zawgi;
''Verified Perfect Money Accountတစ္ခု
ျပုလုပ္ျခင္း"အပိုင္း-၂[original post by (moehlaing)]
မဂၤလာပါ ခင္ဗ်!
အပိုင္း-၁ မွာ "Perfect Money"အေျကာင္း မိတ္ဆက္ေပးျပီးသြားျပီဆိုေတာ့ အခု အပိုင္း-၂ မွာ ''PM Account'' ျပုလုပ္ျခင္း အေျကာင္း ေဖာ္ျပပါ့မယ္။
Account မျပုလုပ္ခင္ သတိထားသင့္တာေလးေတြကို အရင္ဦးဆံုးေျပာခ်င္ပါတယ္။
PM Account ကို Verify ျပုလုပ္ခ်င္ရင္
Name Validation(နာမည္ အတည္ျပုဖို့)အတြက္ မိတ္ေဆြဆီမွာ Passport (ဒါမွမဟုတ္)Driving Licence တစ္ခုခု ရွိရပါမယ္။
ကိုယ့္ဆီမွာ Passport နဲ့ Driving Licence မရွိခဲ့ရင္ ယံုျကည္စိတ္ခ်ရတဲ့ လူတစ္ေယာက္
(ဥပမာ-မိမိရဲ့ အစ္ကို၊ အစ္မ (ဒါမွမဟုတ္) မိတ္ေဆြ တစ္ေယာက္)ဆီက ခဏငွားျပီး photo ရိုက္ယူထားလိုက္ပါ။
*****အေရးျကီးတဲ့ အခ်က္က Passport (ဒါမွမဟုတ္) Driving Licence ထဲက အမည္နဲ့ က်ြန္ေတာ္တို့ PM အေကာင့္ ဖြင္တဲ့အခါ ျဖည့္သြင္းရတဲ့ အမည္ တစ္ထပ္တည္းတူဖို့ပဲ ျဖစ္ပါတယ္။*****
ဒီေနရာမွာ ေမးစရာတစ္ခုရွိတာက Passport (or) Driving Licence က ကိုယ့္ဆီမွာလည္း မရွိ၊ ကိုယ့္အသိ မိတ္ေဆြေတြဆီမွာလည္း မရွိခဲ့ရင္ ''Verified PM Account'' တစ္ခု မရႏိုင္ေတာ့ဘူးလား ဆိုတဲ့ ေမးခြန္းပါပဲ။
အေျဖကေတာ့ ရႏိုင္ပါတယ္လို့ပဲ ေျဖရမွာပါ။
ဒါေပမယ့္ အလုပ္ေတာ့ နည္းနည္းရႈပ္သြားပါမယ္။Support ကို လွမ္းဆက္သြယ္ျပီး ''Name Validation ျပုလုပ္ဖို့ မိမိမွာ Passport နဲ့ Driving Licence မရွိတဲ့အတြက္ Myanmar National Id Card(ျမန္မာႏိုင္ငံသားစိစစ္ေရးကဒ္)ႏွင့္တကြ National Id ကဒ္ကို Official Notary(ႏိုျတီတရားဝင္ျပုလုပ္ခြင့္ရွိတဲ့ ေရွ့ေနတစ္ဦး)ဆီမွာ ဘာသာျပန္ထားတဲ့ စာရြက္စာတန္း အေထာက္အထားနဲ့ ဆိုရင္ အဆင္ေျပမလား''လို ့လွမ္းေမးရပါမယ္။အဆင္ေျပႏိုင္ေလာက္မယ္လို့လည္း က်ြန္ေတာ္ ထင္ပါတယ္။ဒီနည္းကို က်ြန္ေတာ္ေတာ့ စမ္းသပ္မျကည့္ရေသးပါဘူး။အဆင္ေျပႏိုင္ေလာက္တဲ့ နည္းလမ္းျဖစ္လို ့ေျပာျပတာပါ။
ေနာက္တစ္ခုက Address Validation(လိပ္စာ အတည္ျပုဖို့)အတြက္ ဘဏ္တစ္ခုခုက ေငြစုစာအုပ္တစ္အုပ္ လိုပါမယ္။တကယ္လို့ ေငြစုစာအုပ္ မလုပ္ရေသးဘူး ဆိုရင္ ေငြလႊဲထားတဲ့ ခ်လံစာရြက္ (ဒါမွမဟုတ္) ေငြလႊဲလက္ခံထားတဲ့ ခ်လံစာရြက္တစ္ရြက္ လိုပါမယ္။
*****အေရးႀကီးတာက ဘဏ္စာအုပ္ (ဒါမွမဟုတ္) ခ်လံစာရြက္ ထဲမွာ Englisgh လို ျဖည့္ထားတဲ့ လိပ္စာနဲ့ PM အေကာင့္ ဖြြင့္တဲ့အခါ ျဖည့္တဲ့ လိပ္စာ တစ္ထပ္ထည္း တူေနဖို့ပါပဲ။*****
''PM Account'' တစ္ခု ျပုလုပ္ဖို့ ပထမဦးဆံုး
brower ကေန ေအာက္က link အတိုင္း သြားပါ။
[https://perfectmoney.is/signup.html]
''Perfect Money Account'' အသစ္ျပုလုပ္တဲ့(sign up ျပုလုပ္တဲ့) စာမ်က္ႏွာကို ေရာက္သြားပါလိမ့္မယ္။
Account name ေနရာမွာ မိမိနာမည္ကိုပဲ ျဖည့္ေပးလိုက္ပါ။(U,Ko,Mg,Daw,Ma ေတြမထည့္ပါနဲ့)ဥပမာ-Tartay Sai
Full name မွာလည္း မိမိနာမည္ပဲ ထပ္ထည့္ေပးလိုက္ပါ။
City မွာ ျမို့နာမည္ ထည့္ပါ။ဥပမာ-Mandalay
Address မွာ ဘဏ္ေငြစုစာအုပ္ (ဒါမွမဟုတ္)ေငြလႊဲ ခ်လံ ထဲမွာ ျဖည့္ထားတဲ့ လိပ္စာထည့္ပါ။ဥပမာ-Tha 12,Pyay Gyi Tagon။
Country မွာ Myanmar ကို ေရြးေပးလိုက္ပါ။
အဲဒီေနာက္ Zip/Postal Code ျဖည့္ပါ။ဥပမာ-10090
E-maill မွာ 2-step verification ျပုလုပ္ထားတဲ့ email address ထည့္ေပးလိုက္ပါ။
Phone/fax မွာ မိမိရဲ့ ဖုန္းနံပါတ္ ထည့္ေပးလိုက္ပါ။ဥပမာ- +959979797979
Account type မွာ နဂိုမူလအတိုင္း personal မွာပဲ ထားပါ
Password ျဖည့္ပါ။Password မွာ Uppercase letter(စာလံုးအျကီး)၊ Lowercase letter(စာလံုးအေသး)၊Number(1,2,3,4,---ဂဏန္းမ်ား) နဲ့ Special character မ်ား(@,#,$,%,&,----)စသည္တို့ စံုလင္ေအာင္ ထည့္သြင္းသင့္ပါတယ္။
ဥပမာ-TAr539&tAY#@$501SaI@%#007
Retype Password မွာ အေပၚမွာ ျဖည့္ခဲ့တဲ့ password ကိုပဲ ျပန္ျဖည့္ပါ။
ျပီးရင္ Turning number ရဲ့ေအာက္က Captcha ဂဏန္းေလးေတြကို ညာဘက္က ေလးေထာင့္ကြက္ထဲမွာ မွန္ေအာင္ျဖည့္ေပးလိုက္ပါ။
ျပီးရင္ I agree with terms and conditions စာတန္းရဲ့ ဘယ္ဘက္ေဘးက ေလးေထာင့္ကြက္ထဲမွာ အမွန္ျခစ္ေလး ေပးလိုက္ပါ။
အဲဒါျပီးရင္ေတာ့ ေအာက္ဆံုးက Register ဆိုတဲ့ အျပာေရာင္ ေလးေထာင့္ကြက္ေလးကို ႏွိပ္လိုက္ပါ။
ဒါဆိုရင္ေတာ့ PM Account ျပုလုပ္ျပီးေႀကာင္းနဲ့ Member ID နံပါတ္ကို email ျဖင့္ပို့လိုက္ပါျပီ ဆိုတဲ့ စာသားကို ပံုထဲက အတိုင္းေတြ့ရပါမယ္။
က်ြန္ေတာ္တို့ email ကို ဖြင့္ျကည့္လိုက္ပါ။ပံုထဲက အတိုင္း Member ID နံပါတ္ပို့ထားပါျပီ။
ဒါဆိုရင္ေတာ့ Member ID နံပါတ္နဲ့ တကြ Password ထည့္ျပီး က်ြန္ေတာ္တို့ရဲ့ PM Account ထဲကို Browser အသံုးျပုျပီး Website မွ ေသာ္လည္းေကာင္း၊ PM application မွ ေသာ္လည္းေကာင္း ဝင္ေရာက္ အသံုးျပုႏိုင္ျပီ ျဖစ္ပါတယ္။
ဟုတ္ကဲ့ ခင္ဗ်။စာလည္း ေတာ္ေတာ္ေလးကို ရွည္သြားပါျပီ။ေနာက္တစ္ပိုင္း (နိဂုန္းပိုင္း)မွာေတာ့ PM Account Verify ျပုလုပ္ပံုကို ဆက္လက္ေဖာ္ျပပါ့မယ္ခင္ဗ်ာ။
မိတ္ေဆြအေပါင္း က်မ္းမာ ခ်မ္းသာျပီး မဂၤလာရိွတဲ့ ေန့ရက္ကေလးေတြကို ပိုင္ဆိုင္ႏိုင္ပါေစ ခင္ဗ်။
ခ်စ္ခင္ေလးစားစြာျဖင့္-----
(moehlaing)
*****-------*****-------*****-------*****-------
unicode;
''Verified Perfect Money Accountတစ်ခု
ပြုလုပ်ခြင်း"အပိုင်း-၂[original post by (moehlaing)]
မင်္ဂလာပါ ခင်ဗျ!
အပိုင်း-၁ မှာ "Perfect Money"အကြောင်း မိတ်ဆက်ပေးပြီးသွားပြီဆိုတော့ အခု အပိုင်း-၂ မှာ ''PM Account'' ပြုလုပ်ခြင်း အကြောင်း ဖော်ပြပါ့မယ်။
Account မပြုလုပ်ခင် သတိထားသင့်တာလေးတွေကို အရင်ဦးဆုံးပြောချင်ပါတယ်။
PM Account ကို Verify ပြုလုပ်ချင်ရင်
Name Validation(နာမည် အတည်ပြုဖို့)အတွက် မိတ်ဆွေဆီမှာ Passport (ဒါမှမဟုတ်)Driving Licence တစ်ခုခု ရှိရပါမယ်။
ကိုယ့်ဆီမှာ Passport နဲ့ Driving Licence မရှိခဲ့ရင် ယုံကြည်စိတ်ချရတဲ့ လူတစ်ယောက်
(ဥပမာ-မိမိရဲ့ အစ်ကို၊ အစ်မ (ဒါမှမဟုတ်) မိတ်ဆွေ တစ်ယောက်)ဆီက ခဏငှားပြီး photo ရိုက်ယူထားလိုက်ပါ။
*****အရေးကြီးတဲ့ အချက်က Passport (ဒါမှမဟုတ်) Driving Licence ထဲက အမည်နဲ့ ကျွန်တော်တို့ PM အကောင့် ဖွင်တဲ့အခါ ဖြည့်သွင်းရတဲ့ အမည် တစ်ထပ်တည်းတူဖို့ပဲ ဖြစ်ပါတယ်။*****
ဒီနေရာမှာ မေးစရာတစ်ခုရှိတာက Passport (or) Driving Licence က ကိုယ့်ဆီမှာလည်း မရှိ၊ ကိုယ့်အသိ မိတ်ဆွေတွေဆီမှာလည်း မရှိခဲ့ရင် ''Verified PM Account'' တစ်ခု မရနိုင်တော့ဘူးလား ဆိုတဲ့ မေးခွန်းပါပဲ။
အဖြေကတော့ ရနိုင်ပါတယ်လို့ပဲ ဖြေရမှာပါ။
ဒါပေမယ့် အလုပ်တော့ နည်းနည်းရှုပ်သွားပါမယ်။Support ကို လှမ်းဆက်သွယ်ပြီး ''Name Validation ပြုလုပ်ဖို့ မိမိမှာ Passport နဲ့ Driving Licence မရှိတဲ့အတွက် Myanmar National Id Card(မြန်မာနိုင်ငံသားစိစစ်ရေးကဒ်)နှင့်တကွ National Id ကဒ်ကို Official Notary(နိုတြီတရားဝင်ပြုလုပ်ခွင့်ရှိတဲ့ ရှေ့နေတစ်ဦး)ဆီမှာ ဘာသာပြန်ထားတဲ့ စာရွက်စာတန်း အထောက်အထားနဲ့ ဆိုရင် အဆင်ပြေမလား''လို့လှမ်းမေးရပါမယ်။အဆင်ပြေနိုင်လောက်မယ်လို့လည်း ကျွန်တော် ထင်ပါတယ်။ဒီနည်းကို ကျွန်တော်တော့ စမ်းသပ်မကြည့်ရသေးပါဘူး။အဆင်ပြေနိုင်လောက်တဲ့ နည်းလမ်းဖြစ်လို့ပြောပြတာပါ။
နောက်တစ်ခုက Address Validation(လိပ်စာ အတည်ပြုဖို့)အတွက် ဘဏ်တစ်ခုခုက ငွေစုစာအုပ်တစ်အုပ် လိုပါမယ်။တကယ်လို့ ငွေစုစာအုပ် မလုပ်ရသေးဘူး ဆိုရင် ငွေလွှဲထားတဲ့ ချလံစာရွက် (ဒါမှမဟုတ်) ငွေလွှဲလက်ခံထားတဲ့ ချလံစာရွက်တစ်ရွက် လိုပါမယ်။
*****အရေးကြီးတာက ဘဏ်စာအုပ် (ဒါမှမဟုတ်) ချလံစာရွက် ထဲမှာ Englisgh လို ဖြည့်ထားတဲ့ လိပ်စာနဲ့ PM အကောင့် ဖွွင့်တဲ့အခါ ဖြည့်တဲ့ လိပ်စာ တစ်ထပ်ထည်း တူနေဖို့ပါပဲ။*****
''PM Account'' တစ်ခု ပြုလုပ်ဖို့ ပထမဦးဆုံး
brower ကနေ အောက်က link အတိုင်း သွားပါ။
[https://perfectmoney.is/signup.html]
''Perfect Money Account'' အသစ်ပြုလုပ်တဲ့(sign up ပြုလုပ်တဲ့) စာမျက်နှာကို ရောက်သွားပါလိမ့်မယ်။
Account name နေရာမှာ မိမိနာမည်ကိုပဲ ဖြည့်ပေးလိုက်ပါ။(U,Ko,Mg,Daw,Ma တွေမထည့်ပါနဲ့)ဥပမာ-Tartay Sai
Full name မှာလည်း မိမိနာမည်ပဲ ထပ်ထည့်ပေးလိုက်ပါ။
City မှာ မြို့နာမည် ထည့်ပါ။ဥပမာ-Mandalay
Address မှာ ဘဏ်ငွေစုစာအုပ် (ဒါမှမဟုတ်)ငွေလွှဲ ချလံ ထဲမှာ ဖြည့်ထားတဲ့ လိပ်စာထည့်ပါ။ဥပမာ-Tha 12,Pyay Gyi Tagon။
Country မှာ Myanmar ကို ရွေးပေးလိုက်ပါ။
အဲဒီနောက် Zip/Postal Code ဖြည့်ပါ။ဥပမာ-10090
E-maill မှာ 2-step verification ပြုလုပ်ထားတဲ့ email address ထည့်ပေးလိုက်ပါ။
Phone/fax မှာ မိမိရဲ့ ဖုန်းနံပါတ် ထည့်ပေးလိုက်ပါ။ဥပမာ- +959979797979
Account type မှာ နဂိုမူလအတိုင်း personal မှာပဲ ထားပါ
Password ဖြည့်ပါ။Password မှာ Uppercase letter(စာလုံးအကြီး)၊ Lowercase letter(စာလုံးအသေး)၊Number(1,2,3,4,---ဂဏန်းများ) နဲ့ Special character များ(@,#,$,%,&,----)စသည်တို့ စုံလင်အောင် ထည့်သွင်းသင့်ပါတယ်။
ဥပမာ-TAr539&tAY#@$501SaI@%#007
Retype Password မှာ အပေါ်မှာ ဖြည့်ခဲ့တဲ့ password ကိုပဲ ပြန်ဖြည့်ပါ။
ပြီးရင် Turning number ရဲ့အောက်က Captcha ဂဏန်းလေးတွေကို ညာဘက်က လေးထောင့်ကွက်ထဲမှာ မှန်အောင်ဖြည့်ပေးလိုက်ပါ။
ပြီးရင် I agree with terms and conditions စာတန်းရဲ့ ဘယ်ဘက်ဘေးက လေးထောင့်ကွက်ထဲမှာ အမှန်ခြစ်လေး ပေးလိုက်ပါ။
အဲဒါပြီးရင်တော့ အောက်ဆုံးက Register ဆိုတဲ့ အပြာရောင် လေးထောင့်ကွက်လေးကို နှိပ်လိုက်ပါ။
ဒါဆိုရင်တော့ PM Account ပြုလုပ်ပြီးကြောင်းနဲ့ Member ID နံပါတ်ကို email ဖြင့်ပို့လိုက်ပါပြီ ဆိုတဲ့ စာသားကို ပုံထဲက အတိုင်းတွေ့ရပါမယ်။
ကျွန်တော်တို့ email ကို ဖွင့်ကြည့်လိုက်ပါ။ပုံထဲက အတိုင်း Member ID နံပါတ်ပို့ထားပါပြီ။
ဒါဆိုရင်တော့ Member ID နံပါတ်နဲ့ တကွ Password ထည့်ပြီး ကျွန်တော်တို့ရဲ့ PM Account ထဲကို Browser အသုံးပြုပြီး Website မှ သော်လည်းကောင်း၊ PM application မှ သော်လည်းကောင်း ဝင်ရောက် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။
ဟုတ်ကဲ့ ခင်ဗျ။စာလည်း တော်တော်လေးကို ရှည်သွားပါပြီ။နောက်တစ်ပိုင်း (နိဂုန်းပိုင်း)မှာတော့ PM Account Verify ပြုလုပ်ပုံကို ဆက်လက်ဖော်ပြပါ့မယ်ခင်ဗျာ။
မိတ်ဆွေအပေါင်း ကျမ်းမာ ချမ်းသာပြီး မင်္ဂလာရှိတဲ့ နေ့ရက်ကလေးတွေကို ပိုင်ဆိုင်နိုင်ပါစေ ခင်ဗျ။
ချစ်ခင်လေးစားစွာဖြင့်-----
(moehlaing)
*****-------*****-------*****-------*****-------