုတ်ကဲ့။''US Phone Number'' တစ်ခု ရယူပြီးသွားရင် အခု ဆက်လက်ပြီးတော့ ''Exmo Account'' နဲ့ ''US Phone Number'' ချိတ်ဆက်ပြီး ''SMS Authentication'' ပြုလုပ်ပုံအကြောင်း ဆက်ပါမယ် ခင်ဗျ။
ပထမဦးဆုံး ကျွန်တော်တို့ ''Exmo Account'' ထဲက ''Profile Setting'' ကို သွားပါမယ်။
အဲဒီနောက် ''Protection'' ကို နှိပ်ပါမယ်။
အဲဒီနောက် ''Two-factor Authentication'' ခေါင်းစဉ်အောက်က ''SMS Authentication'' ကို နှိပ်ပါမယ်။
အဲဒီနောက် ''Your Phone Number'' ရဲ့အောက်က လေးထောင့်ကွက်ထဲမှာ ''Talkatone Application'' ကရလာတဲ့ ''US Phone'' နံပါတ်ထည့်ပြီး ''Verify'' ကို နှိပ်ပါမယ်။
အဲဒီနောက် ''Exmo'' က ကျွန်တော်တို့ ပေးထားတဲ့ ''US Phone'' နံပါတ်ထဲကို ဂဏန်း ၉လုံးပါတဲ့ ''OTP Code'' တစ်ခု ပို့ပေးပါလိမ့်မယ်။အဲဒီ ''Code'' နံပါတ်ကို ''Comfirmation Code'' ရဲ့ အောက်က လေးထောင့်ကွက်ထဲမှာ ဖြည့်ပြီး ''Confirm'' ကို နှိပ်ပါမယ်။
အဲဒီနောက် ''Box'' တစ်ခု ပေါ်လာပါမယ်။
ကျွန်တော်တို့ အခု လုပ်ဆောင်ချက်အတွက် အတည်ပြုချက်တောင်းတာ ဖြစ်ပါတယ်။
အတည်ပြုပေးဖို့အတွက် "Google Authenticator App'' ထဲက ''TOTP (Time-base One Time Password) ကို ''Copy'' ယူပြီး လေ့ထောင့်ကွက်ထဲမှာ ''Paste'' လုပ်ပြီး ''Yes'' ကို နှိပ်ပေးရပါမယ်။
အဲဒီနောက် ''Phone'' နံပါတ် အတည်ပြုပြီးကြောင်း စာတွေ့ရပါလိမ့်မယ်။
''OK'' နှိပ်ပေးလိုက်ပါ။
ဟုတ်ကဲ့။အခုဆိုရင်တော့ ကျွန်တော်တို့ရဲ့ ''Exmo Account'' ကို တတ်နိုင်သမျှ လုံခြုံအောင် ''Exmo.com'' က စီမံပေးထားတဲ့ လုံခြုံရေးစနစ်တွေအားလုံးကို လုပ်ဆောင်ပြီးသွားပြီ ဖြစ်ပါတယ်။ဒါပေမယ့် အကောင့်လုံခြုံရေးအတွက် နောက်ထပ်ဂရုစိုက်ရမယ့် အချက်ကလေးတွေရှိပါသေးတယ်။
ဟုတ်ကဲ့။စာလည်း အတော်ရှည်သွားပြီ ခင်ဗျ။အပိုင်း ၅ ကိုလည်း အားပေးပါဦး ခင်ဗျ။
ကျွန်တော်ရဲ့ Post ကို ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျ။
မိတ်ဆွေများအားလုံး ကျမ်းမာ ချမ်းသာပြီး မင်္ဂလာရှိတဲ့ နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ပါစေ ခင်ဗျ။
ချစ်ခင်လေးစားစွာဖြင့်-----
(moehlaing)
*****-----*****-----*****-----*****-----*****