zawgi;
မင်္ဂလာပါ ခင်ဗျ။
''OK'' နှိပ်ပေးလိုက်ပါ။
(moehlaing)
*****------******------*****------*****-----****-----
unicode;
''Virtual Visa Card တစ်ခုကို အခမဲ့ ရယူခြင်း''အပိုင်း-၂(နိဂုန်းပိုင်း)[original post by (moe hlaing)]
မင်္ဂလာပါ ခင်ဗျ။
အခုဆိုရင်တော့ မိတ်ဆွေတို့ဆီမှာ Account ဖွင့်ပြီးသား Wirex Apk ရှိနေပြီလို့ ယူဆပါတယ် ခင်ဗျ။
Wirex Apk ထဲမှာ Account ဖွင့်ပြီးပြီ ဆိုတာနဲ့ မိတ်ဆွေမှာ ''Coinbase နဲ့ Blockchain''လိုမျိုး Bitcoin Wallet တစ်ခု ပိုင်ဆိုင်သွားပြီ ဖြစ်ပါတယ်။Wirex Apk ကနေ btc လက်ခံခြင်းနဲ့ ပေးပို့ခြင်းတို့ကို စတင်လုပ်ဆောင်နိုင်ပါပြီ။
ဟုတ်ကဲ့။အခု ဆက်လက်ပြီးတော့ Virtual Visa Card တစ်ခု ရယူကြရအောင် ခင်ဗျ။
Wirex Apk ကို ဖွင့်ပြီး ''Order Card''ကို နှိပ်ပါ။
နောက်စာမျက်နှာမှာ နိုင်ငံရွေးခိုင်းပါမယ်။
မြန်မာနိုင်ငံကနေ Virtual Visa Card လျှောက်လို့မရပါဘူး။ဒါ့ကြောင့် Thailand ကို ရွေးပါ။
ပြီးရင် ''Continue'' ကို နှိပ်ပါ။
''User Information'' ဆိုတဲ့စာမျက်နှာကို ရောက်သွားပါမယ်။
''Name'' နဲ့ ''Date Of Birth'' ထည့်ပါမယ်။
Profile ပုံထည့်ချင်ရင်လည်း ထည့်လို့ရပါတယ်။ပြီးရင်တော့ ''Continue'' ကို နှိပ်ပါမယ်။
နောက်စာမျက်နှာမှာ Address ထည့်ပါမယ်။
Verified Account လုပ်မှာ မဟုတ်တဲ့ အတွက် ကိုယ့်စိတ်ထဲရှိတဲ့ လိပ်စာ ထည့်ပေးလိုက်ပါ။
ကျွန်တော်ကတော့ မြန်မာလိပ်စာတွေပဲ ထည့်ပေးလိုက်ပါတယ်။
ပြီးရင် ''Continue''ကို နှိပ်ပါ။
နောက်စာမျက်နှာမှာ Card အမျိုးအစား ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။
''Virtual Card'' က အခမဲ့ပါ။''Plastic Card'' ကတော့ ၁၇$ ကျသင့်မှာ ဖြစ်ပါတယ်။
ကျွန်တော်တို့က ''Virtual Card'' ကို အခမဲ့ ရယူမှာ ဖြစ်တဲ့အတွက် မူလအတိုင်းပဲထားပြီးဟ''Continue'' ကို နှိပ်လိုက်ပါ။
''Confirmation'' ဆိုတဲ့ စာမျက်နှာကို ရောက်သွားပါလိမ့်မယ်။''Submit'' ကို နှိပ်ပြီး အတည်ပြုပေးလိုက်ပါ။
နောက်စာမျက်နှာမှာ ''Virtual Visa Card''တစ်ခု မှာယူထားပြီ ဖြစ်ကြောင်း တွေ့ရပါမယ်။
''OK'' နှိပ်ပေးလိုက်ပါ။
ခုဆိုရင်တော့ ကျွန်တော်တို့ရဲ့ ''Wirex Apk'' ထဲမှာ ''Virtual Visa Card'' တစ်ခု ရောက်ရှိနေပြီ ဖြစ်ပါတယ်။
''Virtual Visa Card'' နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ သိချင်ရင် ''Virtual Card'' ပေါ်ကို တစ်ချက်နှိပ်လိုက်ပါ။
အဲဒီနောက် ''Get Card Details''ကို နှိပ်လိုက်ပါ။
ဒါဆိုရင်တော့ ''Virtual Visa Card'' နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို Wirex Account ဖွင့်ထားတဲ့ Email ထဲကို ပို့ပေးပါလိမ့်မယ်။
Wirex Account ကို Web ကနေသုံးချင်ရင်တော့ https://app.wirexapp.com ကနေ ဝင်ရောက် အသုံးပြုနိုင်ပါတယ်။
''Wirex Virtual Visa Card'' တစ်ခုရှိခြင်းအားဖြင့် ''Paypal Account''ကို Verify ပြုလုပ်နိုင်ခြင်း၊Online Shop တွေမှာ ငွေပေးချေနိုင်ခြင်း၊Virtual Visa Card ထဲမှာ ရှိတဲ့ငွေနဲ့ btc အချိန်မရွေး လဲလှယ်နိုင်ခြင်း(Exchangeပြုလုပ်နိုင်ခြင်း)၊ Digital Coin အမျိုးအစား များစွာမှ Btc သို့ အလွယ်တကူ ပြောင်းလဲနိုင်ခြင်း(Exchangeပြုလုပ်နိုင်ခြင်း)စတဲ့ ကောင်းကျိုးတွေ အပြင် အခြားသော ကောင်းကျိုးတွေလည်း ရှိပါသေးတယ်။
ဒါပေမယ့် အကြံပြုချင်တာကတော့
Wirex ကို ကျွန်တော်တို့ Verify လုပ်မထားတဲ့အတွက် Paypal Verify လုပ်ဖို့က လွဲရင် ''Btc Wallet'' တစ်ခုအဖြစ် အသုံးမပြုသင့်ပါဘူး။''Btc Transcation Fee''လည်း ခုပေါက်ဈေးနဲ့ဆို တော်တော်များနေနိုင်ပါတယ်။
''Wirex Virtual Debit Card'' နဲ့ ''Paypal Account Verify'' ပြုလုပ်ပုံအကြောင်းကို
''https://wirexapp.com/how-to-verify-paypal-account-wirex/'' မှာ လေ့လာဖတ်ရှုနိုင်ပါတယ်။
စာလည်းအတော်ရှည်သွားပါပြီ။
ကျွန်တော့ရဲ့ post ကို ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျ။
မိတ်ဆွေအပေါင်း ကျမ်းမာချမ်းသာပြီး မင်္ဂလာရှိတဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ပါစေခင်ဗျ။
ချစ်ခင်လေးစားစွာဖြင့်-----
(moehlaing)
*****------******------*****------*****-----****-----