မနေ့က drug war ဂိမ်း vesion (V1) ကနေ (V2) ကိုစတင်ဖွင့်ပေးလိုက်ပါတယ်။
Vesion အသစ်ပြောင်းတယ်ဆိုတော့ ထပ်တိုးလာတာတွေ၊ ပြောင်းလဲသွားတာတွေ ရှိလာတာပေါ့။ Drugwar V2 မှာ ထပ်တိုးပါလာတာတွေကတော့ Drugwar User တွေ ဘယ်လိုကြီးလဲ၊ ဘယ်လို လာမှာလဲ ဆိုပြီး စောင့်စားနေတဲ့ battle mode ပါဝင်လာပါတယ်။
နောက်ပိတ်ထားတဲ့ unit ဖြစ်တဲ့
1.Sniper
2.Hitman
3.Ninja
4.Big MaMa
5.Bazooka Guy
6.Macenary နဲ့
ထပ်တိုးထားတဲ့ Unit
(ရိုက်တာကတော်တော် အော်တာကပိုကျယ်တယ်)ဆိုတဲ့ unit အသေးစား
7.Rowdy
ပါဝင်လာခဲ့ပါတယ်။
ယခင် unit တွေဖြစ်တဲ့ Bouncer၊ Knifer၊ Gunman တို့မှာလည်း ဈေးနှုန်းပြောင်းလည်းသွားသလို attack၊ defence တွေ ယခင်နဲ့မတူပြောင်းလဲသွားခဲ့ပါတယ်။ ယခုဈေးအတိုင်းပဲ ဝယ်ရတော့မှာမို့ မဖော်ပြတော့ပါဘူး။
ပြောင်းလဲမှုအနေနဲ့ web design က လုံးလုံးပြောင်းလဲသွားပါတယ်။
အားနည်းချက်အနေနဲ့ ယခင်လို mobileတွေမှာ မိမိတွင်ရှိသော drugs weapons ahcohols ပမာဏကိုတော့ လွယ်လွယ်ကူကူမတွေ့ရပါဘူး။ ဘေးထောင့်နားက menu နိပ်ပီးမှ မိမိ profile ထဲကိုဝင်ကြည့်ရပါတယ်။
Profile ထဲမှာတော့ D W A ပမာဏအပြင် မိမိ Army ပမာဏ Building တွေရဲ့ Level တွေ မြင်ရပါတယ်။
တဖက်လူရဲ့ profile ကိုတော့ battle>history
battle>find target
Leaderboard တို့မှာ ဝင်ပီး ကြည့်လို့ရနိုင်ပါတယ်။
Battle စဖွင့်ပီဆိုတာနဲ့ ကျနော်အတူတူ အားလုံးက တိုက်ချင်နေကြတာများပါတယ်။
ကျနော်ပြောချင်တာလည်း battle အကြောင်းပါပဲ။
မနေ့ကတော့ နည်းနည်းစီစမ်းတိုက်ကြတာပေါ့။ ကျနော်လည်း ကိုချော့ပြောပီးတိုက်ကြည့်တာပေါ့။
အဲ့ကျမှသိတယ် ကုန်သွားတဲ့ unit နဲ့ ပြန်ရတဲ့ resources မမျှတာကိုပဲ။
battle မှာ Fight, History နဲ့ Find Targets
သုံးမျိုးရှိပါတယ်။
Fight မှာတော့ဖြင့် မိမိတိုက်ချင်တဲ့သူကို နာမည်သိရုံနဲ့ ရေးပီးတိုက်လို့ရပါတယ်။
သို့သော် သူ့ရဲ့ Units ပမာဏ၊ Resources ပမာဏကိုကြည့်လို့မရပဲ တိုက်ရမှာဖြစ်တဲ့အတွက် အဆင်မပြေသလို လိုင်းကောင်းကောင်းလဲလိုပါတယ်။ အတော်ကြာတတ်လို့ပါ။
Fight မှာ
တိုက်ပုံတိုက်နည်းကတော့ မိမိတိုက်ပွဲအတွင်းခေါ်လိုသော Unit ကို ပမာဏရေး add ကိုနိပ်ထည့်၊
နာမည်ရေး၊ out gun အစရှိသဖြင့် မိမိဆန္ဒရှိတာရေးထည့်
Attack နိပ်လိုက်ပါ။
ထို့နောက် History ထဲကိုသွားကြည့်လိုက်ပါ။
Battle တစ်ပွဲအတွက် 10မိနစ် မှ 20မိနစ် အတွင်း ခဏစောင့်ဆိုင်းရပါတယ်။
ထိုအချိန်အတွင်းမှာ မိမိတိုက်မယ့်ရန်သူကို တခြားသူက တိုက်တာလည်း ကြုံရတတ်ပါတယ်။
အရင်စောတဲ့သူက အရင်ဝင်တိုက်သွားတာမျိုးပါ။
ဘာပဲဖြစ်ဖြစ် History ထဲ ရောက်ရင်တော့ တိုက်ဖြစ်ပါတယ်။
History
မှာကတော့ မိမိကိုလာတိုက်တာတွေ မိမိကတိုက်တာတွေ၊ နိုင်တာ ရှုံးတာနဲ့ Unit ကုန်ဆုံးမှု၊ Resources ရရှိမှု၊ ကုန်ဆုံးမှုတွေ ပြသထားပါတယ်။ မိမိကို လာတိုက်တဲ့သူကို လက်စားချေမည့်သူဆိုလည်း သူ့ profile ထဲလွယ်လွယ်ကူကူ ဝင်ကြည့် ဝင်တိုက်လို့ရပါတယ်။
Find Targets
ကတော့ မိမိနဲ့ Drug ထုတ်လုပ်မှုပမာဏတူညီတဲ့ Player တွေကို ပြသထားပါတယ်။ Profile ထဲဝင်ကြည့်ပီး Army အင်အား Resources အခြေနေကိုကြည့်ပီးတိုက်ကြရမှာပါ။
တခုရှိတာက မိမိဝင်ကြည့်စဉ် Army မရှိလို့ Attack လုပ်လိုက်ပေမယ့် ထိုသူက လိုင်းပေါ်မှာရှိပီး တိုက်တာကိုလည်းသိရင်တော့ဖြင့် Unit ထုတ်ဖို့ အချိန် 10 မိနစ်ရတာကိုတော့ သိထားပါ။
ဥပမာ မိမိက Army မရှိဘူးဆိုပီး Rowdy 10ယောက်လောက်ပဲလွတ်လိုက်ပေမယ့် ထိုသူက ချက်ချင်း Gunman 5ယောက်လောက်ထုတ်ပီး ပြန်ကာနိုင်ပါတယ်။
ဖြစ်နိုင်ရင် လူများများလွတ်ပါ။
တိုက်မယ်ဆိုရင် အပေါ်က ပြောခဲ့သလိုပဲ ရန်သူရဲ့ Armys ကိုကြည့်ပါ။ Resources ကိုကြည့်ပါ။ Resources ကိုကြည့်ရာတွင် အစိမ်းရောင်ဖြင့်ရေးထားသော safe ပမာဏထက်ကျော်လွန်ရပါမယ်။ ထို safe ပမာဏထပ်ကျော်လွန်တောင်မှ ပိုနေသော Resources ရဲ့ 30% ခန့်သာ ရမည်ဟု မှတ်ထားပါ။
Drug War အကောင့်မှာရေးထားတာကတော့ 30%-75% ရနိုင်တယ်ရေးထားပေမယ့် ကျနော်တော့မရဖူးသေးပါ။
ထို 30% ရရှိသော Resources သည် မိမိသုံးစွဲရမည်ဖြစ်သော Unit ဝယ်ရသော Resources လောက်တောင်မရနိုင်ရင်တော့ နောက်တစ်ယောက်ဆက်ရှာပါ။
ဖြစ်နိုင်သလောက် မိမိ စခန်းစောင့် Unit ကို ဝယ်ထားပါ။
စစ်အင်အားကြီးနိုင်ငံတစ်ခုက နိုင်ငံငယ်လေးတစ်ခုကို တိုက်ရင်နိုင်မယ်မှန်းသိတယ်။ သို့သော် ထိုနိုင်ငံငယ်လေးက တစ်ယောက်ကျန်တဲ့အထိ တိုက်နေမယ်ဆိုရင်တော့ စစ်အသုံးစရိတ်နဲ့ ပြန်ရတာနဲ့မကာမိမှာမို့ မတိုက်တော့ပါဘူး။
MSC 005
That Ko Zaw