ကျွန်တော်နှင့် မြို့ပြ (၄)
အားလုံးဘဲ မင်္ဂလာပါဗျ။ကျွန်တော်ရန်ကုန်ရောက်ပြီး အလုပ်ခွင်ထဲတွင်ကြုံတွေ့ရသော အမှတ်တရတွေ ၊အခက်အခဲတွေ၊ပြဿနာတွေ ကို “ကျွန်တော်နှင့်မြို့ပြ”ဆိုပြီး ရေးသားလာခဲ့ရာတွင် ယခုအပိုင်း(၄)ကိုရေးသားသွားမှာဖြစ်ပါတယ်။ယခုအပိုင်းတွင် အလုပ်ထဲ၌ ကြုံတွေ့ရသောအခက်အခဲလေးကိုရေးသားသွားမှာဖြစ်ပါတယ်။
Image Source
ကျွန်တော်ဟာ အရင်အပတ်က အလုပ်မှလစ်ပြီးအပြင်လျှောက်လည်သည့်အတွက် ပြဿနာတက်ခဲ့ရပြီးနောက် အလုပ်၏ပစ္စည်းဖြန့်ချီရောင်းဝယ်သော Showroom သို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့ရပါတယ်။Showroom ဆိုတော့ ၀ယ်သူလာချိန်တွင် ၀ယ်သူအားလိုချင်သောပစ္စည်းကို စိတ်ကျေနပ်အောင်ရှင်းပြခြင်း ၊လိုချင်သောပစ္စည်းနှင့်မသင့်တော်ပါက အခြားပစ္စည်းကို လက်ခံလာအောင်ရှင်းပြခြင်းများကို လုပ်ဆောင်ရပါတယ်။အဲဒီလို လုပ်ဆောင်ဖို့အတွက် အရင်ဆုံး ဆိုင်တွင်ရှိသော ပစ္စည်းများ၏အမျိးအမည်၊Code နံပါတ်၊ဈေးနှုန်းများ ၊အားသာချက် အားနည်းချက်များကို လေ့လာရပါတယ်။အကုန်လုံးကို လေ့လာပြီးမှသာ Customer များနှင့်ထိတွေ့ဆက်ဆံရပါတယ်။လေ့လာရမှုများတွင် Code နံပါတ်များကို မှတ်ရသည်မှာအခက်ဆုံးဖြစ်ပါသည်။ဝယ်သူမှ မည်သည့်လိုချင်သည်ဟုပြောလျှင် ပစ္စည်းကို Code နံပါတ်နှင့်သွားယူရပါသည်။သွားယူလျှင်လည်း နံပါတ်မသိပါက မှားသွားနိုင်ပါသည်။မှားသွားပါက ပစ္စည်းအရည်အသွေးရော၊ ဈေးနှုန်းပါကွားခြားသွားသည့်အတွက် ပြဿနာများဖြစ်နိုင်ပါသည်။ ထို့ကြောင့် Code နံပါတ်များကို မှတ်မိနေအောင်လေ့လာရပါသည်။
Image Source
ဒီနေရာတွင် အကြောင်းတိုက်ဆိုင်၍ ကျွန်တော်တို့ရွာ၌ အကြော်ရောင်းသော အဒေါ်ကြီးတစ်ယောက်၏ မှတ်သားမှုအကြောင်းလေးကိုပြောပြချင်ပါသည်။၎င်းအဒေါ်ကြီးမှာ အတန်းပညာအားဖြင့် ဘုန်းကြီးကျောင်းထွက် အနည်းငယ်အတွက်အချက်လောက်သာတတ်ပါသည်။ မနက်ပိုင်းတွင် ရွာထဲသို့ပတ်ပြီးအကြော်လှည့်ရောင်းပါသည်။ရွာတွေဆိုတာကတော့ မြို့များလိုမဟုတ်ပါ။ အကြော်ဝယ်သည့်အခါ ပိုက်ဆံကို လက်ငင်းရှင်းသူရှိသလို အကြွေးဝယ်သူလည်းရှိသောကြောင့် အကြွေးဝယ်သူများကို မှတ်ထားရပါသည်။၎င်းအဒေါ်ကြီးမှာ အကြွေးဝယ်သူများကို စာအုပ်နှင့်မမှတ်ဘဲ စိတ်ထဲကသာမှတ်ပါသည်။တစ်ရွာလုံးရှိ အိမ်တိုင်းအိမ်တိုင်း၏ စာရင်းများကို ဘယ်သူကဒီနေ့ ဘယ်နှစ်ခုဝယ်ပြီး ဘယ်နှစ်ခုဖိုးပေးဖို့ကျန်တယ်ဆိုတာကအစ စိတ်ထဲကသာမှတ်ပါသည်။တစ်ခါတစ်ရံကျွန်တော်တို့တောင် တစ်ရက်စာလောက်သာမှတ်မိပေမယ့် ၃ ၊၄ရက်ဆိုလျှင် ရောသွားတာများပါသည်။ထိုကြောင့် ၄င်းအဒေါ်ကြီးကို မည်သို့မှတ်သနည်းဟာ မေးကြည့်ပါသည်။၎င်းမှပြောပြသည်မှာ အိမ်တစ်အိမ်ရောက်လျှင် ၄င်းအိမ်ဝယ်ယူသော ကျန်ရှိသောအရာများကို အိမ်နှင့်တွဲ၍မှတ်ခြင်းဖြစ်ပါသည်။ထို့ကြောင့် ၄င်းအိမ်ရောက်လျှင် မည်မျှကျန်သည်ကိုစိတ်ထဲမှအလိုလိုမှတ်မိနေခြင်းဖြစ်ပါသည်။ဥပမာ ကျွန်တော်တို့ဟာမိမိအိမ်သို့လာသောလမ်းကို ကြိမ်ဖန်များစွာသွားလာမှုကြောင့် ပတ်ဝန်းကျင်ကိုမှတ်မိနေပြီး နေခင်းဖြစ်စေ ညဖက်မှောင်၍ဖြစ်စေ ဘယ်လိုအခြေအနေရောက်ရောက် အမြဲတမ်းမှတ်မိစွာသွားလာနိုင်ပါသည်။၎င်ဥပမာလို ၄င်းအဒေါ်ကြီးမှလဲ နေ့တိုင်းကြုံတွေ့ရသောကြောင့် ကြာတော့မှတ်မိသွားခြင်းဖြစ်ပါသည်။ထို့ကြောင့် ကျွန်တော်လဲ ကြိမ်ဖန်များစွာလေ့လာပြီး မှတ်မိအောင်လေ့လာနေရပါသည်။
ဆိုင်တွင် နောက်တစ်ခုလုပ်ရသည်မှာ နိုင်ငံခြားတွင်အလုပ်လုပ်သောသူများမှ မြန်မာနိုင်ငံမှမိသားစုများထံ ငွေလွှဲခြင်းများကို ကြားမှဝန်ဆောင်မှုပေးခြင်းဖြစ်ပါသည်။သူဌေးမှ ကျွန်တော့်အား ၄င်းအလုပ်ပါတွဲ၍လုပ်ခိုင်းသောကြောင့် ကျွန်တော်တာဝန်ပို၍ကြီးရပါသည်။အဘယ်ကြောင့်ဆိုသော် ၄င်းလွှဲသည့်ငွေများကို လာထုတ်သူများအား မှတ်ပုံတင်မှန်မမှန်စစ်ဆေးခြင်း ၊မျက်နှာတိုက်စစ်ဆေးခြင်း၊အခြားသောစစ်ဆေးစရာရှိတာများကိုစစ်ဆေးပြီးမှသာ ငွေများကိုထုတ်ပေးရပါသည်။အကယ်၍မိမိမှ မှာယွင်းစွာထုတ်ပေးမိပါက မိမိမှတာဝန်ယူရပါသည်။ထို့ကြောင့် တာဝန်ကြီးသည်ဟုပြောရခြင်းဖြစ်ပါသည်။တစ်ခါကဆိုလျှင် လူတစ်ယောက်သည် နိုင်ငံခြားမှ ငွေလွှဲမည့်သူမှ ၄င်အိမ်သို့ငွေလွှဲပြီးကြောင်း ထုတ်ယူလို့ရပြီဆိုသည့်အကြောင်းပြောစကားကို ဘေးမှကြာပြီး လာရောက်ထုတ်ယူသည့်အခါ နာမည်သာပြောနိုင်ပြီး မှတ်ပုံတင်မှာကျန်ခဲ့သောကြောင့် ထုတ်ပေးလို့၇လျှင်ထုတ်ပေးစေချင်ကြောင်းတစ်ချိန်လုံးပြောပါသည်။နောက်ဆုံးမှတ်ပုံတင်ပါမှရမည်ဟုပြောလိုက်မှသာပြန်သွားပါသည်။နောက်သိရသည်မှာ လာထုတ်မည့်သူမဟုတ်ဘဲ ကြားမှကြား၍ ရမည့်အထင်နှင့်လာထုတ်ကြောင်းသိရပါသည်။ဘယ်လောက်အထိဆို ကျွန်တော့မှာ ဘယ်သွားသွား ငွေလွှဲလာမထုတ်မချင်း ငွေအိတ်ကြီးများကို အချိန်ပြည့်ကိုင်ထားရပါသည်။တစ်ခါတစ်ရံများဆို ညဖက်အိပ်ယာဝင်ချိန်တွင် အမှာအယွင်းဖြစ်ပါက ဖြစ်လာမည့်အကျိုးဆက်ကို စဉ်းစားရင်းအိပ်မပျော်သည့်ညများပင်ရှိခဲ့ဖူးပါသည်။နောက်ဆုံး စိတ်ရောဂါမဖြစ်ခင် သူဌေးအား အကျိုးအကြောင်းပြောပြပြီး အခြားနေရာသို့ပြောင်ရွှေ့လုပ်ချင်ကြောင်း ပြောပြလိုက်ရပါသည်။သို့မှသာ သူဌေးမှ ကျွန်တော်အား ယခင်ကအလုပ်မှခိုး၍ အပြင်တွင်အလေလိုက်မှုကြောင့် ပညာပေးခြင်းဖြစ်ကြောင်းပြောမှသာ သူဌေးကို တောင်းပန်ပြီး နောက်မလုပ်တော့ပါဟု ကတိများပေးလိုက်ရပါသည်။ဤသည်မှာ အလုပ်မှပေးလိုက်သော သင်ခန်းစာများပင်ဖြစ်ပါသည်။
ဖတ်ရှုသူများ အားလုံးကိုကျေးဇူးတင်ပါသည်……….။