မင်္ဂလာပါ ခင်ဗျ။
အခု ဒီအပိုင်းမှာ ''Cryptocurrencies'' တွေ အရောင်းအဝယ်ပြုလုပ်ပုံ အကြောင်း ဖော်ပြပါ့မယ် ခင်ဗျ။ဒီအကြောင်းအရာကို ကျွန်တော်ရေးရခြင်း အကြောင်းအရင်းက ကျွန်တော် ''Trading'' အကြောင်းကို ''သိလွန်း၊တတ်လွန်း''လို့ ရေးတာမဟုတ်ပါဘူး။ကျွန်တော်ဟာ စီးပွါးရေးပညာရှင်လည်း မဟုတ်သလို ''Professional Trader'' တစ်ယောက်လည်း မဟုတ်ပါဘူး။ဝါသနာအရ အပျော်တမ်း ''Trading'' လုပ်နေရင်း လေ့လာသင်ယူနေဆဲသာ ဖြစ်ပါတယ်။ဒါ့ကြောင့် အခု ''Post'' မှာ လိုအပ်ချက် ဒါမှမဟုတ် အမှားအယွင်း တစ်စုံတစ်ရာ ရှိခဲ့ရင် နားလည်ခွင့်လွှတ်ပေးဖို့လည်း ကြိုတင်တောင်းပန်အပ်ပါတယ်။ကျွန်တော့်လောက်မှ မသိသေးတဲ့ ''Newbies'' တွေအတွက် ရည်ရွယ်ပြီး ဒီ ''Post'' ကို ရေးခြင်းဖြစ်ပါတယ်။ဟုတ်ကဲ့။စကြရအောင်ဗျာ။
''Trading'' ဆိုတာဘာလဲ?
ကျွန်တော် နားလည်သလိုပြောရရင် ''Trading'' ဆိုတာ အကျိုးအမြတ်ရရှိဖို့အတွက် ကုန်ပစ္စည်းတွေကို အရောင်းအဝယ်ပြုလုပ်ခြင်းဖြစ်ပါတယ်။လွယ်အောင်ပြောရရင်တော့ ''ဝယ်/ရောင်း'' လုပ်ခြင်းပဲ ဖြစ်ပါတယ်။
''Trading''လုပ်ဖို့ အတန်းပညာ ဘယ်လောက်များ လိုအပ်ပါသလဲ?
ကျွန်တော့အမြင် ပြောရရင်တော့ ''Trading'' လုပ်ဖို့ ဆယ်တန်းအောင်ဖို့ ''or'' ဘွဲ့ရဖို့ မလိုအပ်ပါဘူး။ကိုယ်အရောင်းအဝယ် လုပ်မယ့် ပစ္စည်းအကြောင်း နားလည်သဘောပေါက်ဖို့နဲ့ ဈေးကွက်အခြေအနေ သုံးသပ်တတ်ဖို့ပဲ လိုတာပါ။ဥပမာ-ကျွန်တော်နေတဲ့ ရွာထဲမှာတင် ဆယ်တန်းတောင်မအောင်ပဲ စပါးတွေ၊ပဲတွေ၊နှမ်းတွေ အစရှိတဲ့ သီးနှံတွေ ဝယ်ရောင်းလုပ်ပြီး(Trading လုပ်ပြီး) ကြီးပွါးချမ်းသာနေတဲ့သူတွေရှိပါတယ်။သူတို့ရဲ့ ပညာအရည်အချင်းဟာ ၇တန်း၊ရှစ်တန်းပဲရှိပါတယ်။ဒါပေမယ့် သူတို့က သူတို့အရောင်းအဝယ်လုပ်နေတဲ့ ပစ္စည်းအကြောင်း ကောင်းကောင်းသိတယ်။ဈေးကွက်အခြေအနေကိုလည်း သိတယ်။ဆိုလိုတာက ဘယ်သီးနှံက ဘယ်အချိန်မှာ ဈေးကျပြီး ဘယ်အချိန်မှာ ဈေးပြန်တက်မယ်ဆိုတာကိုလည်း သိနေကြတယ်။ဒါ့ကြောင့် သီးနှံတွေ ဈေးကျချိန်မှာ သူတို့ဝယ်ထားပြီး ဈေးတက်တဲ့အချိန်မှ ပြန်ရောင်းတယ်။ဒါ့ကြောင့် သူတို့အရောင်းအဝယ်လုပ်ပြီး အမြတ်ရကြတဲ့အတွက် ကြီးပွါးချမ်းသာကြတယ်။
ဒါပေမယ့် အခု ကျွန်တော်တို့လုပ်မှာက ''Online'' ကို အသုံးပြုပြီး ''Cryptocurrencies'' တွေကို အရောင်းအဝယ်ပြုလုပ်ကြမှာပါ။ဒါ့ကြောင့် ''Online'' သုံးတတ်ရမယ်။''English''လည်း အကျွမ်းကျင်ကြီးမဟုတ်တောင် တီးမိခေါက်မိလေးတော့ရှိရမယ်။ပြီးတော့ ဈေးကွက်အခြေအနေကို အကဲခတ်နိုင်ဖို့ ''Chart'' ကြည့်တတ်ရမယ်။ပြီးတော့ ''Cryptocurrencies''တွေ အကြောင်း လက်လှမ်းမီသလောက် လေ့လာနိုင်ရမယ်။ဒီလောက်ဆိုရင် ''Exmo'' မှာ ''Cryptocurrencies'' တွေ ''Trading'' လုပ်လို့ အဆင်ပြေပါပြီ။
#photo taken from pexels!
ဘယ်ငွေကြေး(Cryptocurrencies)တွေကို အရောင်းအဝယ်လုပ်မှာလည်း?
ဈေးကွက်မှာ ငွေကြေးအတွဲတွေကို တွေ့ရပါမယ်။ဥပမာ-''BTC/USD,ETH/USD''။''BTC/USD'' ဆိုတာက ''1 BTC'' နဲ့ ညီမျှတဲ့ "US$" ပမာဏကို ဆိုလိုတာပါ။ထို့အတူပဲ ''ETH/USD'' ဆိုတာ ''1 ETH'' နဲ့ ညီမျှတဲ့ ''US$''ပမာဏကို ဆိုလိုတာပါ။
''Exmo'' မှာ ခုလောလောဆယ် ''Cryptocurrencies'' အတွဲစုစုပေါင်း (၂၉)မျိုးကို အရောင်းအဝယ် လုပ်နိုင်ပါတယ်ခင်ဗျ။
ဈေးကွက်ပေါက်ဈေးကို ဘယ်လိုကြည့်ပြီးသိနိုင်သလဲ?
ဈေးကွက်မှာရောင်းသူဝယ်သူ နှစ်မျိုးရှိတဲ့အတွက် ဈေးကွက်ပေါက်ဈေးမှာလည်း ရောင်းသူတွေရောင်းမယ့် ရောင်းဈေးနဲ့ ဝယ်တဲ့သူတွေဝယ်မယ့် ဝယ်ဈေးဆိုပြီး ဈေးနှုန်းနှစ်မျိုးဖြစ်နေပါတယ်။ဥပမာ-''BTC/USD''ကို ကြည့်လိုက်ရင် ''Buy Orders'' ရဲ့ အောက်မှာ ''4330.02'' လို့တွေ့ရပါမယ်။ဆိုလိုတာက''1BTC''ကို ''4330.02US$''ဈေးနဲ့ ဝယ်မယ်လို့ ဈေးခေါ်ထားတာပါ။''Sell Orders'' ရဲ့ အောက်မှာတော့ ''4348" လို့တွေ့ရပါမယ်။ဆိုလိုတာက ''1BTC'' ကို ''4348 US$" ဈေးနဲ့ ရောင်းမယ်လို့ဈေးခေါ်ထားတာပါ။
ဝယ်တဲ့သူတွေက သူတို့စိတ်ထဲမှာ ဈေးကျနေပြီလို့ ယူဆတဲ့ ဈေးနှုန်းတစ်ခုမှာ ဝယ်မယ်။ပြီးရင် ဈေးတင်ပြီးအမြတ်ရအောင် ပြန်ရောင်းကြမယ်။ဒါ့အပြင် ''Cryptocurrency'' တစ်ခုကို ဝယ်လိုက်ပြီဆိုကတည်းက ''Fee'' က ပေးရပါပြီ။ဒါ့ကြောင့်ဈေးကွက်ထဲမှာ ''Sell Order'' ဖွင့်ထားတဲ့ဈေးတွေဟာ ''Buy Order'' ဖွင့်ထားတဲ့ ဈေးတွေထက် အမြဲတမ်းပိုပြီးတော့ များနေတာကို တွေ့ရပါမယ်။
ဘယ်လို ''Trade'' မှာလည်း?
ကျွန်တော်တို့ ''Cryptocurrencies'' တွေ အရောင်းအဝယ် ပြုလုပ်ခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အမြတ်ရဖို့ပါ။အမြတ်ရဖို့အတွက် ကျွန်တော်တို့ အရောင်းအဝယ်လုပ်ရမယ့် ပုံစံ ကတော့ ကိုယ့်လက်ထဲ မရှိသေးတဲ့ ''Cryptocurrency'' တစ်ခုကို ဈေးကျတဲ့အချိန်ဝယ်ပြီး ဈေးတက်တဲ့အချိန် ပြန်ရောင်းတဲ့ ပုံစံ ဖြစ်ပါတယ်။ဥပမာ-မိတ်ဆွေလက်ထဲမှာ ''350 US$'' ရှိတယ် ဆိုပါစို့ ။
ဈေးကွက်မှာ ''BTC''ဈေးကျနေပြီး ''1BTC=3500USD'' ပေါက်ဈေးရှိနေမယ်။မိတ်ဆွေက ''BTC'' ဈေးတက်လာမယ်လို့ ခန့်မှန်းထားတယ်ဆိုရင် မိတ်ဆွေလက်ထဲက ''350 USD''နဲ့ လက်ရှိပေါက်ဈေးအတိုင်း ''BTC''ဝယ်ရင် ''0.1 BTC'' ရပါမယ်။အဲဒီနောက် အချိန်ကာလ တစ်ခုအတွင်း ''BTC'' ဈေးဟာ မိတ်ဆွေမျှော်လင့်ထားသလို ဈေးတက်ပြီး ''1BTC=3700" ဈေးပေါက်နေပြီ ဆိုပါဆို့။
ဒါဆိုရင် လက်ရှိပေါက်ဈေးအရ မိတ်ဆွေဟာ ''20 USD'' မြတ်သွားပါပြီ။''Dealing Fee''
(ကော်မရှင်)0.2% နှုတ်လိုက်ရင် "18.6US$"လောက် အသားတင်မြတ်ပါမယ်။ဒါပေမယ့် ဈေးကွက်မှာ ''BTC''ဈေးဟာ မိတ်ဆွေမျှော်လင့်ထားသလို တက်မလာပဲ ကျသွားခဲ့ရင်တော့ မိတ်ဆွေရှုံးမှာပေါ့။ဘယ်လောက်ဈေးရမှ ပြန်ရောင်းမယ်/ဘယ်လောက်ပမာဏ အထိ အမြတ်ယူမယ် ဆိုတာကတော့ မိတ်ဆွေရဲ့ ဆုံးဖြတ်ချက်ပါ။ကျွန်တော်က အရောင်းအဝယ် လုပ်ရမယ့် ပုံစံကို ဖော်ပြရုံသာ ဖြစ်ပါတယ်။
ဈေးကွက်မှာ ''Cryptocurrency'' တစ်ခု ဈေးအတက်အကျကို ဘယ်လိုသိနိုင်မှာလည်း?
ဈေးကွက်မှာ ''Cryptocurrency'' တစ်ခု ဈေးအတက်အကျကို ''Chart'' ကြည့်ပြီး အလွယ်တကူ သိနိုင်ပါတယ်။
"Chart'' ဆိုတာ ဘာလဲ?
''Trading'' မှာတော့ ''Chart'' ဆိုတာ အချိန်ကာလ အပိုင်းအခြားတစ်ခုအတွင်း ''Cryptocurrency'' တစ်ခုရဲ့ ဈေးနှုန်း(ဈေးအတက်အကျ)ကို ဖော်ပြပေးတဲ့ ''Graph'' တစ်ခုဖြစ်ပါတယ်။''Exmo'' မှာတော့ ''Candlestick Chart'' ပုံစံနဲ့ ဖော်ပြပါတယ်။
"Trading'' မလုပ်ခင်''Time Frame''အလိုက် ''Chart'' ကြည့်တတ်ဖို့ အရင်လုပ်ရပါမယ်။''Chart'' ကြည့်တယ်ဆိုတာလည်း သိပ်တော့ မခက်ခဲလှပါဘူး။ ''Chart'' ကြည့်တတ်သွားရင်''Candlestick'' လေးတွေကြည့်ပြီး ဈေးအတက်အကျ ယေဘုယျ ခန့်မှန်းလို့ရပါပြီ။
"Chart'' ကြည့်ပြီး ဘာဆက်လုပ်ရမလဲ?
''Chart'' ကြည့်ပြီးရင် ဈေးအတက်အကျ ခန့်မှန်းလို့ရပါပြီ။''Cryptocurrency''တစ်ခုရဲ့ ဈေးကျချိန်ကို စောင့်ပြီး အဲဒီ''Cryptocurrency'' ကို ဝယ်ထားရပါမယ်။ပြီးရင် ကိုယ်ရောင်းချင်တဲ့ ဈေးနှုန်းသတ်မှတ်ပြီး ''Limit Order'' ဖွင့်ပြီး ရောင်းထားလိုက်ရုံပါပဲ။အဲဒါဆိုရင်တော့ ဈေးတက်လာပြီး ကျွန်တော်တို့ သတ်မှတ်ထားတဲ့ ဈေးနှုန်းရောက်လာတဲ့ အခါ သူ့အလိုလို ရောင်းပြီးသားဖြစ်သွားပါမယ်။အဲဒီလို ဝယ်ခြင်းနဲ့ရောင်းခြင်း ပြီးဆုံးသွားရင် ကျွန်တော်တို့ အမြတ်ရပါပြီ။
''Ceyptocurrencies''တွေကို ဘယ်လိုအရောင်းအဝယ် လုပ်ရမှာလည်း?
''Ceyptocurrencies''တွေကို အရောင်းအဝယ် လုပ်ဖို့ ''Order'' ဖွင့်ရပါမယ်။"Order''ဖွင့်တယ်ဆိုတာ ဈေးကွက်ထဲမှာ ဘယ်လောက်ဈေးနှုန်းနဲ့ ရောင်းမယ်/ဝယ်မယ်လို့ ဈေးခေါ်ထားခြင်း ဖြစ်ပါတယ်။ရောင်းချင်ရင်''Sell Order''ဖွင့်ရမှာဖြစ်ပြီး ဝယ်ချင်ရင် ''Buy Order''ဖွင့်ရမှာပါ။''Instant Order'' နဲ့ ''Limit Order'' ဆိုပြီး ၂မျိုးရှိပါတယ်။
တကယ်လို့ ကျွန်တော်တို့က ''Instant Order'' နဲ့ ''Cryptocurrency'' တစ်ခုကို ချက်ချင်းရောင်းချင်ရင် ဈေးကွက်က ''Buy Order'' ဖွင့်ထားတဲ့ ဈေးနဲ့ ရောင်းရမှာ ဖြစ်ပြီး ချက်ချင်းဝယ်ချင်ရင် ဈေးကွက်မှာ ''Sell Order'' ဖွင့်ထားတဲ့ဈေးနဲ့ ဝယ်ရမှာ ဖြစ်ပါတယ်။တကယ်လို့ မိတ်ဆွေက ကြိုက်ဈေးရမှ ဝယ်မယ်/ရောင်းမယ်ဆိုရင်တော့ ကိုယ်ကြိုက်တဲ့ဈေး သတ်မှတ်ပြီး ''Limit Order'' တင်ထားနိုင်ပါတယ်။
''Instant Order'' နဲ့ ''Limit Order'' ဘာကွာပါသလဲ?
"Instant Order or Market Order''ဆိုတာ ဈေးကွက်ရဲ့ လက်ရှိပေါက်ဈေးအတိုင်း ချက်ချင်းအရောင်းအဝယ် ပြုလုပ်တာပဲဖြစ်ပါတယ်။ ''Limit Order'' ဆိုတာက ကိုယ်ကြိုက်နှစ်သက်တဲ့ ဈေးနှုန်းတစ်ခု သတ်မှတ်ပြီး အရောင်းအဝယ်ပြုလုပ်တာ ဖြစ်ပါတယ်။''Limit Order'' ဖွင့်ထားပေမယ့်လည်း ချက်ချင်းအရောင်းအဝယ် မဖြစ်သေးပါဘူး။ဈေးကွက်ရဲ့ ပေါက်ဈေးဟာ ''Limit Order'' ထဲက ဈေးနှုန်းနဲ့ အတိအကျတူညီသွားတဲ့ အချိန်ရောက်မှသာ အရောင်းအဝယ် ဖြစ်ပါလိမ့်မယ်။
ဥပမာ-အခုလက်ရှိ ''1BTC=4000US$'' ပေါက်ဈေးရှိတယ် ဆိုပါစို့။မိတ်ဆွေက ဒီဈေးနဲ့ ဒီဈေးနဲ့ ''BTC'' ဝယ်ပြီး ''1BTC=5000US$" ဈေးရမှ ပြန်ရောင်းမယ်ဆိုရင် ''1BTC=5000US$"ဈေးနဲ့ ''Sell Limit Order''ဖွင့်ထားရမှာ ဖြစ်ပါတယ်။ဒါပေမယ့် အရောင်းအဝယ်ဖြစ်ဖို့ ဘယ်လောက်ကြာမလဲဆိုတာ ဘယ်သူမှ အတိအကျ မပြောနိုင်ပါဘူး။ဈေးကွက်မှာ''1BTC=5000US$" ဈေးပေါက်တဲ့အချိန်မှ မိတ်ဆွေရဲ့ ''Sell Limit Order'' အရောင်းအဝယ်တည့်ပါလိမ့်မယ်။ယေဘုယျအားဖြင့်တော့ မြန်မြန်အမြတ်လိုချင်ရင် ''Crypto Currency'' တစ်ခုရဲ့ ဝယ်ဈေးနဲ့ ရောင်းဈေးကို အများကြီးခွါမထားပါနဲ့။ဝယ်ဈေးနဲ့ ရောင်းဈေးကို အမြတ် "10%" လောက်ပဲ ခွါထားမယ်ဆိုရင် အရောင်းအဝယ် မြန်မြန်ဖြစ်ပြီး မြန်မြန်အမြတ်ရပါလိမ့်မယ်။ဥပမာ-"1BTC=4000" ဈေးနဲ့ဝယ်ရင် "1BTC=4400" ဈေးနဲ့ ပြန်ရောင်းပေါ့။အထူးသတိထားရမှာက အဝယ်မလောဖို့နဲ့ ဈေးအကျစောင့်ဝယ်ဖို့ပဲ ဖြစ်ပါတယ်။
''Limit Order''တစ်ခုကို အချိန်ဘယ်လောက်ကြာအောင် ထားလို့ရသလဲ?
''Limit Order''တစ်ခုကို အရောင်းအဝယ် မဖြစ်မချင်း အချိန်အကန့်အသတ်မဲ့ ထား,ထားလို့ရပါတယ်။
"အရောင်းအဝယ် မဖြစ်တဲ့ ''Limit Order''တွေကို ''Cancle'' ပြန်လုပ်လို့ရပါသလား။အဲဒီအတွက် ''Fee'' ရော ပေးရသေးလား?
အရောင်းအဝယ်မဖြစ်တဲ့ ''Limit Order'' တွေကို အချိန်မရွေး ''Cancle'' ပြန်လုပ်လို့ ရပါတယ်။အဲဒီအတွက် ''Fee'' မပေးရပါဘူး။အရောင်းအဝယ် ဖြစ်မှသာ အရောင်းအဝယ်ဖြစ်တဲ့ ငွေပမာဏရဲ့ ''0.2%'' ကိုသာ ''Fee'' ပေးရပါတယ်။''Forex Trading'' လို ''Swap Fee''(ရက်လွန်ကြေး)လည်း မပေးရပါဘူး။
''Exmo.com''မှာ ''Cryptocurrencies''တွေ အရောင်းအဝယ်ပြုလုပ်ပုံ အစအဆုံး အနှစ်ချုပ်ပြောပြပါ
ပထမဦးဆုံး ''Exmo'' မှာ ''Account'' ဖွင့်။ပြီးရင် ''Account Security'' လုပ်။ပြီးရင် ''USD Deposit'' တင်။''Chart'' ကြည့်။ဈေးကျနေတဲ့ ''Cryptocurrencies'' ကို လိုက်ရှာ။ဈေးမကျသေးရင် ဈေးကျတဲ့အချိန်ထိစောင့်ပြီး ဈေးအကျဆုံးဖြစ်လောက်မယ့်အချိန်ကို ခန့်မှန်းပြီး ဝယ်။ပြီးရင် ကိုယ်လိုချင်တဲ့ဈေး သတ်မှတ်ပြီး ''Limit Order''နဲ့ ရောင်းထားလိုက်ရုံပါပဲ။
''ဟာ-----လွယ်လှချည်လားဆရာ''လို့တော့ မထင်ပါနဲ့။အဲလောက်လွယ်ရင် လူတိုင်း ''Trading'' လုပ်ပြီး လူတိုင်းချမ်းသာနေပြီပေါ့ဗျာ။
#photo taken from google!
''Exmo''မှာ ''Trading'' လုပ်ရင် သတိထားရမယ့် အချက်လေးတွေက ဘာတွေလဲ?
''Exmo'' မှာ ''Trade'' တဲ့အခါ ''Transactions History''(ငွေအသွင်းအထုတ်မှတ်တမ်း) နဲ့ ''Trading History''(ရောင်းဝယ်မှု မှတ်တမ်း) တွေကို ''Screen Shot'' ရိုက်ပြီး သေသေချာချာ မှတ်သားထားသင့်ပါတယ်။ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ရဲ့ ''Exmo Account'' တစ်စုံတစ်ရာ ပြဿနာဖြစ်ပေါ်လာတဲ့အခါ ''Exmo Support Team'' က ကျွန်တော်စောနက ပြောခဲ့တဲ့ ''Transactions History'' နဲ့ ''Trading History'' ကို ''Account'' ပိုင်ရှင်ဖြစ်ကြောင်း သက်သေအနေနဲ့ တောင်းခံတတ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
''Trading'' လုပ်တဲ့အခါ လူကြိုက်များတဲ့ ''Cryptocurrency'' ကို ဦးစားပေး ''Trade'' သင့်ပါတယ်။ဥပမာ-''BTC/USD''
ဘာလို့လည်းဆိုတော့ လူကြိုက်များတဲ့ ''Cryptocurrency'' တွေက ဈေးကျလည်း ခဏပါပဲ။ပြီးရင် ဈေးပြန်တက်တာပါပဲ။ဒါ့ကြောင့် အဝယ်မှားသွားလို့ ပိုက်ဘောမိနေလည်း ခဏပါပဲ။သိပ်မကြာခင်ပဲ ဈေးပြန်တက်ပြီး အမြတ်ပြန်ပေါ်ပါတယ်။
''Trading'' လုပ်တဲ့အခါ အထူးသဖြင့် ''Cryptocurrency''တစ်ခု ဈေးတက်နေတဲ့အချိန်မျိုးမှာ အလောတကြီး ဝယ်တာမျိုး မလုပ်သင့်ပါဘူး။ကိုယ်ဝယ်ပြီးနောက် ဈေးကျသွားတဲ့အခါမျိုးမှာ ပိုက်ဘောမိတတ်ပါတယ်။ဒါ့ကြောင့် အဝယ်မမှားစေဖို့ အထူးသတိထားသင့်ပါတယ်။
''Trading'' လုပ်တဲ့အခါ အစပိုင်းမှာ ငွေပမာဏ အနည်းငယ်လောက်နဲ့ပဲ စတင်သင့်ပါတယ်။လုပ်ငန်းကျွမ်းကျင်သွားမှ ကိုယ့်စိတ်ကြိုက်ပမာဏ ထည့်ပြီး ''Trade'' ပါ။
"Trading'' မှာ ရင်းနှီးမယ့်ငွေဟာ ပိုလျှံငွေပဲ ဖြစ်သင့်ပါတယ်။ဥပမာ-၂လ၊၃လ လောက် ဒီအတိုင်းပစ်ထားနိုင်တဲ့ ငွေမျိုးဖြစ်သင့်ပါတယ်။ချေးငှားထားတဲ့ ငွေမျိုးနဲ့ ''Trade'' မလုပ်သင့်ပါဘူး။
စိတ်လှုပ်ရှားလွယ်သူတွေ တနည်းအားဖြင့် သွေးပူတဲ့သူတွေ ''Trading'' မလုပ်သင့်ပါဘူး။သွေးအေးအေးနဲ့ စိတ်တည်တည်ငြိမ်ငြိမ် ဆုံးဖြတ်နိုင်သူများသာ ''Trading'' လုပ်သင့်ပါတယ်။
နိဂုန်းချုပ် အနေနဲ့ ပြောရရင်တော့ ''Cryptocurrency Trading'' ဟာ ''Risk'' ရှိပေမယ့် ''Forex Trading'' လောက်တော့ ''Risk'' မများပါဘူး။''Forex Trading'' မှာက ''Leverage'' နဲ့သွားတာဆိုတော့ ''Money Management'' မရှိရင် အရင်းပြုတ်သွားနိုင်ပါတယ်။
''Trading'' ကိုစိတ်ဝင်စားပြီး အခုမှစတင်မယ့် ''Newbies'' တွေဆိုရင် ''Forex'' ကို အရင်မစပဲ ''Cryptocurrency'' ကို အရင် ''Trading''လုပ်ပြီး ''Trading'' သဘောသဘာဝကို နားလည်သဘောပေါက်အောင် လေ့လာသင်ယူသင့်ပါတယ်။
''Practice Makes Perfect!''ပါ။စာတွေဘယ်လောက်ပဲ ဖတ်ဖတ် လက်တွေ့မလုပ်ပဲနဲ့တော့ သိပ်အဆင်မပြေနိုင်ပါ။စာလည်းဖတ်၊လက်တွေ့လည်းလုပ်။အဲဒါမှ အဆင်ပြေနိုင်ပါမယ်။
"Trading''ဟာ အချိန်တိုတိုအတွင်း ကြီးပွါးချမ်းသာစေမယ့် နည်းလမ်းမဟုတ်ပါ။ဒါပေမယ့် စနစ်တကျလေ့လာပြီး စိတ်ရှည်ရှည်နဲ့ ဈေးကွက်အတက်အကျကို စောင့်ကြည့်ပြီး အရောင်းအဝယ်လုပ်ရင်တော့ အမြတ်သေချာတဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။
''Trading''လုပ်လို့ ရမဲ့အကျိုးအမြတ်ဟာ ဘဏ်တိုးနှုန်းနဲ့ ရွှေအပေါင်ခံပြီး ရတဲ့အမြတ်တွေထက် အများကြီးသာပါတယ်။ဘဏ်အတိုးနှုန်းက တစ်လ အလွန်ဆုံး "0.7%"ပါ။ရွှေပေါင်ခံရင်လည်း "2.5%" လောက်ပဲရပါမယ်။ဒီကြားထဲ ခိုးရာပါပစ္စည်းပါလာရင် ''သေပြီဆရာ!'' ပဲ။တကယ်လို့ မိတ်ဆွေဟာ ''Trading'' လုပ်ရင်း ကျွမ်းကျင်တဲ့ ''Professional'' တစ်ယောက် ဖြစ်သွားရင် မိတ်ဆွေရဲ့ငွေတွေကို ဘဏ်တိုးပေးစားဖို့နဲ့ ရွှေပေါင်ခံစားဖို့ စိတ်ကူးမှာ မဟုတ်တော့မှာကတော့ သေချာပါတယ်။
အပြင်မှာ စတိုးဆိုင်လေးတစ်ဆိုင် ဖွင့်ဖို့ဆိုရင်တောင် မြေနေရာ၊ဆိုင်ခန်းဆောက်ခ၊အလုပ်သမား စရိတ်၊ရောင်းမည့် ပစ္စည်းဖိုး၊ပစ္စည်းထားဖို့ ပရိဘောဂတွေ စသည်ဖြင့် တော်ရုံတန်ရုံ အရင်းအနှီးနဲ့ လုပ်ငန်းစတင်လို့ မရပါဘူး။အရင်းအနှီးတတ်နိုင်လို့ လုပ်ငန်းစပြီထားဦး။ဈေးရောင်းကောင်းဦးမှ။ဆိုင်ခန်းခ၊အလုပ်သမားခ၊အမြတ်ခွန်စတာတွေနဲ့ဆိုတော့ ဈေးရောင်းမကောင်းရင် သေချာပေါက်ရှုံးပါတယ်။
''Trading'' လုပ်ဖို့ဆိုတာက ''Smart Phone''တစ်လုံးရယ်၊ဆိတ်ငြိမ်အေးချမ်းတဲ့ နေရာလေးတစ်ခုရယ်၊''Trading'' ဆိုင်ရာ ဗဟုသုတရယ်၊သင့်တင့်တဲ့ အရင်းအနှီးရယ်ရှိရင် လုပ်လို့ရနေပြီလေ။
ကျွန်တော်ဟာ ပညာရှင်မဟုတ်တဲ့အတွက် ကျွန်တော့ ''Post'' ထဲမှာ လိုအပ်ချက်၊အားနည်းချက် အများကြီး ရှိပါလိမ့်မယ်။အဲဒီအတွက် နားလည်ခွင့်လွှတ်ပေးကြဖို့လည်းတောင်းပန်ပါတယ်ဗျ။
ကျွန်တော်''Exmo''မှာ လက်တွေ့ ''Trade''ပြချင်ပေမယ့် ''Order''တစ်ခုဟာ ဘယ်လောက်ကြာမှန်းမသိတဲ့အတွက် အချိန်တိုတိုအတွင်း အမြတ်ရအောင် ''Trade'' ပြဖို့ မလွယ်ပါဘူး။''Cryptocurrency''တစ်ခုကို အမြတ်ရအောင် ''Trade''ပြီး နောက်ထပ် ''Post'' တစ်ခု တင်ပေးပါ့မယ် ခင်ဗျ။
ဟုတ်ကဲ့။စာလည်းတော်တော်ရှည်သွားပြီ ခင်ဗျ။ကျွန်တော်ရဲ့ Post ကို ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျ။မိတ်ဆွေများအားလုံး ကျမ်းမာ ချမ်းသာပြီး မင်္ဂလာရှိတဲ့ နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ပါစေ ခင်ဗျ။
ချစ်ခင်လေးစားစွာဖြင့်-----
(moehlaing)