/IMG_20171204_131749.jpg)
မင်္ဂလာပါ steemit မြန်မာ အဖွဲ့သားများ
မေ့နေကြပီထင်စ
နှစ်လခန့်အလုပ်များသောကြောင့် steemit မှာထဲထဲဝင်ဝင်မလုပ်နိုင် post ရေးမတင်ခဲ့တာ အခုတော့ မရေးရင် မဖြစ် ရေးရတော့မယ်လေ။
အဘယ်ကြောင့်ဆိုသော် 2018တွင်ဖြစ်လာမည့် crypto currency အလှဲ့အပြောင်း တွင် steem/sbd ၏ အလားအလာသည် နောင်ရေးအတွက်မဖြစ်မနေ စုဆောင်းရမည်ဆိုသော အခြေနေကို ကွက်ကွက်ကွင်းကွင်း မြင်မိပီးနောက် steem စုဆောင်းမှုကို တဖန်ပြန်လည်ကြိုးစားရချေပီ။
အခုမှဝင်ကြည့်တော့ ကိုယ့်ရဲ့ steem power သည်အနည်းငယ်မျှသာ မိမိနှင့်အရင်က လုပ်လာခဲ့သော မိတ်ဆွေသူငယ်ချင်းများမှာ sp သည် အများကြီး ကွာခြားသွားခဲ့ပီကော။ spသည် ဝယ်ထည့်လို့ရသော်လည်း reputation သည်က ဝယ်ရမည်မဟုတ်ပေ။ မိမိကြိုးစားမှု ဂုဏ်ပင်ဖြစ်သောကြောင့်ကိုယ်တိုင် စာရေးမှသာလျင် ရနိုင်ပေသည်။
![IMG_20171212_202505.png](
လွန်ခဲ့သောရက်ပိုင်းအတွင်း sbd ဈေးသည် ထင်မှတ်မထားလောက်အောင်ပင်ခုန်တတ်ခဲ့သည်။
Nov 23မှ စတင်ကာ တဖြေးဖြေးချင်းတရိပ်ရိပ်ခြင်း တတ်လာရမှ Dec 5ရက်နေ့တွင် 3$ အထိတတ်လာခဲ့သည်။ မြတ်ကံမကြုံသော ကျနော် မောင်ကံဆိုးလေးသည်ကား ထပ်မတတ်ပါဘူးဟုတွေးကာ မဝယ်ဖြစ်ခဲ့ချေ။ မိမိမဝယ်တာသေချာသောကြောင့်ထင် steem doller သည် Dec 5ရက်မှ စ၍ ခြေလှမ်းကြဲကြီးဖြင့်ခုန်ကာခုန်ကာတတ်လာလေရာ ဟင်ဟာ အိုး ဆိုပီး မျက်လုံးပြူးဖြင့် ကြည့်နေရင်း Dec 10 ရက် ညတွင် 14$ထိရောက်သွားခဲ့သည်။ ပြန်စဉ်းစားရပီ ဒီတစ်ခါတော့ ကြားဖူးနေကြ 2018 သည်အမှန်တကယ်ပဲ steemit ရွှေခေတ်ဖြစ်ချေပီလော။ သို့သော်ယခင်က မိမိတို့ မျော်လင့်မိသည်က steemit ၏ အသက်သည်က steem သာလျင် steem power ပြောင်းသောကြောင့် ဖြစ်နိုင်ချေ ဟုထင်ထားခဲ့ခြင်းသည် အကြောင်းတရပ်ဖြစ်ရာ steem doller တတ်သည် ကိုနားမလည်နိုင်ခြင်းဖြစ်ရသည်။ မိမိ တထွာတမိုက် ဥာဏ်လေးဖြင့် ထူပှုအောင် စဉ်းစားကာစေမှု ရရှိသောအဖြေသည်က မသိခြင်း များစွာ သာလျှင်။
များများတွေးတော့ ရေးရေးပေါ် ဆိုသလို ယခင် leader ပြောနေကျ "ကိုဇော် ကျနော်စလုပ်တုန်းက steem doller 1 coin ဆို 4 steem power ရခဲ့တာ။ စာရေးရတာအလွန်ကောင်း ပါဝါတွေ ဟောခနဲ ဟောခနဲပဲ steem doller ကနေပြောင်းရတာ ပျော်စရာကြီးဗျ" ဆိုတာကိုပြန်ကြားယောင်မိလာတယ်။ မယုံနိုင်ဘူးလေ လွန်ခဲ့သော ခြောက်လ ကျနော်စလုပ်ကတည်းက steem doller ကို steem power ပြောင်းဖို့က 0.91တခါအမြင့်ဆုံး တွေ့ဖူးပီး အများအားဖြင့်1.45နားလည်နေတတ်သည်။
အနည်းငယ် နားရှုပ်ကုန်ပီလော။
Steem ဈေးသည် အများအားဖြင့် 1.5$ ပတ်ဝင်းကျင်တွင်ရှိတတ်ပီး steem doller သည်ကား 9.9$ပတ်ဝင်းကျင်တွင်သာနေနေတတ်သည်။
Steem doller သည် သူ့rule နဲ့သူ ရှိပေရာ 1$အောက် မရောက်ရန် board အဖွဲ့မှ ကတိပေးထားရာ ယခုတော့ သူလေသူပေါ့။
အဲ့ဈေးမှာဆိုတော့ကာ စဉ်းစားပီလေ။ why?
ဘာကြောင့်လည်းတွေးမိသည်က ကျနော့ဦးနှောက်သေးသေးလေးနဲ့
- ယခင်လို steem power စုရန် steem doller ကိုဆွဲတင်သည်လား
- Power down သူများလို့ steem doller မြင့်တတ်လာသည်လား။
သေချာတာတစ်ခုက 50/50 တင်သော 1 post အတွက် 5 coin ဆိုပါက 2.5 coin
11$ပေါက်ကြေးအနေထားအရ 27.5$ သည် အခြားသော လုပ်ငန်း အတိုင်းအတာထက်ပိုသောအခြေနေတစ်ခု အဖြစ် တွက်ချက်မိသည်။
ဆက်ရန်
That Ko Zaw
MSC 005