"လူသိအမ်ားဆံုး Electronic mail" (သို ့မဟုတ္) "Gmail"အပိုင္း(၂)[original post by (moehlaing)]
zawgi;
မဂၤလာပါခင္ဗ်။
email(electronic mail) ဆိုတာ အြန္လိုင္းစာပို ့စနစ္တစ္ခုျဖစ္ျပီး ဝန္ေဆာင္မႈေပးတဲ့ company ရဲ ့နာမည္ကိုလိုက္ျပီး email ေတြရဲ ့အမည္ကို ေခၚေဝၚျကပါတယ္။
ဥပမာ-google က ဝန္ေဆာင္မႈေပးတဲ့ email ကို gmail၊ yahoo က ဝန္ေဆာင္မႈေပးတဲ့ email ကို ymail၊ yandex ကဝန္ေဆာင္မႈေပးတဲ့ email ကို yandexmail စသည္ျဖင့္ ေခၚေဝၚႀကေပမယ့္ အားလံုးဟာ email ေတြခ်ည္းသာျဖစ္ပါတယ္။
အခမဲ့အသံုးျပုႏိုင္တဲ့ email address တစ္ခုကို email အခမဲ့ဝန္ေဆာင္မႈေပးတဲ့ company ေတြမွာ sign up လုပ္ျပီး ရယူႏိုင္ပါတယ္။email အခမဲ့ ဝန္ေဆာင္မႈေပးတဲ ့ companyေတြ အမ်ားအျပားရွိေပမယ့္ သံုးစြဲသူအမ်ားဆံုး email ကေတာ့ google company က ဝန္ေဆာင္မႈေပးတဲ့ gmail ပဲျဖစ္ပါတယ္။gmail ကို google companyက ၂၀၀၄ခုႏွစ္ ဧပရယ္လ ၁ရက္ေန့မွာ beta version အေနနဲ ့စတင္မိတ္ဆက္ခဲ့ျပီး ၂၀၁၆ခုႏွစ္ ေဖေဖာ္ဝါရီလမွာေတာ့ သံုးစြဲသူေပါင္း သန္း၁၀၀၀(1 billion)ေက်ာ္သြားခဲ့ျပီလို့လည္း သိရပါတယ္။
gmail ကို web browser ေတြအသံုးျပုျပီး web ကေနတဆင့္ အသံုးျပုႏိုင္သလို android နဲ့ ios mobile application မ်ားမွတဆင့္လည္း အသံုးျပုႏိုင္ပါတယ္။
ဒါ့အျပင္ third party application ေတြနဲ့လည္း အသံုးျပုႏိုင္ပါေသးတယ္။
အခု က်ြန္ေတာ္ google account တစ္ခုျပဳလုပ္ျပီး gmail address တစ္ခု ရယူပံုကို ေဖာ္ျပပါ့မယ္။
*****google account ဖြင့္တဲ့အခါမွာ account စဖြင့္တဲ့ ေန့စြဲ အပါအဝင္ ကိုယ္ထည့္သြင္းခဲ့တဲ့အခ်က္အလက္ေတြကို စာအုပ္တစ္အုပ္ထဲမွာ ေရးမွတ္ထားဖို့ အႀကံျပုလိုပါတယ္။*****
ဘာ့ေျကာင့္လဲဆိုေတာ့ password ေမ့သြားလို့ပဲျဖစ္ျဖစ္ အျခားအေႀကာင္းတစ္ခုခုုေႀကာင့္ပဲျဖစ္ျဖစ္ ကိုယ့္ရဲ့account ကို ျပန္ယူဖို့ support တင္တဲ့အခါ google က ကိုယ္account စဖြင့္တုန္းက အသံုးျပုခဲ့တဲ့ အခ်က္အလက္ေတြ ျပန္ေတာင္းတတ္တဲ့ အတြက္ေျကာင့္ျဖစ္ပါတယ္။
ပထမဦးဆံုး browser ကို ဖြင့္ျပီး
[ https://accounts.google.com/SignUp]
ဒီlink ကို သြားလိုက္ပါ။
google account အသစ္ဖြင့္ႏိုင္မယ့္ စာမ်က္ႏွာကို ေရာက္သြားပါမယ္။
Name ထည့္ပါမယ္။
username ထည့္ေပးပါမယ္။
တကယ္လို ့ကိုယ္ထည့္လိုက္တဲ့ user name ကို အျခားသူတစ္ေယာက္က သံုးစြဲျပီး ျဖစ္ေနရင္ေတာ့ ပထမထည့္ထားတဲ့ username နဲ ့မတူေအာင္ ေျပာင္းထည့္ေပးပါ။
ျပီးရင္ create password မွာpassword ထည့္ပါမယ္။
password ထည့္တဲ့အခါ အရမ္းလြယ္ကူတဲ့ password မ်ိဳး မထည့္သင့္ပါဘူး။
ဥပမာ-"1234567890"။
uppercase letter(အႀကီးစာလံုး)ေတြ၊lowercase letter(အေသးစာလံုး)ေတြ၊ ကိန္းဂဏန္းေတြ၊special character ေတြ စံုေအာင္ အသံုးျပုသင့္ပါတယ္။ဥပမာ-
"Tar#tAy?364sAi@938&!"
password strength ရဲ့ေအာက္မွာ strong လို့ျပျပီး အစိမ္းေရာင္မ်ဥ္းေလး ေပၚေနရင္ ok ပါျပီ။
confirm password မွာ အေပၚမွာ ထည့္ခဲ့တဲ့
password ကို ထပ္ထည့္ျပီး အတည္ျပဳပါ။
ျပီးရင္ birthday ထည့္ပါမယ္။
ျပီးရင္ gender (က်ား/မ)ထည့္ပါမယ္။
လက္ရွိသံုးေနတဲ့ phနံပါတ္ထည့္ေပးပါ။
ျပီးရင္ လက္ရွိသံုးေနတဲ့ email တစ္ခု ထည့္ေပးပါ။
ph နံပါတ္နဲ့ email ထည့္ခိုင္းတာက ကိုယ့္gmail account တစ္စံု တစ္ခု ျဖစ္ခဲ့ရင္
ျပန္ယူႏိုင္ေအာင္လို ့ recovery အျဖစ္ ထည့္ခိုင္းျခင္း ျဖစ္ပါတယ္။
အားလံုးျဖည့္ျပီးသြားရင္ေတာ့ continue ကို ႏွိပ္လိုက္ပါ။
''Privacy and Terms''ဆိုတဲ့ ေနာက္စာမ်က္ႏွာတစ္ခုကို ေရာက္သြားပါလိမ့္မယ္။
''I AGREE'' ကို ႏွိပ္ေပးလိုက္ပါ။
ေနာက္စာမ်က္ႏွာ တစ္ခုကို ေရာက္သြားျပီး
google account ျပုလုပ္ျပီးသြားတဲ့အတြက္
google ထုတ္ကုန္မ်ားစတင္သံုးစြဲႏိုင္ျပီျဖစ္ေႀကာင္း စာနဲ့အတူ google account အသစ္ရဲ့
gmail addressကို ေတြ့ရမွာ ျဖစ္ပါတယ္။
continue ကို ဆက္ႏွိပ္လိုက္ပါ။
ဒါဆိုရင္ေတာ့ google ရဲ ့myaccount ဆိုတဲ့စာမ်က္ႏွာကို ေရာက္ရွိသြားပါမယ္။
ဒီစာမ်က္ႏွာကတဆင့္ က်ြန္ေတာ္တို့ရဲ့ google account ေတြကို လိုအပ္သလို ေျပာင္းလဲမႈေတြ ထိန္းခ်ုပ္မႈေတြ အစရွိတဲ့ စီမံခန့္ခြဲမႈေတြ ျပဳလုပ္ႏိုင္မွာ ျဖစ္ပါတယ္။
gmail ရဲ့ ေကာင္းတဲ့အခ်က္တစ္ခ်က္ကေတာ့
gmail address တစ္ခုတည္းနဲ့ google ရဲ့ products အားလံုးကို အသံုးျပုႏိုင္ပါတယ္။
google ရဲ့ products ေတြထဲမွာgmail အပါအဝင္ cloud storage ျဖစ္တဲ့ google drive,viber လို့ video call ေခၚဆိုႏိုင္တဲ့ ့duo,messenger လို message ေတြအျပန္အလွန္ေပးပို ့ႏိုင္တဲ့ allo,တည္ေနရာေတြ ျကည့္ရႈႏိုင္တဲ့ google mapနဲ ့google earth,video sharing ျပုလုပ္ႏိုင္တဲ့ youtube,ဘာသာစကားေတာ္ေတာ္မ်ားမ်ားကို ဘာသာျပန္ေပးႏိုင္တဲ့ google translate အစရွိတဲ့ က်ြန္ေတာ္တို့အတြက္ အလြန္အသံုးဝင္တဲ့ apk အမ်ားအျပားပါဝင္ပါတယ္။
ဟုတ္ကဲ့။ဆက္ေရးရင္လည္း စာက အရမ္းရွည္သြားေတာ့မယ္။
ဒါ့ေႀကာင့္ ေနာက္တစ္ပိုင္း (နိဂုန္းပိုင္း)မွာ
google account လံုျခံုေအာင္ 2-step verification ျပုလုပ္နည္းနဲ့ အျခားသိသင့္သိထိုက္တဲ့ အခ်က္အလက္ေတြကို ဆက္လက္ေဖာ္ျပပါမယ္။
မိတ္ေဆြ အေပါင္း က်မ္းမာ ခ်မ္းသာျပီး မဂၤလာရွိတဲ့ ေန့ရက္ေလးေတြကို ပိုင္ဆိုင္ႏိုင္ပါေစ ခင္ဗ်။
(moehlaing)
******-----------*********------------********
"လူသိအများဆုံး Electronic mail" (သို့မဟုတ်) "Gmail"အပိုင်း(၂)[original post by (moehlaing)]
unicode;
မင်္ဂလာပါခင်ဗျ။
email(electronic mail) ဆိုတာ အွန်လိုင်းစာပို့စနစ်တစ်ခုဖြစ်ပြီး ဝန်ဆောင်မှုပေးတဲ့ company ရဲ့နာမည်ကိုလိုက်ပြီး email တွေရဲ့အမည်ကို ခေါ်ဝေါ်ကြပါတယ်။
ဥပမာ-google က ဝန်ဆောင်မှုပေးတဲ့ email ကို gmail၊ yahoo က ဝန်ဆောင်မှုပေးတဲ့ email ကို ymail၊ yandex ကဝန်ဆောင်မှုပေးတဲ့ email ကို yandexmail စသည်ဖြင့် ခေါ်ဝေါ်ကြပေမယ့် အားလုံးဟာ email တွေချည်းသာဖြစ်ပါတယ်။
အခမဲ့အသုံးပြုနိုင်တဲ့ email address တစ်ခုကို email အခမဲ့ဝန်ဆောင်မှုပေးတဲ့ company တွေမှာ sign up လုပ်ပြီး ရယူနိုင်ပါတယ်။email အခမဲ့ ဝန်ဆောင်မှုပေးတဲ့ companyတွေ အများအပြားရှိပေမယ့် သုံးစွဲသူအများဆုံး email ကတော့ google company က ဝန်ဆောင်မှုပေးတဲ့ gmail ပဲဖြစ်ပါတယ်။gmail ကို google companyက ၂၀၀၄ခုနှစ် ဧပရယ်လ ၁ရက်နေ့မှာ beta version အနေနဲ့စတင်မိတ်ဆက်ခဲ့ပြီး ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလမှာတော့ သုံးစွဲသူပေါင်း သန်း၁၀၀၀(1 billion)ကျော်သွားခဲ့ပြီလို့လည်း သိရပါတယ်။
gmail ကို web browser တွေအသုံးပြုပြီး web ကနေတဆင့် အသုံးပြုနိုင်သလို android နဲ့ ios mobile application များမှတဆင့်လည်း အသုံးပြုနိုင်ပါတယ်။
ဒါ့အပြင် third party application တွေနဲ့လည်း အသုံးပြုနိုင်ပါသေးတယ်။
အခု ကျွန်တော် google account တစ်ခုပြုလုပ်ပြီး gmail address တစ်ခု ရယူပုံကို ဖော်ပြပါ့မယ်။
*****google account ဖွင့်တဲ့အခါမှာ account စဖွင့်တဲ့ နေ့စွဲ အပါအဝင် ကိုယ်ထည့်သွင်းခဲ့တဲ့အချက်အလက်တွေကို စာအုပ်တစ်အုပ်ထဲမှာ ရေးမှတ်ထားဖို့ အကြံပြုလိုပါတယ်။*****
ဘာ့ကြောင့်လဲဆိုတော့ password မေ့သွားလို့ပဲဖြစ်ဖြစ် အခြားအကြောင်းတစ်ခုခုကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့account ကို ပြန်ယူဖို့ support တင်တဲ့အခါ google က ကိုယ်account စဖွင့်တုန်းက အသုံးပြုခဲ့တဲ့ အချက်အလက်တွေ ပြန်တောင်းတတ်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။
ပထမဦးဆုံး browser ကို ဖွင့်ပြီး
[ https://accounts.google.com/SignUp]
ဒီlink ကို သွားလိုက်ပါ။
google account အသစ်ဖွင့်နိုင်မယ့် စာမျက်နှာကို ရောက်သွားပါမယ်။
Name ထည့်ပါမယ်။
username ထည့်ပေးပါမယ်။
တကယ်လို့ကိုယ်ထည့်လိုက်တဲ့ user name ကို အခြားသူတစ်ယောက်က သုံးစွဲပြီး ဖြစ်နေရင်တော့ ပထမထည့်ထားတဲ့ username နဲ့မတူအောင် ပြောင်းထည့်ပေးပါ။
ပြီးရင် create password မှာpassword ထည့်ပါမယ်။
password ထည့်တဲ့အခါ အရမ်းလွယ်ကူတဲ့ password မျိုး မထည့်သင့်ပါဘူး။
ဥပမာ-"1234567890"။
uppercase letter(အကြီးစာလုံး)တွေ၊lowercase letter(အသေးစာလုံး)တွေ၊ ကိန်းဂဏန်းတွေ၊special character တွေ စုံအောင် အသုံးပြုသင့်ပါတယ်။ဥပမာ-
"Tar#tAy?364sAi@938&!"
password strength ရဲ့အောက်မှာ strong လို့ပြပြီး အစိမ်းရောင်မျဉ်းလေး ပေါ်နေရင် ok ပါပြီ။
confirm password မှာ အပေါ်မှာ ထည့်ခဲ့တဲ့
password ကို ထပ်ထည့်ပြီး အတည်ပြုပါ။
ပြီးရင် birthday ထည့်ပါမယ်။
ပြီးရင် gender (ကျား/မ)ထည့်ပါမယ်။
လက်ရှိသုံးနေတဲ့ phနံပါတ်ထည့်ပေးပါ။
ပြီးရင် လက်ရှိသုံးနေတဲ့ email တစ်ခု ထည့်ပေးပါ။
ph နံပါတ်နဲ့ email ထည့်ခိုင်းတာက ကိုယ့်gmail account တစ်စုံ တစ်ခု ဖြစ်ခဲ့ရင်
ပြန်ယူနိုင်အောင်လို့ recovery အဖြစ် ထည့်ခိုင်းခြင်း ဖြစ်ပါတယ်။
အားလုံးဖြည့်ပြီးသွားရင်တော့ continue ကို နှိပ်လိုက်ပါ။
''Privacy and Terms''ဆိုတဲ့ နောက်စာမျက်နှာတစ်ခုကို ရောက်သွားပါလိမ့်မယ်။
''I AGREE'' ကို နှိပ်ပေးလိုက်ပါ။
နောက်စာမျက်နှာ တစ်ခုကို ရောက်သွားပြီး
google account ပြုလုပ်ပြီးသွားတဲ့အတွက်
google ထုတ်ကုန်များစတင်သုံးစွဲနိုင်ပြီဖြစ်ကြောင်း စာနဲ့အတူ google account အသစ်ရဲ့
gmail addressကို တွေ့ရမှာ ဖြစ်ပါတယ်။
continue ကို ဆက်နှိပ်လိုက်ပါ။
ဒါဆိုရင်တော့ google ရဲ့myaccount ဆိုတဲ့စာမျက်နှာကို ရောက်ရှိသွားပါမယ်။
ဒီစာမျက်နှာကတဆင့် ကျွန်တော်တို့ရဲ့ google account တွေကို လိုအပ်သလို ပြောင်းလဲမှုတွေ ထိန်းချုပ်မှုတွေ အစရှိတဲ့ စီမံခန့်ခွဲမှုတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
gmail ရဲ့ ကောင်းတဲ့အချက်တစ်ချက်ကတော့
gmail address တစ်ခုတည်းနဲ့ google ရဲ့ products အားလုံးကို အသုံးပြုနိုင်ပါတယ်။
google ရဲ့ products တွေထဲမှာgmail အပါအဝင် cloud storage ဖြစ်တဲ့ google drive,viber လို့ video call ခေါ်ဆိုနိုင်တဲ့duo,messenger လို message တွေအပြန်အလှန်ပေးပို့နိုင်တဲ့ allo,တည်နေရာတွေ ကြည့်ရှုနိုင်တဲ့ google mapနဲ့google earth,video sharing ပြုလုပ်နိုင်တဲ့ youtube,ဘာသာစကားတော်တော်များများကို ဘာသာပြန်ပေးနိုင်တဲ့ google translate အစရှိတဲ့ ကျွန်တော်တို့အတွက် အလွန်အသုံးဝင်တဲ့ apk အများအပြားပါဝင်ပါတယ်။
ဟုတ်ကဲ့။ဆက်ရေးရင်လည်း စာက အရမ်းရှည်သွားတော့မယ်။
ဒါ့ကြောင့် နောက်တစ်ပိုင်း (နိဂုန်းပိုင်း)မှာ
google account လုံခြုံအောင် 2-step verification ပြုလုပ်နည်းနဲ့ အခြားသိသင့်သိထိုက်တဲ့ အချက်အလက်တွေကို ဆက်လက်ဖော်ပြပါမယ်။
မိတ်ဆွေ အပေါင်း ကျမ်းမာ ချမ်းသာပြီး မင်္ဂလာရှိတဲ့ နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ပါစေ ခင်ဗျ။
(moehlaing)
******-----------*********------------********