“ဝေးရပ်မြေမှနှလုံးသား”
“နောင်နောင်”
“ဗျာ ဆရာ”
“အေး ဒီနေ့ ငါ့သမီးနိုင်ငံခြားကပြန်လာလိမ့်မယ် အဲဒါလေယာဉ်ကွင်းကိုသွားကြိုရမယ် ကားပြင်ထားလိုက်”
“ဟုတ်ကဲ့ဆရာ”
နောင်နောင် လေယာဉ်ကွင်းသွားကြိုဖို့အတွက် ကားကိုစစ်ဆေးပြီး သန့်ရှင်းရေးလုပ်ထားလိုက်ပါတယ်။ ဆရာထွက်လာရင် အဆင်သင့် သွားနိုင်အောင်ပြင်ဆင်ထားပါတယ်။နောင်နောင်ဟာ ဆရာ့အိမ်မှာ ကားဒရိုင်ဘာလုပ်လာတာ ၂နှစ်ဝန်းကျင်ရှိပါပြီ။ဆရာ့မှာ သမီးတစ်ယောက်ရှိပေမယ့် တစ်ခါမှမမြင်ဘူးပါ။နောင်နောင်တစ်ယောက် ဆယ်တန်းအောင်ပေမယ့် တက္ကသိုလ်ဆက်မတက်နိုင်တာကြောင့် ဦးလေးရဲ့သူဌေးအိမ်မှာ ကားဒရိုင်ဘာလာလုပ်နေရခြင်းဖြစ်ပါတယ်။
မိမိအိမ်ရဲ့အခြေအနေကြောင့် တက္ကသိုလ်ကို အလုပ်တစ်ဖက်လုပ်ရင်းအဝေးသင်တက်ဖို့ဖြစ်လာရပါတယ်။ဒါကလဲ ယခုလက်ရှိမိမိလုပ်နေတဲ့ သူဌေးရဲ့စေတနာကောင်းမှုကြောင့်ပါဘဲ။မိမိဆယ်တန်းအောင်ပေမယ့် တက္ကသိုလ်ဆက်မတက်နိုင်တာကြောင့် သူဌေးမှ ပညာကိုဆုံးခန်းတိုင်အောင် သင်ဖို့ခွင့်ပြုလိုက်ခြင်းပါ။မနှစ်က တက္ကသိုလ်ဖြေတော့လဲ ဆရာရဲ့စေတနာကြောင့် စာမေးပွဲကို ငွေးကြေးထောက်ပံ့မှုများပါပေးပြီး ဆုံးခန်းတိုင်အောင်ကူညီပေးခဲ့ပါတယ်။ဒါကြောင့် ဆရာတို့ရဲ့ကျေးဇူးတွေဟာ ကျွန်တော့်အတွက်တော့ များပြားလှပါတယ်။
“နောင်နောင်ရေ သွားရအောင်ဟေ့ တော်ကြာနောက်ကျနေဦးမယ် ခုတလောကားလမ်းတွေကကျပ်နေတာ”
“ဟုတ်ကဲ့ဆရာ အဆင်သင့်ပါဘဲ”
ဒီလိုနဲ့လေယာဉ်ကွင်းကိုရောက်သွားပြီး လေယာဉ်မဆိုက်သေးတာကြောင့် စောင့်နေရပါတယ်။၁၀မိနစ်အကြာမှာတော့ လေယာဉ်ဆိုက်ရောက်ပြီဆိုပြီးကြေငြာတာကြောင့် ထွက်လာကြသောလူအုပ်ကြီးကို လည်တဆံ့ဆံ့မျော်ကုန်ကြပါတယ်။မိမိလဲ တစ်ခါမှမတွေ့ဘူးပေမယ့် ဓာတ်ပုံထဲမှာမြင်ဘူးတာကြောင့် တွေ့လိမ့်နိုးနိုး လိုက်ရှာနေမိပါတယ်။သိပ်မကြာပါ စတိုင်ကျကျ အနောက်တိုင်းဝတ်စုံဝတ်ပြီး လှပတဲ့မိန်းကလေးတစ်ယောက်ကိုတွေ့လိုက်ပါတယ်။ဟုတ်ပါတယ် ကျွန်တော်တို့မျှော်နေသော ဆရာ့ရဲ့သမီးပါ။နိုင်ငံခြားမှာနေလို့လားမသိ အသားအရေကအစ ၀င်းပပြီးလှပနေတာကြောင့် နောင်နောင်တစ်ယောက်အလှမှာမျောပါသွားပါတယ်။ဒါပေမယ့် စိတ်ထဲမှာတော့ မိမိအဆင့်အတန်းဟာကွာခြားလွန်းတာကြောင့် အတွေးစကိုဖျက်လိုက်ပါတယ်။
“သမီးလေး”
“ဟာ ဖေဖေ”
“ငါ့သမီးက အရင်ထက်လှလာပါလား”
“ဖေဖေကလဲ မြှောက်နေပြန်ပြီ ဖေဖေနေကောင်းတယ်နော်”
“အေး ကောင်းပါတယ်သမီးရယ်”
“နောင်နောင်ရေ အထုပ်တွေသယ်ခဲ့ကွာ လာသမီးသွားရအောင်”
နောင်နောင်တစ်ယောက်အထုပ်များကိုကားပေါ်သို့တင်ပြီး ကားကုအိမ်သို့မောင်းလိုက်ပါတယ်။
ကားမောင်းနေရင်း နောက်ကြည့်မှန်ကနေ ကြည့်လိုက်တဲ့အချိန်မှာ လှပတဲ့မျက်ဝန်းတစ်စုံနဲ့အကြည့်ချင်းဆုံသွားပါတယ်။မိမိမှာမျက်နှာကိုချက်ချင်းလွှဲလိုက်ပေမယ့် သူကတော့ မျက်နှာမလွှဲဘဲ ဆက်ကြည့်နေတာကို နောင်နောင်သတိထားမိပါတယ်။ နောင်နောင်ကားကိုဂရုစိုက်မောင်စမ်း၊ တခြားအာရုံရောက်နေတာနဲ့ဒုက္ခတွေရောက်ကုန်လိမ့်မယ်ဆိုပြီး မိမိကိုမိမိ သတိပေးနေရပါတယ်။
ဒီလိုနဲ့ အိမ်ကိုရောက်အောင် သတိကပ်ပြီးမောင်းခဲ့ရပါတယ်။အိမ်ရောက်တော့ ကားပေါ်ကဆင်းပြီး တံခါးဖွင့်ပေးချိန်မှာနောင်နောင့်ကို
“ကားမောင်းရင် ရှေ့ကိုကြည့်မောင်သိလား နောက်ကိုကြည့်မမောင်းရဘူး”ဆိုပြီး အပြုံးမျက်နှာနဲ့ထွက်သွားပါတယ်။နောင်နောင်လဲ မျက်နှာတွေပူပြီး ကြောင်အန်းအန်းနဲ့ကျန်ခဲ့ပါတယ်………။
ဆက်လက်ဖော်ပြပါမည်။