အမောင် နေမင်းကြီးသည် မိုးကုတ်စက်ဝိုင်းအစွန်းတွင်
ပြူတစ်ပြူတစ်လုပ်နေလေသည်။ ယခင်ကတော့ဖြင့် ကမောင်သက်တစ်ယောက် တတ်ကြွစွာ ဗျစ်ဆိုင်သို့ချီတတ်ရန်ပြင်ဆင်နေချိန်ဖြစ်သည်။
ရင်ဘက်ထဲမှလည်း ဂေ့ ဂေ့ နှင့် သွားတော့ သွားတော့ဟု တောင်းဆိုနေကျအချိန်ဖြစ်သည်။
ယခုမှုကား ချစ်သူနဲ့ ညနေတိုင်းချိန်းတွေ့နေကျ လူပျိုပေါက်လေး ချစ်သူနဲ့ဝေးကွာသွားသဖြင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဟာတာတာဖြစ်နေရသကဲ့သို့ ကမောင်သက်သည်လည်း ဘာလုပ်လို့ဘာကိုင်ရမှန်မသိ ဟင်တင်တင် ဟာတာတာဖြစ်နေလေသည်။
ဟိုတွေးသည်တွေး သက်ပြင်းအခါခါချ နောက်ဆုံး ပုဂံပွဲပီးကတည်းက မရောက်ဖြစ်ခဲ့ မသောက်ဖြစ်ခဲ့သော သူငယ်ချင်း၏ Tea ဆိုင်လေးသို့ မလှမ်းချင် လှမ်းချင်သော ခြေလှမ်းတို့ဖြင့် စိတ်ပြေလက်ပျောက် ချီတတ်လာမိသည်။ Tea လေးတစ်ခွက်လောက်တော့ မနည်းအံကျိတ်သောက်ကြည့်လေဦးမှပါလေ။
ဆိုင်ထဲမဝင်မှီကတည်းက ဟိုလူကြည့် ဒီလူကြည့်နဲ့ဆိုတော့
ရှက်ကိုးရှက်ကန်းဖြစ်မိသည်။ ဟုတ်ပေသားပဲ ကိုယ်တွေအကြောင်းက သိပီးသားတွေပဲကိုး။ ဆိုင်ထဲရောက်ရောက်ခြင်း
္ဋ"ဟား ကိုသက်ကြီး လာလာ ထိုင်ထိုင် တခွက်ဖျော်လိုက်မယ်နော်။ ဘယ်နှစ်ရက်သောက်မှာလဲ တစ်လလား၊ သုံးလလား၊ ခြောက်လလား"
စသလိုနောက်သလိုမေးကြသည်။
အယ်ကိုဟောလှုထားရလို့ရောက်လာမှန်း သိကြတာကိုး။ ဘယ်နှစ်လ လှုထားသလည်း မမေးတော့ပဲ ထိုကဲ့သို့မေးခြင်းဖြစ်သည်။
"ကသက်လည်း ဖြေနေကျအတိုင်း အနည်းဆုံး တစ်လကနေ အများဆုံး ရာသက်ပန်ဖြစ်သွားနိုင်တယ်မောင်ရေ။"
ခပ်တည်တည်နဲ့ ပြောလိုက်ရော
"ပြောပြန်ပီ ရာသက်ပန်ဖြစ်ချင်ဖြစ်သွားနိုင်တယ်။ တလပြည့်ရင် နာရီဝက်တောင် မပိုတာများ။"
အထင်ကြီးစွာ ပြန်ပြောကြလေသည်။
မိမိအပေါ်လွန်စွာမှအထင်ကြီးသော ချာတိတ်တွေဖြစ်ချေသည်။ မှန်ကောင်း မှန်ပါပေသည်။
သို့သော်
ဒီနေ့ မနက်ဖြန်သည် သိပ်မသေချာပေ။
မနက်ဖြန်ကိုမျှော်လင့်သော်လည်း မနက်ဖြန်သည် ရှိကောင်းရှိချင်မှရှိနိုင်မည်ဖြစ်သည်ကိုမှု တွေးထားရန်လိုအပ်ပေသည်။ သို့သော် ကသက်အနေဖြင့်
မနက်ဖြန်ကို မျှော်လင့်ချင်ပါသေးသည်။
စိုးရိမ်မယ်ဆိုသော်စိုးရိမ်စရာလောက်စရာကား။
လွန်ခဲ့သော ခြောက်နှစ်ခန့် ကသက် အိမ်ထောင်ကျခါစကဖြစ်သည်။
ရပ်ကွက်အတွင်း သွေးလှုအသင်းမှ A သွေးနှစ်လုံးလိုအပ်၍ သွေးအလှုရှင် လိုက်လံရှာဖွေကြသည်။ ကသက်နှင့် မိတ်ဆွေတစ်ဦးသည် သွေးလှုဘဏ်တွင် သွေးလှုဒါန်းခဲ့ကာ မေ့မေ့ပျောက်ပျောက်နေခဲ့ကြသည်။ သွေးလှုဒါန်းခဲ့ပီးပြီဟုသာ မှတ်ယူခဲ့လေသည်။
နောက် လေးလအကြာတွင်မှု Aသွေးနှစ်လုံး ထပ်မံလိုအပ်သောကြောင့် ထိုမိတ်ဆွေနှင့်ပင် ထပ်မံ၍ သွေးလှုဘဏ်သို့ သွားရပြန်လေသည်။
ထိုအချိန်တွင်မှ သွေးလှုဘဏ်၏ လုပ်ငန်းဆောင်တာလည်ပတ်ပုံကို အနည်းငယ် သိခဲ့ရလေသည်။
အဘယ်ကြောင့်ဆိုသော် မိမိတို့နှစ်ဦးလုံးသည် သွေးလှုခွင့်မရှိသော နာတာရှည် အသည်းရောင်အသားဝါ (HCV C)ပိုးရောဂါသည်များဖြစ်ကြသည်ဟုဆိုသည်။ ယခင်တခါ သွေးလှုဒါန်းစဉ်က သွေးသာယူထားကာ ဓာတ်ခွဲခန်းသို့ပို့ဆောင်စစ်ဆေးပီး မိမိတို့၏သွေးများသည် cancel ဖြစ်သွားသည်ဟုသိရလေသည်။ မိမိတို့ကမှုမသိရှိခဲ့ပေ။
ထိုနောက် မိမိတို့နှစ်ယောက်အား နှစ်သိမ့်ဆွေးနွေးအကြံပေးသူနှင့်တွေ့ဆုံပေးကာ ဆောင်ရန်ရှောင်ရန်မျာအား ပြောကြားကာ ကုန်ကျနိုင်မှု ကုသပျောက်ကင်းနိုင်မှုများအား နှစ်သိမ့်ပေးလေသည်။ (ထိုစဉ်က ဆေးပညာများအရ ပျောက်ကင်းဖို့ကုသစားရိတ်သည် သိန်းတစ်ရာခန့်ရှိသည်ဆိုသည်။)
မည်သို့ပင် နှစ်သိမ့်ဆွေးနွေးသော်လည်း ကသက်၏မိတ်ဆွေမှာ အင်မတန်စိတ်ထိခိုက်ကာ အိမ်အပြန်လမ်းမှာ ငို၍သာနေလေသည်။ (မိမိထက် ငါးနှစ်ခန့်ကြီးသည်။)
ထိုအချိန်မှစကာ ထိုမိတ်ဆွေသည် အရက်၊ ကွမ်း၊ ဆေးလိပ်ရှောင်ကာ နေလေတော့သည်။
ပေပေတေတေ နေလေ့ရှိသော ကသက်မှာမှုကား ထိုအချိန်မှစကာ စမ်းသောက်ဖြစ်သည်ဟုပြောရမည်ဖြစ်သည်။ တရပ်ကွက်ထဲနေသော်ငြားလည်း မတွေ့ဖြစ်ကြတော့ပေ။
ဦးသက် သမီးအဖေတော့ဖြင့် မျက်နာတွေမဲ၊ အသည်းခြောက်ပီး ရေဖျဉ်းဖြစ်နေပီ အားရင်လာလည်ပါဦးတဲ့
အိမ်မှ အလုပ်သမားလေးက ပြောလာသည်။
မိမိမှ
ဟေ နင့်အဖေ ဘယ်သူဘယ်ဝါမေးတော့ ထိုမိတ်ဆွေ၏သမီးမှန်းသိရသည်။
သြော်
အချိန်တွေသည် အကုန်မြန်လေစွ။ မိမိမေ့ပျောက်လုလု ရောဂါပိုးသည်ကား သတ္တိစွမ်းပြလာလေသည်။ စသိချိန်မှစ ထိမ်းထိမ်းသိမ်းသိမ်းနေလာသောသူသည် ထင်မှတ်မထားအောင်ရုပ်ပြောင်းသွားချေပီ။ ယခင့်ပိန်ပိန်ပါးပါးခန္ဓာကိုယ်ပိုင်ရှင်သည် ဝရုံတင်မက ဖောင်းကားနေသောဗိုက်နှင့် ဖြစ်နေသည်။ မျက်နှာသည် မည်းရုံတင်မက ခြောက်သွေ့နေလေသည်။
ကင်ဆာတော့မဖြစ်သေးပါ လက်ဦးမှုရအောင် ကုသမှုခံယူနေသည်ဆိုသည်။
သိပ်ကိုဂရုစိုက်ခဲ့သော မတည့်တာမှန်သမျှရှောင်ကျဉ်ခဲ့သော ထိုသူတောင် ခြောက်နှစ်တာအတွင်း ဤမျှလောက်ထိ ပြောင်းလဲသွားခဲ့လျှင် ပေပေတေတေ သောက်နေဆဲဖြစ်သော ကသက်သည်ကား သည်နေ့နဲ့ မနက်ဖြန်သည် မသေချာ။ မိမိကိုယ်တိုင် မည်သည့်လမ်းသို့ သွားမည်ဆိုသည်မှာ ရွေးချယ်ရတော့မည့်အနေထားဖြစ်နေသည်။
မနက်ဖြန်ကို ရွေးချယ်ရတော့မည်ဖြစ်သည်။
ကုသရန် စတင် ရတော့မည်ဖြစ်သည်။
MSC 005
That Ko Zaw