zawgi;
''Verified Perfect Money Accountတစ္ခု
ျပုလုပ္ျခင္း"အပိုင္း-၁[original post by (moehlaing)]
မဂၤလာပါ ခင္ဗ်!
ဒီေန့ေတာ့ မိတ္ေဆြတို့ကို ''Verified Perfect Money Account'' တစ္ခု ျပုလုပ္ပံု အေျကာင္းေလး မ်ွေဝေပးခ်င္ပါတယ္ ခင္ဗ်။
အရင္ဦးဆံုး Perfect Money အေျကာင္းေလး အနည္းငယ္ေလာက္ မိတ္ဆက္ေပးခ်င္ပါတယ္ ခင္ဗ်။
*****''Perfect Money''ဆိုတာ ဘာလဲ?*****
''Perfect Money'' ဆိုတာ 2007 ခုႏွစ္မွာ စတည္တည္ေထာင္ခဲ့တဲ့ ''e-payment system''(အြန္လိုင္းေငြေပးေခ်မႈ စနစ္)တစ္ခု ျဖစ္ပါတယ္။ျမန္မာႏိုင္ငံမွာ ဆိုရင္ေတာ့ ''Ok Dollar'' တို ့''Wave Money'' တို့လို ပံုစံမ်ိဳးပါပဲ။''Ok Dollar''ထဲက ျမန္မာေငြ ၁၀၀၀က်ပ္ဟာ က်ြန္ေတာ္တို့ အျပင္မွာ သံုးစြဲေနတဲ့ ၁၀၀၀ က်ပ္နဲ့ တန္ဖိုးခ်င္း အတူတူ ပါပဲ။ထို့အတူပဲ PM 1US$ ဟာလည္း အျပင္က US1$ နဲ့ တန္ဖိုးခ်င္း အတူတူပါပဲ။ဒါေပမယ့္ တကယ့္လက္ေတြ့မွာေတာ့ transcation fees(ေငြလႊဲခ)ေတြရွိတဲ့အတြက္ PM 1US$ ဟာ ဘဏ္က 1US$ ေပါက္ေႀကးထက္ အနည္းငယ္ ပိုျပီး မ်ားပါတယ္။
#google(this photo is taken from google)
*****''Perfect Money''က ဘယ္ႏိုင္ငံ ကလည္း?
Companyကို Panama ႏိုင္ငံမွာ မွတ္ပံုတင္ထားေပမယ့္ Company ရံုးခ်ုပ္ကေတာ့ Switzerland ႏိုင္ငံ Zurich ျမို့ မွာ တည္ရွိပါတယ္။
*****"Perfect Money''က ဘယ္လို ေငြေႀကးအမ်ိဳးအစားေတြကို ဝန္ေဆာင္မႈ ေပးသလဲ?
Perfect Money က Us$, Euro€,Btc နဲ့ Gold (ေရႊ)စတဲ့ ယူနစ္၄မ်ိဳး လက္ခံေပးေခ်ဖို့(to pay and receive) နဲ့ ယူနစ္အခ်င္းခ်င္း လဲလွယ္ဖို ့(to exchange) ဝန္ေဆာင္မႈ ေပးပါတယ္။
*****''Perfect Money'' Account ထဲကို ျမန္မာႏိုင္ငံကေန ေငြသြင္း/ေငြထုတ္ ျပုလုပ္ဖို ့ လြယ္ကူပါသလား?
ဟုတ္ကဲ့။လြယ္ကူပါတယ္။အလြယ္ကူဆံုး နည္လးမ္းကေတာ့ ယံုႀကည္ရတဲ့ money exchanger တစ္ဦးဦးနဲ့ ခ်ိတ္ဆက္ျပီး PM$ ေတြကို တိုက္ရိုက္ အေရာင္းအဝယ္ ျပုလုပ္ႏိုင္ပါတယ္။
money exchanger ေတြနဲ့ အေရာင္းအဝယ္ မလုပ္ခ်င္ဘူးဆိုရင္လည္း
PM<-->Voda Exchange<-->
MyanPay<-->Mobile Banking ဆိုတဲ့ လမ္းေႀကာင္း အတိုင္းသြားလို့ရပါတယ္။
ဒါေပမယ့္ PM ကေန က်ြန္ေတာ္တို့ရဲ့ Mobile Banking Account ထဲကို ေရာက္ရွိဖို့အတြက္ ႀကားထဲမွာ ၂ဆင့္ ခံေနတဲ့ အတြက္ေႀကာင့္ transcation fees ေတြ ႏႈတ္လိုက္ရင္ money exchanger ေတြနဲ့ တိုက္ရိုက္ခ်ိတ္ျပီး အေရာင္းအဝယ္ လုပ္တာေလာက္ မရေတာ့ပါဘူး။ဒါ့အျပင္ မိတ္ေဆြမွာ Master Card (or) Visa Card ရွိခဲ့မယ္ ဆိုရင္လည္း အဲဒီ Online Payment Card ေတြနဲ့ ေငြအသြင္းအထုတ္ ျပုလုပ္ႏိုင္ပါေသးတယ္။
ဒါေပမယ့္ က်ြန္ေတာ့အထင္ ေျပာရ ရင္ ယံုႀကည္ရတဲ့ money exchanger နဲ့ တိုက္ရိုက္ခ်ိတ္ဆက္ျပီး အေရာင္းအဝယ္ျပုလုပ္တာဟာ အေကာင္းဆံုးနည္းလမ္းပါပဲ။
#google(this photo is taken from google)
*****"Perfect Money Account''အမ်ိုးအစား ဘယ္ေလာက္မ်ားရွိပါသလဲ?
အဓိက အားျဖင့္ေတာ့ ''Personal Account''
နဲ့ ''Bussiness Account''ဆိုျပီး ၂မ်ိဳးရွိပါတယ္။''Personal Account''ဆိုတာက လူပုဂၢိုလ္ တစ္ဦးတစ္ေယာက္ခ်င္း အသံုးျပုရတဲ့ အေကာင့္အမ်ိုးအစား ျဖစ္ပါတယ္။''Bussiness Account''ဆိုတာကေတာ့ အသင္းအဖြဲ့အစည္း ဒါမွမဟုတ္ ကုမၸဏီ တစ္ခု အေနနဲ့ အသံုးျပုတဲ့ အေကာင့္အမ်ိဳးအစား ျဖစ္ပါတယ္။
''Premium Account'' နဲ့ ''Partner Account'' ဆိုတဲ့ အျခားအေကာင့္အမ်ိဳးအစား ၂မ်ိဳးလည္း ရွိပါေသးတယ္။က်ြန္ေတာ္တို့အေနနဲ့ကေတာ့ လူပုဂၢိုလ္ တစ္ဦးတစ္ေယာက္ခ်င္းစီ အသံုးျပုမွာ ျဖစ္တဲ့အတြက္ ''Personal Account''ပဲ ဖြင့္ရမွာ ျဖစ္ပါတယ္။
#google(this photo is taken from google)
*****"Perfect Money''ကို အသံုးျပုရတာ လံုျခံဳမႈရွိပါ့ မလား။
ဒီအပိုင္းကေတာ့ က်ြန္ေတာ္ဟာ နည္းပညာ သမားမဟုတ္တဲ့အတြက္ က်ြန္ေတာ္နားလည္သလိုပဲ ေျပာပါ့မယ္။
ပထမဦးဆံုး အဆင့္ကေတာ့ ''PM Account Password'' ေပါ့။
''Password'' မွန္သြားရင္ ဒုတိယ အဆင့္အေနနဲ့ ''IP Check'' လုပ္ပါတယ္။က်ြန္ေတာ္တို့ အေကာင့္ Register လုပ္တုန္းက IP နဲ့ ေနာက္ပိုင္း အေကာင့္ Log In ဝင္တဲ့ IP မတူရင္ Email ထဲကို ဂဏန္း ၇ လံုးပါတဲ့ Pin Code ပို့ေပးျပီး အဲဒီ Pin Code ကို ျဖည့္ခိုင္းပါတယ္။
အဲဒီ Emailက Pim Code ရသြားရင္ေတာင္
''Sms Log In'' စနစ္ကို Enable လုပ္ထားရင္ PM Account ထဲကို ဝင္လို့မရေသးပါဘူး။က်ြန္ေတာ္တို့ အေကာင့္ Verify လုပ္တုန္က ေပးထားတဲ့ Mobile Phone နံပါတ္ကို Sms ကဆင့္ ေနာက္ထပ္ Code တစ္ခု ပို့ေပးျပီး အဲဒီ Sms Code ကို ျဖည့္ခိုင္းပါလိမ့္မယ္။
အဲဒီ ''Sms Log In'' စနစ္ကို Enable လုပ္ထားရင္ Sms တစ္ေစာင္ပို့တိုင္း Sms ပို့ခ 0.1 US$ ေတာ့ မိမိ Balence ထဲက ျဖတ္သြားပါလိမ့္မယ္။''Sms Log In'' စနစ္ကို ''Enable'' မလုပ္ပဲ ''Disable'' လုပ္ထားလို့လည္း ရပါတယ္။ေနာက္ဆံုးအဆင့္ကေတာ့ ''Code Card'' စနစ္ပါ။
''Code Card''စနစ္ကို Enable လုပ္ထားရင္ အမွတ္စဥ္နံပါတ္ေတြတပ္ထားတဲ့ ဂဏန္း ၇လံုးပါ Code အလံုး ၃၀ ကို ေပးပါလိမ့္မယ္။
အေကာင့္ထဲက ေငြလႊဲေျပာင္းျခင္း ဒါမွမဟုတ္ ေငြထုတ္ျခင္း ျပုလုပ္တဲ့ အခါတိုင္း အမွတ္စဥ္ ဘယ္ေလာက္က Code ကို ေပးပါ ဆိုျပီး ေတာင္းပါတယ္။ေတြ့တဲ့ Code နံပါတ္ ေပးလို့မရပါဘူး။သူေတာင္းဆိုတဲ့ အမွတ္စဥ္ နံပါတ္နဲ့ ကိုက္ညီတဲ့ Code ထည့္ေပးမွသာ ေငြထုတ္ျခင္း ဒါမွမဟုတ္ ေငြလႊဲေျပာင္းျခင္း ျပုလုပ္လို့ရပါတယ္။ဒါ့ေျကာင့္ အဓိက ကေတာ့ မိမိတို့ရဲ့ Email Account လံုျခံဳဖို့ပါပဲ။တကယ္လို့ Email ေပါက္သြားရင္ေတာင္ "Sms Log In''စနစ္နဲ့ ထပ္ကာထားလို့ရပါေသးတယ္။ဒါ့ေျကာင့္ ''Perfect Money'' ဟာ လံုျခံဳမႈရွိတယ္လို့ ေျပာႏိုင္ပါတယ္။
*****''Perfect Money''ရဲ့ အားသာခ်က္(ေကာင္းတဲ့အခ်က္)ေတြက ဘာေတြလဲ?
၁။''Perfect Money'' အေကာင့္အခ်င္းခ်င္း ေငြလႊဲေျပာင္းမႈဟာ (Instant)အလြန္ျမန္ဆန္ပါတယ္။စကၠန့္ပိုင္းပဲ ႀကာပါတယ္။
၂။"Perfect Money''ဟာ ျမန္မာႏိုင္ငံကေန Verify ျပုလုပ္ႏိုင္တဲ့ အြန္လိုင္း ေငြေပးေခ်မႈ စနစ္ျဖစ္ပါတယ္။ဒါ့ေျကာင့္ Account ကို Verify ျပုလုပ္ထားမယ္ဆိုရင္ အေျကာင္းတစ္စံုတစ္ခုေျကာင့္ မိမိအေကာင့္ကို Recover လုပ္ဖို့ (ျပန္ယူဖို့) လြယ္ကူပါတယ္။
၃။''Perfect Money''ကို ''https://www.perfectmoney.is'' Website မွေသာ္လည္းေကာင္း၊ ''Perfect Money Application'' မွ ေသာ္လည္ေကာင္း ရိုးရွင္းလြယ္ကူစြာနဲ့ အဆင္ေျပေျပ အသံုးျပုႏိုင္ပါတယ္။
ဟုတ္ကဲ့။စာလည္း ေတာ္ေတာ္ရွည္သြားျပီ ခင္ဗ်။ေနာက္တစ္ပိုင္းမွာ ''PM Account Sign Up'' ျပုလုပ္ျခင္းနဲ့ ''Account Verify''ျပုလုပ္ျခင္း အေျကာင္း ဆက္လက္ေဖာ္ျပပါ့မယ္ ခင္ဗ်ာ။က်ြန္ေတာ့ရဲ့ post ကို ဖတ္ရႈေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ခင္ဗ်။
မိတ္ေဆြအေပါင္း က်မ္းမာခ်မ္းသာျပီး မဂၤလာရွိတဲ့ ေန့ရက္ကေလးေတြကို ပိုင္ဆိုင္ႏိုင္ပါေစခင္ဗ်။
ခ်စ္ခင္ေလးစားစြာျဖင့္-----
(moehlaing)
*****---------*****---------*****--------*****
unicode;
''Verified Perfect Money Accountတစ်ခု
ပြုလုပ်ခြင်း"အပိုင်း-၁[original post by (moehlaing)]
မင်္ဂလာပါ ခင်ဗျ!
ဒီနေ့တော့ မိတ်ဆွေတို့ကို ''Verified Perfect Money Account'' တစ်ခု ပြုလုပ်ပုံ အကြောင်းလေး မျှဝေပေးချင်ပါတယ် ခင်ဗျ။
အရင်ဦးဆုံး Perfect Money အကြောင်းလေး အနည်းငယ်လောက် မိတ်ဆက်ပေးချင်ပါတယ် ခင်ဗျ။
*****''Perfect Money''ဆိုတာ ဘာလဲ?*****
''Perfect Money'' ဆိုတာ 2007 ခုနှစ်မှာ စတည်တည်ထောင်ခဲ့တဲ့ ''e-payment system''(အွန်လိုင်းငွေပေးချေမှု စနစ်)တစ်ခု ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ ဆိုရင်တော့ ''Ok Dollar'' တို့''Wave Money'' တို့လို ပုံစံမျိုးပါပဲ။''Ok Dollar''ထဲက မြန်မာငွေ ၁၀၀၀ကျပ်ဟာ ကျွန်တော်တို့ အပြင်မှာ သုံးစွဲနေတဲ့ ၁၀၀၀ ကျပ်နဲ့ တန်ဖိုးချင်း အတူတူ ပါပဲ။ထို့အတူပဲ PM 1US$ ဟာလည်း အပြင်က US1$ နဲ့ တန်ဖိုးချင်း အတူတူပါပဲ။ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ transcation fees(ငွေလွှဲခ)တွေရှိတဲ့အတွက် PM 1US$ ဟာ ဘဏ်က 1US$ ပေါက်ကြေးထက် အနည်းငယ် ပိုပြီး များပါတယ်။
#google(this photo is taken from google)
*****''Perfect Money''က ဘယ်နိုင်ငံ ကလည်း?
Companyကို Panama နိုင်ငံမှာ မှတ်ပုံတင်ထားပေမယ့် Company ရုံးချုပ်ကတော့ Switzerland နိုင်ငံ Zurich မြို့ မှာ တည်ရှိပါတယ်။
*****"Perfect Money''က ဘယ်လို ငွေကြေးအမျိုးအစားတွေကို ဝန်ဆောင်မှု ပေးသလဲ?
Perfect Money က Us$, Euro€,Btc နဲ့ Gold (ရွှေ)စတဲ့ ယူနစ်၄မျိုး လက်ခံပေးချေဖို့(to pay and receive) နဲ့ ယူနစ်အချင်းချင်း လဲလှယ်ဖို့(to exchange) ဝန်ဆောင်မှု ပေးပါတယ်။
*****''Perfect Money'' Account ထဲကို မြန်မာနိုင်ငံကနေ ငွေသွင်း/ငွေထုတ် ပြုလုပ်ဖို့ လွယ်ကူပါသလား?
ဟုတ်ကဲ့။လွယ်ကူပါတယ်။အလွယ်ကူဆုံး နည်းလမ်းကတော့ ယုံကြည်ရတဲ့ money exchanger တစ်ဦးဦးနဲ့ ချိတ်ဆက်ပြီး PM$ တွေကို တိုက်ရိုက် အရောင်းအဝယ် ပြုလုပ်နိုင်ပါတယ်။
money exchanger တွေနဲ့ အရောင်းအဝယ် မလုပ်ချင်ဘူးဆိုရင်လည်း
PM<-->Voda Exchange<-->
MyanPay<-->Mobile Banking ဆိုတဲ့ လမ်းကြောင်း အတိုင်းသွားလို့ရပါတယ်။
ဒါပေမယ့် PM ကနေ ကျွန်တော်တို့ရဲ့ Mobile Banking Account ထဲကို ရောက်ရှိဖို့အတွက် ကြားထဲမှာ ၂ဆင့် ခံနေတဲ့ အတွက်ကြောင့် transcation fees တွေ နှုတ်လိုက်ရင် money exchanger တွေနဲ့ တိုက်ရိုက်ချိတ်ပြီး အရောင်းအဝယ် လုပ်တာလောက် မရတော့ပါဘူး။ဒါ့အပြင် မိတ်ဆွေမှာ Master Card (or) Visa Card ရှိခဲ့မယ် ဆိုရင်လည်း အဲဒီ Online Payment Card တွေနဲ့ ငွေအသွင်းအထုတ် ပြုလုပ်နိုင်ပါသေးတယ်။
ဒါပေမယ့် ကျွန်တော့အထင် ပြောရ ရင် ယုံကြည်ရတဲ့ money exchanger နဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး အရောင်းအဝယ်ပြုလုပ်တာဟာ အကောင်းဆုံးနည်းလမ်းပါပဲ။
#google(this photo is taken from google)
*****"Perfect Money Account''အမျိုးအစား ဘယ်လောက်များရှိပါသလဲ?
အဓိက အားဖြင့်တော့ ''Personal Account''
နဲ့ ''Bussiness Account''ဆိုပြီး ၂မျိုးရှိပါတယ်။''Personal Account''ဆိုတာက လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ချင်း အသုံးပြုရတဲ့ အကောင့်အမျိုးအစား ဖြစ်ပါတယ်။''Bussiness Account''ဆိုတာကတော့ အသင်းအဖွဲ့အစည်း ဒါမှမဟုတ် ကုမ္ပဏီ တစ်ခု အနေနဲ့ အသုံးပြုတဲ့ အကောင့်အမျိုးအစား ဖြစ်ပါတယ်။
''Premium Account'' နဲ့ ''Partner Account'' ဆိုတဲ့ အခြားအကောင့်အမျိုးအစား ၂မျိုးလည်း ရှိပါသေးတယ်။ကျွန်တော်တို့အနေနဲ့ကတော့ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ချင်းစီ အသုံးပြုမှာ ဖြစ်တဲ့အတွက် ''Personal Account''ပဲ ဖွင့်ရမှာ ဖြစ်ပါတယ်။
#google(this photo is taken from google)
*****"Perfect Money''ကို အသုံးပြုရတာ လုံခြုံမှုရှိပါ့ မလား။
ဒီအပိုင်းကတော့ ကျွန်တော်ဟာ နည်းပညာ သမားမဟုတ်တဲ့အတွက် ကျွန်တော်နားလည်သလိုပဲ ပြောပါ့မယ်။
ပထမဦးဆုံး အဆင့်ကတော့ ''PM Account Password'' ပေါ့။
''Password'' မှန်သွားရင် ဒုတိယ အဆင့်အနေနဲ့ ''IP Check'' လုပ်ပါတယ်။ကျွန်တော်တို့ အကောင့် Register လုပ်တုန်းက IP နဲ့ နောက်ပိုင်း အကောင့် Log In ဝင်တဲ့ IP မတူရင် Email ထဲကို ဂဏန်း ၇ လုံးပါတဲ့ Pin Code ပို့ပေးပြီး အဲဒီ Pin Code ကို ဖြည့်ခိုင်းပါတယ်။
အဲဒီ Emailက Pim Code ရသွားရင်တောင်
''Sms Log In'' စနစ်ကို Enable လုပ်ထားရင် PM Account ထဲကို ဝင်လို့မရသေးပါဘူး။ကျွန်တော်တို့ အကောင့် Verify လုပ်တုန်က ပေးထားတဲ့ Mobile Phone နံပါတ်ကို Sms ကဆင့် နောက်ထပ် Code တစ်ခု ပို့ပေးပြီး အဲဒီ Sms Code ကို ဖြည့်ခိုင်းပါလိမ့်မယ်။
အဲဒီ ''Sms Log In'' စနစ်ကို Enable လုပ်ထားရင် Sms တစ်စောင်ပို့တိုင်း Sms ပို့ခ 0.1 US$ တော့ မိမိ Balence ထဲက ဖြတ်သွားပါလိမ့်မယ်။''Sms Log In'' စနစ်ကို ''Enable'' မလုပ်ပဲ ''Disable'' လုပ်ထားလို့လည်း ရပါတယ်။နောက်ဆုံးအဆင့်ကတော့ ''Code Card'' စနစ်ပါ။
''Code Card''စနစ်ကို Enable လုပ်ထားရင် အမှတ်စဉ်နံပါတ်တွေတပ်ထားတဲ့ ဂဏန်း ၇လုံးပါ Code အလုံး ၃၀ ကို ပေးပါလိမ့်မယ်။
အကောင့်ထဲက ငွေလွှဲပြောင်းခြင်း ဒါမှမဟုတ် ငွေထုတ်ခြင်း ပြုလုပ်တဲ့ အခါတိုင်း အမှတ်စဉ် ဘယ်လောက်က Code ကို ပေးပါ ဆိုပြီး တောင်းပါတယ်။တွေ့တဲ့ Code နံပါတ် ပေးလို့မရပါဘူး။သူတောင်းဆိုတဲ့ အမှတ်စဉ် နံပါတ်နဲ့ ကိုက်ညီတဲ့ Code ထည့်ပေးမှသာ ငွေထုတ်ခြင်း ဒါမှမဟုတ် ငွေလွှဲပြောင်းခြင်း ပြုလုပ်လို့ရပါတယ်။ဒါ့ကြောင့် အဓိက ကတော့ မိမိတို့ရဲ့ Email Account လုံခြုံဖို့ပါပဲ။တကယ်လို့ Email ပေါက်သွားရင် တောင်"Sms Log In''စနစ်နဲ့ ထပ်ကာထားလို့ရပါသေးတယ်။ဒါ့ကြောင့် ''Perfect Money'' ဟာ လုံခြုံမှုရှိတယ်လို့ ပြောနိုင်ပါတယ်။
*****''Perfect Money''ရဲ့ အားသာချက်(ကောင်းတဲ့အချက်)တွေက ဘာတွေလဲ?
၁။''Perfect Money'' အကောင့်အချင်းချင်း ငွေလွှဲပြောင်းမှုဟာ (Instant)အလွန်မြန်ဆန်ပါတယ်။စက္ကန့်ပိုင်းပဲ ကြာပါတယ်။
၂။"Perfect Money''ဟာ မြန်မာနိုင်ငံကနေ Verify ပြုလုပ်နိုင်တဲ့ အွန်လိုင်း ငွေပေးချေမှု စနစ်ဖြစ်ပါတယ်။ဒါ့ကြောင့် Account ကို Verify ပြုလုပ်ထားမယ်ဆိုရင် အကြောင်းတစ်စုံတစ်ခုကြောင့် မိမိအကောင့်ကို Recover လုပ်ဖို့ (ပြန်ယူဖို့) လွယ်ကူပါတယ်။
၃။''Perfect Money''ကို ''https://www.perfectmoney.is'' Website မှသော်လည်းကောင်း၊ ''Perfect Money Application'' မှ သော်လည်ကောင်း ရိုးရှင်းလွယ်ကူစွာနဲ့ အဆင်ပြေပြေ အသုံးပြုနိုင်ပါတယ်။
ဟုတ်ကဲ့။စာလည်း တော်တော်ရှည်သွားပြီ ခင်ဗျ။နောက်တစ်ပိုင်းမှာ ''PM Account Sign Up'' ပြုလုပ်ခြင်းနဲ့ ''Account Verify''ပြုလုပ်ခြင်း အကြောင်း ဆက်လက်ဖော်ပြပါ့မယ် ခင်ဗျာ။ကျွန်တော့ရဲ့ post ကို ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျ။
မိတ်ဆွေအပေါင်း ကျမ်းမာချမ်းသာပြီး မင်္ဂလာရှိတဲ့ နေ့ရက်ကလေးတွေကို ပိုင်ဆိုင်နိုင်ပါစေခင်ဗျ။
ချစ်ခင်လေးစားစွာဖြင့်-----
(moehlaing)
*****---------*****---------*****--------*****