zawgi;
မဂၤလာပါ ခင္ဗ်။
အခု ဆက္လက္ျပီးေတာ့ ''Exmo Account Verification'' အေျကာင္း ဆက္ျကရေအာင္ ခင္ဗ်ာ။သာမန္အားျဖင့္ ''BTC,LTC,DOGE,DASH,ETH,WAVES,ZEC,XMR'' အစရွိတဲ့ ''Cryptocurrencies'' ေတြကို အသြင္းအထုတ္လုပ္ဖို့နဲ့ ''USD'' ကို ''PM,EPay,MONEY POLO,AdvCash,FasaPay,OKPAY,PAYEER'' အစရွိတဲ့ အြန္လိုင္းေငြေျကးေတြနဲ့ ေငြသြင္းဖို့၊''PM,EPay,MONEY POLO,AdvCash,OKPAY,PAYEER'' အစရွိတဲ့ အြန္လိုင္းေငြေျကးေတြနဲ့ ေငြထုတ္ယူဖို့အတြက္ဆိုရင္ ''Account Verify'' လုပ္ဖို့မလိုအပ္ပါဘူး။
ဒါေပမယ့္ ''USD'' ကို ''Wire Transfer,NETELLER,PAYZA'' အစရွိတဲ့ အြန္လိုင္းေငြေျကးေတြနဲ့ ေငြသြင္းခ်င္ရင္ ဒါမွမဟုတ္ ''CryptoCapital,Wire Transfer,Webmoney,PAYZA,VISA Or MASTER CARD'' အစရွိတာေတြနဲ့ ေငြထုတ္ခ်င္ရင္ေတာ့ ''Exmo Account Verification'' မျဖစ္မေန လုပ္ေဆာင္ထားရမွာ ျဖစ္ပါတယ္။
က်ြန္ေတာ္ကေတာ့ ''USD'' ကို ''PM'' နဲ့ပဲ ထုတ္ပါတယ္။''PM'' ရဲ့ ''Withdrawl Fee'' ကလည္း ''2%'' ဆိုေတာ့ မမ်ားတဲ့အတြက္ေျကာင့္ ''Exmo'' မွာ ''USD'' ကို ''PM'' နဲ့ ထုတ္ရတာ အဆင္ေျပပါတယ္။ဒါ့ေျကာင့္ က်ြန္ေတာ္တို့အေနနဲ့ သာမန္အားျဖင့္ဆိုရင္ေတာ့ ''Account Verify'' လုပ္စရာ မလိုပါဘူး။
က်ြန္ေတာ္လည္း ''Account Verify'' လုပ္မထားပါဘူး။ဒါေပမယ့္ ေနာင္တစ္ခ်ိန္ လိုအပ္လာခဲ့သည္ရွိေသာ္ဆိုတဲ့ ရည္ရြယ္ခ်က္နဲ့ ''Exmo Account Verify'' လုပ္ဖို့အတြက္ ျကိုးစားျကည့္ခဲ့ ဖူးပါတယ္။
''Exmo Account Verify'' လုပ္ဖို့ အဆင့္(၃)ဆင့္ လုပ္ေဆာင္ရမွာ ျဖစ္ပါတယ္။
အဲဒီအဆင့္ေတြကေတာ့-----
1.Identity Verification
2.Address Verification
3.Aggrement Verification တို့ပဲ ျဖစ္ပါတယ္။
''Exmo Account Verification'' ျပုလုပ္ဖို့အတြက္ ''Profile>Account Verification'' အတိုင္း သြားပါမယ္။ဒါဆိုရင္ေတာ့ ''User Verification'' ဆိုတဲ့ စာမ်က္ႏွာကို ေရာက္သြားပါမယ္။ပံုထဲကအတိုင္း ''Account Verification'' ျပုလုပ္ဖို့အတြက္ အဆင့္(၃)ဆင့္ေတြ့ရပါမယ္။
အဆင့္(၁)ကေတာ့ ''Identity Verification'' ပါ။''ID Verify'' လုပ္ဖို့အတြက္ ''Passport'' (ႏိုင္ငံကူးလက္မွတ္) လိုအပ္ပါတယ္။''Driving Licence'''(ယဥ္ေမာင္းလိုင္စဥ္) နဲ့ ''Verify'' လုပ္လို့မရပါဘူး။ႏိုင္ငံျခားတိုင္းျပည္ေတြမွာေတာ့ ''National ID Card'' (ႏိုင္ငံသားမွတ္ပံုတင္ကဒ္)က ''Smart Card'' ေတြဆိုေတာ့ အခ်က္အလက္ေတြကို ''English'' လို ေရးထားတဲ့အတြက္ေျကာင့္ သူတို့ရဲ့ ''National ID Card'' နဲ့ ''Account Verify'' လုပ္ရတာ အဆင္ေျပတာေပါ့ဗ်ာ။ဒါေပမယ့္ က်ြန္ေတာ္တို့ျမန္မာျပည္က
ႏိုင္ငံသား(စကၠဴ )ကဒ္က ျမန္မာလိုပဲေရးထားတာဆိုေတာ့ ''Acvount Verify'' လုပ္ဖို့က အဆင္မေျပပါဘူး။အဲဒါေျကာင့္ က်ြန္ေတာ္ ''Exmo Live Chat'' ကေန အကူအညီေတာင္းျကည့္ပါတယ္။၃၊၄ ရက္ေလာက္ျကာေတာ့ ''Official Notary'' နဲ့ ''English'' လို
ဘာသာျပန္ထားတဲ့ ျမန္မာ ႏိုင္ငံသားကဒ္ကို ''Id Verification'' အတြက္ လက္ခံမယ္လို့ ''Email'' ကတဆင့္ အေျကာင္းျပန္ပါတယ္။
က်ြန္ေတာ္ေနတဲ့ ေတာမွာက ႏိုျတီေရွ့ေန
မေျပာနဲ့၊ရိုးရိုးေရွ့ေနေတာင္ ရွိတာမဟုတ္ဘူး။
ႏိုျတီေရွ့ေနဆိုတာ ရန္ကုန္၊မႏၲေလးလို
ျမို့ျကီးေတြမွာပဲ ရွိမွာေလ။ကိုယ္ကလည္း ရန္ကုန္တို့ မႏၲေလးတို့ကို အျမဲတမ္းသြားေနတဲ့သူမဟုတ္။''Exmo'' မွာ ''PM'' နဲ့လည္း အဆင္ေျပေနတဲ့အတြက္ က်ြန္ေတာ္ ''Account Verification'' မလုပ္ျဖစ္ေတာ့ပါဘူး။ဒါေပမယ့္ မိတ္ေဆြတို့ ''Account Verify'' လုပ္ခ်င္တယ္ ဆိုရင္ေတာ့ လုပ္ပါ။''Passport'' နဲ့ ''Driving Licence'' မရွိလည္း ျမန္မာႏိုင္ငံသားကဒ္ကို ႏိုျတီေရွ့ေနဆီမွာ ''English''လို ဘာသာျပန္ခိုင္းျပီး ''Id Verification'' လုပ္လို့ အဆင္ေျပပါတယ္ ခင္ဗ်။
ပံုထဲမွာ က်ြန္ေတာ္နမူနာပံုစံ ျဖည့္ျပထားပါတယ္ ခင္ဗ်။
အဆင့္(၂)ကေတာ့ ''Address Verification'' ျဖစ္ပါတယ္။
ဒီအခ်က္ကေတာ့ ဘဏ္စာအုပ္ ဒါမွမဟုတ္ ေငြလႊဲခ်လံ လိုအပ္ပါတယ္။လိပ္စာကို အဓိက ''Verify'' လုပ္ရတာျဖစ္တဲ့အတြက္ေျကာင့္ မွတ္ပံုတင္ထဲက လိပ္စာ၊ဘဏ္စာအုပ္ ဒါမွမဟုတ္ ေငြလႊဲခ်လံထဲက လိပ္စာ၊အခု က်ြန္ေတာ္တို့ ဒီမွာ ျဖည့္မယ့္လိပ္စာ အားလံုးတူေနရင္ေတာ့ ပိုေကာင္းမယ္ ထင္ပါတယ္။
ပံုထဲမွာ က်ြန္ေတာ္နမူနာပံုစံ ျဖည့္ျပထားပါတယ္ ခင္ဗ်။
''Id Verification'' နဲ့ ''Address Verification'' အတြက္ ''Photo'' ေတြ ''Upload'' တင္တဲ့အခါ သတိထားရမယ့္ အခ်က္ေလးေတြကိုလည္း ေတြ့ရပါတယ္။
*က်ြန္ေတာ္တို့ ''Upload'' တင္မယ့္ ''Scan Copies or Photos'' ေတြဟာ ျကည္လင္ျပတ္သားမႈရွိရပါမယ္။
*''Photos'' ထဲက အခ်က္အလက္ေတြ (ဥပမာ-Passport or National Id)ရဲ့ ေထာင့္ေလးေထာင့္လံုး ပါေနရပါမယ္။
*''Passport or National Id'' စတဲ့ ''Documents'' ေတြရဲ့ ပံုေတြေပၚမွာ မူလ ''Documents'' ေတြနဲ့ မသက္ဆိုင္တဲ့ ပစၥည္းေတြ(ဥပမာ-ခဲတံ၊လက္ေခ်ာင္းမ်ား အစရွိသည္ေတြ)မပါေစရပါဘူး။
*ျပုျပင္တည္းျဖတ္ထားတဲ့ ဓါတ္ပံုေတြကို ''Exmo'' က ''Account Verify'' ျပုလုပ္ဖို့အတြက္ လက္မခံပါဘူး။
*ဓါတ္ပံုေတြရဲ့ ''Size'' ဟာ ''500 Kb to 5 Mb'' အတြင္းရွိရမွာ ျဖစ္ျပီး ဓါတ္ပံုဖိုင္ အမ်ိုးအစားကေတာ့ ''Jpg or Png'' အမ်ိုးအစား ျဖစ္ရပါမယ္။
ျမန္မာႏိုင္ငံ တိုင္းေဒသျကီးေတြရဲ့ 'Postal Code'' ေတြကိုလည္း ''Note''ထဲ ''Save'' ထားတာ ျပန္ေတြ့လို့ လိုအပ္ရင္ အသံုးျပုလို့ရေအာင္ ေဖာ္ျပေပးလိုက္ပါတယ္။
အဆင့္(၃)ကေတာ့ ''Aggrement Verification'' ျဖစ္ပါတယ္။''Exmo'' ရဲ့ ''Policies'' ေတြနဲ့ ''Terms & Conditions'' ေတြကို သေဘာတူညီေျကာင္း အတည္ျပုေပးရမွာ ျဖစ္ပါတယ္။
ဒီအဆင့္မွာေတာ့ ''User Agreement'' ဆိုတဲ့ ''PDF'' ဖိုင္ကို ပထမဦးဆံုး ''Download'' ဆြဲရပါမယ္။ျပီးရင္ ''Print'' ျပန္ထုတ္ရပါမယ္။ျပီးရင္ စာမ်က္ႏွာတိုင္းမွာ လက္မွတ္ထိုးေပးရပါမယ္။ျပီးရင္ လက္မွတ္ထိုးျပီးသား စာရြက္ေတြကို ''Scan'' ဖတ္ ဒါမွမဟုတ္ ဓါတ္ပံုရိုက္ျပီး ''Upload'' တင္ေပးရပါမယ္။
အဲဒီေနာက္ ''Exmo'' က ''Email'' ကေနတဆင့္ ျပန္ဆက္သြယ္ေပးပါလိမ့္မယ္။
တကယ္လို့ ''Exmo'' နဲ့ ပတ္သက္ျပီး သိခ်င္တာ တစ္စံုတစ္ခု ရွိလို့ျဖစ္ေစ၊ အခက္အခဲ တစ္စံုတစ္ခု ျကံုေတြ့ရလို့ျဖစ္ေစ ''Support''>''Online Chat==>Zendesk Chat'' အတိုင္းသြားျပီး ''Exmo Live Chat'' ကေန ခ်က္ခ်င္း ေမးျမန္းေဆြးေႏြး အကူအညီ ေတာင္းခံႏိုင္ပါတယ္။
''Live Chat'' ဆိုတဲ့ အတိုင္း 24/7(ႏွစ္ဆယ့္ေလးနာရီ ခုနစ္ရက္ပတ္လံုး) မိတ္ေဆြသိလိုသမ်ွ ေျဖျကားေပးဖို့နဲ့ မိတ္ေဆြကို အကူအညီေပးဖို့ ''Exmo Live Chat''က အဆင္သင့္ျဖစ္ေနပါတယ္။
''Exmo Account Verification'' ျပီးသြားရင္ေတာ့ ''US$'' ကို မိတ္ေဆြတို့ရဲ့ ''Visa or Master Card'' ေတြထဲကို တိုက္ရိုက္ခ်ိတ္ဆက္ ထုတ္ယူႏိုင္လိမ့္မယ္လို့ ထင္ပါတယ္ ခင္ဗ်။
ဟုတ္ကဲ့။စာလည္းေတာ္ေတာ္ရွည္သြားျပီ ခင္ဗ်။ေနာက္တစ္ပိုင္း(နိဂုဏ္းပိုင္း)မွာေတာ့ ''Cryptocurrencies'' ေတြ အေရာင္းအဝယ္ျပုလုပ္ပံုကို ဆက္လက္ေဖာ္ျပပါ့မယ္ ခင္ဗ်။
က်ြန္ေတာ္ရဲ့ Post ကို ဖတ္ရႈေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ခင္ဗ်။မိတ္ေဆြမ်ားအားလံုး က်မ္းမာ ခ်မ္းသာျပီး မဂၤလာရွိတဲ့ ေန့ရက္ေလးေတြကို ပိုင္ဆိုင္ႏိုင္ပါေစ ခင္ဗ်။
ခ်စ္ခင္ေလးစားစြာျဖင့္-----
(moehlaing)
*****-----*****-----*****-----*****-----*****-----
unicode;
မင်္ဂလာပါ ခင်ဗျ။
အခု ဆက်လက်ပြီးတော့ ''Exmo Account Verification'' အကြောင်း ဆက်ကြရအောင် ခင်ဗျာ။သာမန်အားဖြင့် ''BTC,LTC,DOGE,DASH,ETH,WAVES,ZEC,XMR'' အစရှိတဲ့ ''Cryptocurrencies'' တွေကို အသွင်းအထုတ်လုပ်ဖို့နဲ့ ''USD'' ကို ''PM,EPay,MONEY POLO,AdvCash,FasaPay,OKPAY,PAYEER'' အစရှိတဲ့ အွန်လိုင်းငွေကြေးတွေနဲ့ ငွေသွင်းဖို့၊''PM,EPay,MONEY POLO,AdvCash,OKPAY,PAYEER'' အစရှိတဲ့ အွန်လိုင်းငွေကြေးတွေနဲ့ ငွေထုတ်ယူဖို့အတွက်ဆိုရင် ''Account Verify'' လုပ်ဖို့မလိုအပ်ပါဘူး။
ဒါပေမယ့် ''USD'' ကို ''Wire Transfer,NETELLER,PAYZA'' အစရှိတဲ့ အွန်လိုင်းငွေကြေးတွေနဲ့ ငွေသွင်းချင်ရင် ဒါမှမဟုတ် ''CryptoCapital,Wire Transfer,Webmoney,PAYZA,VISA Or MASTER CARD'' အစရှိတာတွေနဲ့ ငွေထုတ်ချင်ရင်တော့ ''Exmo Account Verification'' မဖြစ်မနေ လုပ်ဆောင်ထားရမှာ ဖြစ်ပါတယ်။
ကျွန်တော်ကတော့ ''USD'' ကို ''PM'' နဲ့ပဲ ထုတ်ပါတယ်။''PM'' ရဲ့ ''Withdrawl Fee'' ကလည်း ''2%'' ဆိုတော့ မများတဲ့အတွက်ကြောင့် ''Exmo'' မှာ ''USD'' ကို ''PM'' နဲ့ ထုတ်ရတာ အဆင်ပြေပါတယ်။ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ သာမန်အားဖြင့်ဆိုရင်တော့ ''Account Verify'' လုပ်စရာ မလိုပါဘူး။
ကျွန်တော်လည်း ''Account Verify'' လုပ်မထားပါဘူး။ဒါပေမယ့် နောင်တစ်ချိန် လိုအပ်လာခဲ့သည်ရှိသော်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ''Exmo Account Verify'' လုပ်ဖို့အတွက် ကြိုးစားကြည့်ခဲ့ ဖူးပါတယ်။
''Exmo Account Verify'' လုပ်ဖို့ အဆင့်(၃)ဆင့် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
အဲဒီအဆင့်တွေကတော့-----
1.Identity Verification
2.Address Verification
3.Aggrement Verification တို့ပဲ ဖြစ်ပါတယ်။
''Exmo Account Verification'' ပြုလုပ်ဖို့အတွက် ''Profile>Account Verification'' အတိုင်း သွားပါမယ်။ဒါဆိုရင်တော့ ''User Verification'' ဆိုတဲ့ စာမျက်နှာကို ရောက်သွားပါမယ်။ပုံထဲကအတိုင်း ''Account Verification'' ပြုလုပ်ဖို့အတွက် အဆင့်(၃)ဆင့်တွေ့ရပါမယ်။
အဆင့်(၁)ကတော့ ''Identity Verification'' ပါ။''ID Verify'' လုပ်ဖို့အတွက် ''Passport'' (နိုင်ငံကူးလက်မှတ်) လိုအပ်ပါတယ်။''Driving Licence'''(ယဉ်မောင်းလိုင်စဉ်) နဲ့ ''Verify'' လုပ်လို့မရပါဘူး။နိုင်ငံခြားတိုင်းပြည်တွေမှာတော့ ''National ID Card'' (နိုင်ငံသားမှတ်ပုံတင်ကဒ်)က ''Smart Card'' တွေဆိုတော့ အချက်အလက်တွေကို ''English'' လို ရေးထားတဲ့အတွက်ကြောင့် သူတို့ရဲ့ ''National ID Card'' နဲ့ ''Account Verify'' လုပ်ရတာ အဆင်ပြေတာပေါ့ဗျာ။ဒါပေမယ့် ကျွန်တော်တို့မြန်မာပြည်က
နိုင်ငံသား(စက္ကူ )ကဒ်က မြန်မာလိုပဲရေးထားတာဆိုတော့ ''Acvount Verify'' လုပ်ဖို့က အဆင်မပြေပါဘူး။အဲဒါကြောင့် ကျွန်တော် ''Exmo Live Chat'' ကနေ အကူအညီတောင်းကြည့်ပါတယ်။၃၊၄ ရက်လောက်ကြာတော့ ''Official Notary'' နဲ့ ''English'' လို
ဘာသာပြန်ထားတဲ့ မြန်မာ နိုင်ငံသားကဒ်ကို ''Id Verification'' အတွက် လက်ခံမယ်လို့ ''Email'' ကတဆင့် အကြောင်းပြန်ပါတယ်။
ကျွန်တော်နေတဲ့ တောမှာက နိုတြီရှေ့နေ
မပြောနဲ့၊ရိုးရိုးရှေ့နေတောင် ရှိတာမဟုတ်ဘူး။
နိုတြီရှေ့နေဆိုတာ ရန်ကုန်၊မန္တလေးလို
မြို့ကြီးတွေမှာပဲ ရှိမှာလေ။ကိုယ်ကလည်း ရန်ကုန်တို့ မန္တလေးတို့ကို အမြဲတမ်းသွားနေတဲ့သူမဟုတ်။''Exmo'' မှာ ''PM'' နဲ့လည်း အဆင်ပြေနေတဲ့အတွက် ကျွန်တော် ''Account Verification'' မလုပ်ဖြစ်တော့ပါဘူး။ဒါပေမယ့် မိတ်ဆွေတို့ ''Account Verify'' လုပ်ချင်တယ် ဆိုရင်တော့ လုပ်ပါ။''Passport'' နဲ့ ''Driving Licence'' မရှိလည်း မြန်မာနိုင်ငံသားကဒ်ကို နိုတြီရှေ့နေဆီမှာ ''English''လို ဘာသာပြန်ခိုင်းပြီး ''Id Verification'' လုပ်လို့ အဆင်ပြေပါတယ် ခင်ဗျ။
ပုံထဲမှာ ကျွန်တော်နမူနာပုံစံ ဖြည့်ပြထားပါတယ် ခင်ဗျ။
အဆင့်(၂)ကတော့ ''Address Verification'' ဖြစ်ပါတယ်။
ဒီအချက်ကတော့ ဘဏ်စာအုပ် ဒါမှမဟုတ် ငွေလွှဲချလံ လိုအပ်ပါတယ်။လိပ်စာကို အဓိက ''Verify'' လုပ်ရတာဖြစ်တဲ့အတွက်ကြောင့် မှတ်ပုံတင်ထဲက လိပ်စာ၊ဘဏ်စာအုပ် ဒါမှမဟုတ် ငွေလွှဲချလံထဲက လိပ်စာ၊အခု ကျွန်တော်တို့ ဒီမှာ ဖြည့်မယ့်လိပ်စာ အားလုံးတူနေရင်တော့ ပိုကောင်းမယ် ထင်ပါတယ်။
ပုံထဲမှာ ကျွန်တော်နမူနာပုံစံ ဖြည့်ပြထားပါတယ် ခင်ဗျ။
''Id Verification'' နဲ့ ''Address Verification'' အတွက် ''Photo'' တွေ ''Upload'' တင်တဲ့အခါ သတိထားရမယ့် အချက်လေးတွေကိုလည်း တွေ့ရပါတယ်။
*ကျွန်တော်တို့ ''Upload'' တင်မယ့် ''Scan Copies or Photos'' တွေဟာ ကြည်လင်ပြတ်သားမှုရှိရပါမယ်။
*''Photos'' ထဲက အချက်အလက်တွေ (ဥပမာ-Passport or National Id)ရဲ့ ထောင့်လေးထောင့်လုံး ပါနေရပါမယ်။
*''Passport or National Id'' စတဲ့ ''Documents'' တွေရဲ့ ပုံတွေပေါ်မှာ မူလ ''Documents'' တွေနဲ့ မသက်ဆိုင်တဲ့ ပစ္စည်းတွေ(ဥပမာ-ခဲတံ၊လက်ချောင်းများ အစရှိသည်တွေ)မပါစေရပါဘူး။
*ပြုပြင်တည်းဖြတ်ထားတဲ့ ဓါတ်ပုံတွေကို ''Exmo'' က ''Account Verify'' ပြုလုပ်ဖို့အတွက် လက်မခံပါဘူး။
*ဓါတ်ပုံတွေရဲ့ ''Size'' ဟာ ''500 Kb to 5 Mb'' အတွင်းရှိရမှာ ဖြစ်ပြီး ဓါတ်ပုံဖိုင် အမျိုးအစားကတော့ ''Jpg or Png'' အမျိုးအစား ဖြစ်ရပါမယ်။
မြန်မာနိုင်ငံ တိုင်းဒေသကြီးတွေရဲ့ 'Postal Code'' တွေကိုလည်း ''Note''ထဲ ''Save'' ထားတာ ပြန်တွေ့လို့ လိုအပ်ရင် အသုံးပြုလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။
အဆင့်(၃)ကတော့ ''Aggrement Verification'' ဖြစ်ပါတယ်။''Exmo'' ရဲ့ ''Policies'' တွေနဲ့ ''Terms & Conditions'' တွေကို သဘောတူညီကြောင်း အတည်ပြုပေးရမှာ ဖြစ်ပါတယ်။
ဒီအဆင့်မှာတော့ ''User Agreement'' ဆိုတဲ့ ''PDF'' ဖိုင်ကို ပထမဦးဆုံး ''Download'' ဆွဲရပါမယ်။ပြီးရင် ''Print'' ပြန်ထုတ်ရပါမယ်။ပြီးရင် စာမျက်နှာတိုင်းမှာ လက်မှတ်ထိုးပေးရပါမယ်။ပြီးရင် လက်မှတ်ထိုးပြီးသား စာရွက်တွေကို ''Scan'' ဖတ် ဒါမှမဟုတ် ဓါတ်ပုံရိုက်ပြီး ''Upload'' တင်ပေးရပါမယ်။
အဲဒီနောက် ''Exmo'' က ''Email'' ကနေတဆင့် ပြန်ဆက်သွယ်ပေးပါလိမ့်မယ်။
တကယ်လို့ ''Exmo'' နဲ့ ပတ်သက်ပြီး သိချင်တာ တစ်စုံတစ်ခု ရှိလို့ဖြစ်စေ၊ အခက်အခဲ တစ်စုံတစ်ခု ကြုံတွေ့ရလို့ဖြစ်စေ ''Support''>''Online Chat==>Zendesk Chat'' အတိုင်းသွားပြီး ''Exmo Live Chat'' ကနေ ချက်ချင်း မေးမြန်းဆွေးနွေး အကူအညီ တောင်းခံနိုင်ပါတယ်။
''Live Chat'' ဆိုတဲ့ အတိုင်း 24/7(နှစ်ဆယ့်လေးနာရီ ခုနစ်ရက်ပတ်လုံး) မိတ်ဆွေသိလိုသမျှ ဖြေကြားပေးဖို့နဲ့ မိတ်ဆွေကို အကူအညီပေးဖို့ ''Exmo Live Chat''က အဆင်သင့်ဖြစ်နေပါတယ်။
''Exmo Account Verification'' ပြီးသွားရင်တော့ ''US$'' ကို မိတ်ဆွေတို့ရဲ့ ''Visa or Master Card'' တွေထဲကို တိုက်ရိုက်ချိတ်ဆက် ထုတ်ယူနိုင်လိမ့်မယ်လို့ ထင်ပါတယ် ခင်ဗျ။
ဟုတ်ကဲ့။စာလည်းတော်တော်ရှည်သွားပြီ ခင်ဗျ။နောက်တစ်ပိုင်း(နိဂုဏ်းပိုင်း)မှာတော့ ''Cryptocurrencies'' တွေ အရောင်းအဝယ်ပြုလုပ်ပုံကို ဆက်လက်ဖော်ပြပါ့မယ် ခင်ဗျ။
ကျွန်တော်ရဲ့ Post ကို ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျ။မိတ်ဆွေများအားလုံး ကျမ်းမာ ချမ်းသာပြီး မင်္ဂလာရှိတဲ့ နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ပါစေ ခင်ဗျ။
ချစ်ခင်လေးစားစွာဖြင့်-----
(moehlaing)