"ဝေးရပ်မြေမှနှလုံးသား(၂)"
နောင်နောင်တစ်ယောက် ရိုစီကို လေဆိပ်ကနေကြိုလာပြီးကတည်းက စိတ်နဲ့ကိုယ်နဲ့မကပ်ဘဲ ပျံ့လွှင့်နေပါတယ်။ရိုစီ သူ့ကိုဆက်ဆံပုံတွေက မိန်းကလေးဖြစ်ပေမယ့် နိုင်ငံခြားမှာ အနေကြာတာကြောင့်လားမသိပါ ပွင့်ပွင့်လင်းလင်းရှိလှပါတယ်။ညဖက်အိပ်ယာထဲမှာလဲ နေ့ခင်းကဖြစ်ပျက်သမျှတွေသာ မျက်လုံးထဲမြင်ယောင်နေမိပါတယ်။နောင်နောင် ဒီနေ့ဒီအချိန်ထိ အခုလိုမျိုးစိတ်မလှုပ်ရှားဖူးပါ။ဒါပေမယ့် ရိုစီနဲ့ သူရဲ့အခြေအနေကအရမ်းကိုကွာခြားလွန်းလှတာကြောင့် ကိုယ့်ကိုကိုလဲ အထပ်ထပ်သတိပေးမိပါတယ်။နောင်နောင်တစ်ယောက်အတွေးထဲမှာမျောနေရင်း ဘယ်အချိန်အိပ်ပျော်သွားသည်မသိပါ မနက်နေကမျက်နှာပေါ်ထိုးတော့မှ အမြန်အိပ်ယာကထလိုက်ပြီး မိမိလုပ်စရာရှိတာများကိုလုပ်နေလိုက်ပါတယ်။
“အော်သမီးနိုးလာပြီလား Morning သမီး”
“Morning ဖေဖေ”
“သမီး ညကအိပ်လို့ကောင်းရဲ့လား ဟိုမှာနေတာကြာပြီဆိုတော့ အိပ်ယာအပြောင်းအလဲကြောင့် အိပ်မပျော်မှာကိုဖေဖေကစိုးရိမ်နေတာ”
“သမီးအိပ်ပျော်ပါတယ်ဖေဖေ ခရီးပန်းလာတာကြောင့်ထင်တယ်”
“သမီးဒီနေ့ဘာလုပ်စရာရှိသေးလဲ”
“ဒီနေ့ သမီး SuperMarket သွားမယ် ၊ညနေကျရင် သူငယ်ချင်းတစ်ယောက်ရဲ့ ပါတီသွားမယ်ဖေဖေ”
“ဟာ သမီးက မနားတော့ဘူးလား ခရီးပန်းနေပါဦးမယ်”
“ရပါတယ်ဖေဖေ ညကအိပ်လိုက်တော့ ကောင်းသွားပါပြီ သူငယ်ချင်းတွေနဲ့ကလဲ ချိန်းထားတယ်ဆိုတော့”
“အေး အဲဒါဆိုလဲ နောင်နောင်ကို ဖေဖေပြောထားမယ် သူ့ကိုလိုက်ပို့ခိုင်းလိုက်လေ”
ရိုစီ မနက်စာစားပြီး အိမ်ရှေ့ထွက်ခဲ့လိုက်ပါတယ်။အိမ်ရှေ့မှာ ကားရေဆေးနေတဲ့ နောင်နောင်ကိုတွေ့လိုက်ပါတယ်။
“ဟေ့ ဒီမှာ ရှင် မနက်စာစားပြီးပြီလား ခဏနေ ကျွန်မအပြင်သွားမယ်နော် ပြင်ထားပေးပါ”ဆိုပြီး နောင်နောင်လက်မောင်းကို လက်သီးနဲ့ထိုးပြီး ပြောလိုက်ပါတယ်။
“ဟုတ်ကဲ့ ကျွန်တော်ပြင်ထားလိုက်ပါ့မယ်” နောင်နောင်အပေါ် ရိုစီဆက်ဆံပုံက ရင်းရင်းနှီးနှီး သူငယ်ချင်းမိတ်ဆွေ ဆက်ဆံသလိုဆက်ဆံပါတယ်။သူနဲ့ကိုယ်နဲ့မနေ့တစ်နေ့ကမှတွေ့တယ်ဆိုပေမယ့် တစ်ယောက်နဲ့တစ်ယောက်စိမ်းမနေပါ။
ခဏအကြာမှာတော့ ရိုစီတစ်ယောက် ပြင်ဆင်ပြီးထွက်လာပါတယ်။ရိုစီဝတ်ထားသည်မှာ ခေတ်နဲ့အညီဝတ်စားဆင်ယင်ထားတာကြောင့် တစ်မျိုးကြည့်လို့ကောင်းနေပါတယ်။
“ကဲ ကျွန်မတို့ Supermarket ကိုအရင်သွားမယ်။” ဆိုပြီး ရိုစီက ရှေ့ခုံမှာဝင်ထိုင်တော့ ကျွန်တော်အံ့သြရပြန်ပါတယ်။ရိုစီဈေးဝယ်ထွက်တော့လဲ ဈေးဝယ်နေချိန်တစ်လျှောက်လုံး အထုပ်တွေကိုကူဆွဲရပြန်ပါတယ်။ဈေးဝယ်ထွက်ပြီးလို့ အိမ်ပြန်လာပြီး ညနေပါတီသွားဖို့အတွက် အဆင်သင့်ပြင်ထားရပြန်ပါတယ်။ပါတီသွားဖို့ရိုစီထွက်လာပြန်တော့လဲ ပွဲတက်ဝတ်စုံနဲ့တစ်မျိုးကြည့်ကောင်းနေပြန်ပါရော။ဒီလိုနဲ့ ပါတီကိုသွားဖို့အတွက်ထွက်ခဲ့လိုက်ပါတယ်။ဆရာကလဲ သူ့သမီး ညအပြန်နောက်ကျနေမှာကြောင့် ကျွန်တော့်ကို ယုံကြည်စွာနဲ့ထည့်လိုက်ခြင်းပါ။ကျွန်တော်မှာသာ ရိုစီနဲ့သွားနေရရင်ကို စိတ်ထဲမှာပင်ပန်းလို့ပင်ပန်းမှန်းပင်မသိပါ။ဒီလိုနဲ့ ပါတီရောက်တဲ့အချိန်မှာ ရိုစီကပါတီထဲကိုသွားပြီး ကျွန်တော်ကတော့ ကားပေါ်ကနေစောင့်နေလိုက်ပါတယ်။
“ဟေ့ ရိုစီ တစ်ယောက်ထဲလားကွ”
“ဟာ တစ်ယောက်ထဲပေါ့ ဘယ်နှစ်ယောက်လာရမှာလဲ”
“မသိဘူးလေ ကားပေါ်မှာတစ်ယောက်ပါသလားလို့”
“ဟာ မဟုတ်ပါဘူး”
“ဟာလုပ်မနေနဲ့ မဆိုးဘူးနော်”
၁နာရီလောက်အကြာမှာတော့ ရိုစီတစ်ယောက်ထွက်လာတာတွေ့လိုက်တဲ့အတွက်ပြန်ဖို့ပြင်လိုက်ပါတယ်။ဒါပေမယ့်
“ဒီမှာကျွန်မတို့ မပြန်သေးဘူး ရှင့်ကိုလာခေါ်တာ”
“ဗျာ”
“ဗျာမနေနဲ့ရှင့်ကို ပါတီတက်ဖို့လာခေါ်တာ”
“မလုပ်ပါနဲ့ဗျာ”
“လာပါ လိုက်ခဲ့ပါ” ဆိုပြီး လက်ဆွဲခေါ်တာကြောင့် ကြောင်တောင်တောင်နဲ့ဘဲ လိုက်ခဲ့ရပါတယ်။အထဲရောက်တဲ့အခါမှာတော့ စားစရာသောက်စရာများကို ယူပေးပြီးစားပွဲတစ်လုံးမှာ ထိုင်ရင်း မီးရောင်စုံအောက်တွင် အရောင်အသွေးစုံလူများ၏ပျော်မြူးစွာကနေသည်များကို ကြည့်နေမိပါသည်။ထိုအချိန်တွင် ရိုစီတစ်ယောက် နောင်နောင်ဆီသို့လျှောက်လာနေသည်ကို ငေးကြည့်နေမိပါသည်။
“ကဲလာ နည်းနည်းပါးပါးကရအောင်လေ”
“ဟာမလုပ်ပါနဲ့ ကျွန်တော်မကတတ်လို့ပါ”
“လာပါ”ဆိုပြီး ဇွတ်ဆွဲခေါ်သွားပါတော့တယ်။ ဂီတ၏စည်းချက်နှင့်အတူ ရိုစီ၏လက်နှစ်စုံသည်နောင်နောင်၏ပုခုံးအားကိုင်ပြီး ကနေသည်မှာ နောင်နောင်အဖို့အသက်ရှုသံများမှားအောင်ပင်ဖြစ်နေပါသည်။နောင်နောင်ဘ၀မှာ ဒီလိုနေရာမျိုးတွင် မိန်းမလေးတစ်ယောက်နဲ့တွဲကနေသည်မှာ တစ်ခါမျှမတွေးထားဖူးပေ။ယခုတော့ မိမိမတွေးထားသောအခြေအနေမျိုးဖြစ်နေသည့်အတွက် ရိုစီ၏သူ့အပေါ်ဆက်ဆံမှုကိုစဉ်းစားတိုင်း နောင်နောင်၏စိတ်များ ဝေခွဲမရအောင်ဖြစ်နေမိပါတော့သည်…………။
ဆက်ပါဦးမည်………..။