အာလုံးပဲ မင်္ဂလာပါခင်မျာ....
မင်္ဂလာ အပေါင်းနှင့် ခညောင်းနိုင်ကြပါစေ....
ကျနော့်ကို "အမည်မသိပန်းချီဆရာတစ်ဦး"က ပုံဖော်ခဲ့သည်။ တကယ်ဆို ကျနော့်ဘဝကို ပြည့်ပြည့်စုံစုံလေး ဆွဲပေးပါတော့လား။ ဘာလို့များ ကျနော့်ကို မိဘမဲ့ ကလေးဘဝနဲ့ ရေးဆွဲခဲ့ပါလိမ့်။ ကျနော်ပုံ ပန်ချီကားလေးက လူတကာရဲ့အကြည့် အောက်မှာ သနားစဖွယ်လေးဖြစ်နေသည်။ ကျနော်ဟာ လူနှစ်ယောက်ရဲ့ စိတ်ခံစားမှုတခုကြောင့်သာ လူဖြစ်လာရတာပါ။
"မေမေ နဲ့ ဖေဖေရယ်...သားကို ဘာလို့များ မလိုချင်ရတာပါလဲ။ သားလေ..သူများကလေးတွေလို မဆိုးဘူးဆိုရင်၊ တခြားကလေးတွေလို ရွာရိုးကိုးပေါက် လျှောက်လည်ပီး မဆော့ဘူးဆိုရင်၊ အရုပ်တွေ မရမနေ မတောင်းဘူးဆိုရင် မေမေနဲ့ဖေဖေတို့မိသားစုပျော်ပျော်ရွှင်ရွှင်နေလို့ရမလားဟင်.... ။ ကျနော် လူ့လောကကြီးထဲ ရောက်ဖူးချင်တယ်။ မေမေရဲ့ ယုယမှုလေးတွေ ခံချင်တယ်။ မေမေရေ...ဖေဖေ့ကို လက်ထပ်ယူဖို့ပြောပါတော့။ "
"တပတ်(၁)ခေါက် မှန်မှန်ရောက် နှာဘူးထတဲ့ ဖေဖေ့အကျင့်ကို ကျနော်ကောင်းကောင်းသိတာပေါ့။ ရည်းစားများတဲ့ ဖေဖေက မေမေ့ဆီကို လာရင် အားရှိစာတွေ၊ အရက်တွေကပါလာတတ်သေးသည်။ ပလပ်စတစ်အဖြူရောင်ကဒ်လေးပေါ်မှာ အဖြူရောင် အလုံးလေးနှစ်လုံးက ဘာလေးလဲဟင်...မေမေ။ မေမေ အဲ့ဒီအရာသောက်တိုင်း ကျနော် ဝိဥာဉ်လေးတွေ ပျောက်ပျောက်သွားတယ်။ ဖြစ်နိုင်ရင် မသောက်ပါတော့နဲ့လား။"
"ဖေဖေ့ရဲ့ ညာတာပါသေး စကားသံတွေက မေမေတွက် အားဆေးတွေလားဟင်။ မေမေစိတ်ချမ်းသာရင် သားပျော်ပါတယ်။ မေမေ့ အိပ်မက်ထဲကို သားလာသေးတယ်။ မေမေရဲ့အပြုံးက သားကို ခွန်အားတွေအများကြီးဖြစ်စေတယ်။ မေမေအမြဲ ပြုံးနေပါနော်။"
"ဒီနေ့ဟာ သားအတွက် ကံကောင်းတဲ့နေ့လေးထင်ပါရဲ့။ ကျနော့်ကိုပူလောင်စေတဲ့အရာကြီးကို မေမေမသောက်ပဲ လွှတ်ပစ်လိုက်လို့ ကျေးဇူးတင်လိုက်တာ မေမေရယ်။ လူလည်ကြီးဖေဖေတော့ မသိရှာပါဘူး။ "
" 'ကံကောင်းခြင်းတစ်စ ကံဆိုးခြင်းတစ်ထုံး' ဆိုသလို ကျနော့်ဘဝကလဲ ခုမှ'စ' မည်ရယ်ရှိသေးခု 'ဆုံး'တော့မှာလား။ ဟုတ်ပါတယ်...မေမေ ကိုယ်ဝန်ရှိနေတာ အဖေသိသွားပါပြီ။ ကျနော့်ကို ဖျက်ချဖို့ အမျိုးမျိုး ဖျောင်းဖျ မြူ စွယ်ပါတော့သည်။ မေမေ့မျက်ဝန်းမှာ မျက်ရည်လေးတွေပြည့်နှက်လျက်နေသည်။ မငိုပါနဲ့ မေမေရယ်။ သားကြောင့်လား...ဟင်။ မေမေသူ့ကို မလွန်ဆန်နိုင်ပါဘူး။ ကျနော့်ခေါင်းပေါ်ကို အရက်ကဲ့သို့ပူလောင်တဲ့ အရည်တွေကျလာပြီ။ မလုပ်ပါနဲ့မေမေရယ်...။အရမ်းပူလို့ပါ...။ မေမေ သားကိုမလိုချင်တော့ဘူးလားဟင်...။ သားမှာ ဘာအပစ်ရှိလို့လဲမေမေရယ်..."
ဆက်ပါဦးမည်...
Credit to Google image
Author by Thant Zin Oo (magway)
MSC-184