မင်္ဂလာပါ
Steemit တွင် အကောင့်ရပြီးဘာဆက်လုပ်ရမလဲ မသိဆိုသူတွေအတွက် အစ်ကို ၏ post များ pdf ပြုလုပ်၍ ပြပါသော်လည်း စာများများ တွေရင် ကြောက်ကြသော သူများ အတွက်
လွယ်ကူ ရှင်းလင်းစေရန်ပြန်ရေးသားလိုက်ရပါသည်။ ကြိုးစားရေးသား ပါသော်လည်း နားမလည်သည်ရှိပါက ဆရာ post များကိုဆက်လက်လေ့လာပါလို့ တိုက်တွန်းလိုက်ပရစေ။
Messenger group ထဲတွင်လည်း မေးမြန်းနိုင်ပါသည်။
Upvotes(like)
Facebook ကဲ့သို့ like ပေးခြင်းဖြစ်သည်။
တစုံတယောက်၏စာ သို့မဟုတ် comment ကို like ပေးခြင်းမျိုးဖြစ်သည်။
ပုံတွင် အဝိုင်းပြထားသော နေရာတွင်နိပ်ရသည်။
Comments
အထက်တွင်ပြောခဲ့သလို facebook တွင် comment ပေးသလိုပါပဲ။
မိမိ ကို သတိပြုမိစေရန် အခြားသူများ၏ post တွင် comment ရေးခြင်းဖြင့် မိတ်ဆက်ပါ။
မိမိအား comment ပေးခဲ့သူ ရှိသော် reply ပြန်၍ အလေးထားကြောင်း ပြသပါ။
အောက်ပုံတွင်ပြသထားသော reply ကိုနိပ်၍ comment ပေးပါ။
Creating Posts
Post တစ်ခု စတင်တောမည်ဆိုပါက ယခုပုံတွင်ပြထားသော ခဲတံပုံ နေရာအား နိပ်၍ ရေးသားပါ။
Post တစ်ခုတွင် ခေါင်းစဉ်၊ စာကိုယ် နှင့် သက်ဆိုင်သော အကြောင်းအရာ ဟူသော အပိုင်း သုံးပိုင်း ရှိသည်။ မဖြစ်မနေထည့်ရပါသည်။
မိမိတင်ပြီးသော post အား ပြင်ဆင်ရန်အတွက်လည်း အောက်တွင် edit အားနိပ်၍ ပြင်ဆင်နိုင်ပါသည်။ 7 ကြိမ် ခန့် ပြင်ဆင်၍ ရပါသည်။
Tags
Tag သည် category သက်ဆိုင်သော အပိုင်း ခွဲခြင်းမျိုးဖြစ်သည်။ မိမိ၏ post အား အခြားသူများ မြင်တွေ့နိုင်စေရန် လွယ်ကူအောင် ပြုလုပ်ပေးခြင်းတမျိုးလည်းဖြစ်သည်။
ဥပမာ myanmar ဟု ရေးသော် myanmar tag list ခေါင်းစဉ်အောက်တွင် သွား၍ ပေါ်မည်ဖြစ်သည်။ မိမိ post နှင့် သက်ဆိုင်ရာ ငါးခု ရွေးချယ် နိုင်ပါသည်။ သက်ဆိုင်ခြင်းမရှိပဲ ထည့်ပါက သတိပေးခံရမည် ဖြစ်သည်။
tag တွင် စာလုံးအသေးသာ သီးသန့် ရေးရသည်။
Space bar ခြားရသည်။
အောက်ပါ link တွင် မည်သည့် tag list များရှိသည်ကို လေ့လာနိုင်သည်။
အထူးဂရုပြုရန်မှာ
မြန်မာ ဆိုပါက tag တွင် myanmar ကို မဖြစ်မနေထည့်ပေးရန် လိုအပ်သည်။
https://steemit.com/tags
Followers and Feeds
Follow လုပ်သည် ဆိုသည်မှာ facebook တွင် follow လုပ်ခြင်းနှင့် ခပ်ဆင်ဆင်တူပေသည်။
Steemit တွင် friend လုပ်ခြင်း မရှိပေ။ မိမိနှစ်သက်သောသူအား follow လုပ်ခြင်းဖြင့် new feed တွင် ထိုသ်ူတို့၏ post များပေါ်မည်ဖြစ်သည်။
ထို့အတူ မိမိ အား follow လုပ်ထားသူများအား ပြန်၍ follow လုပ်ပေးပါ။
ပြုလုပ်ရန်မှာ ထိုသူ၏ နာမည်ကိုနိပ်လိုက်ပါက follow ဟုပေါ်လျင် နိပ်လိုက်ပါ။
မိမိ blog တွင်လည်း မိမိအားမည်သူ followလုပ်ထားသည်ကိုကြည့်နိုင်သည်။
Resteem
Resteem လုပ်ခြင်းဆိုသည်မှာ share လုပ်ခြင်းနှင့် တူပေသည်။ အောက်ပုံတွင် ပြထားသော အဝိုင်းနေရာဖြစ်သည်။
Curation
Curation ဆိုသည်မှာ post တွင် ရရှိသော $၏ 25% အားခွဲဝေ၍ vote ပေးသော သူများရရှိပေသည်။ ထို vote ပေးသော သူများအား curators ဟုခေါ်ဆိုသည်။ မိမိ တွင် vote power ပိုများပါက ရရှိသော curation reward ပို၍ များပေသည်။
https://steemstats.com/#!/
ဘယ်လောက်ရသည်နှင့် မိမိ၏ voting power အထက်ပါလင့်တွင်ကြည့်နိုင်သည်။
Payments
Payments ဆိုသည်မှာ မိမိ ရရှိသော$များအား post စတင်သောရက်မှ 7 ရက်တွင်း vote ပေးနိုင်ပြီး 7 ရက်ပြည့်ပါက မိမိ wallet အတွင်းသို့ ပို့ပေးသည်။
7ရက်မပြည့်ခင်အတွင်း ဈေးအတက်အကျအလိုက်ပြောင်းလဲနိုင်သည်။
ရေးသားသူသည် 75% ရရှိ၍ vote ပေးသူများသည် 25% ရရှိသည်။
ရေးသားသူသည် ထိုရရှိသော 75% ထဲမှ
Reward တွင် 50/50 ထားပါက
Steem doller (sbd) 50%၊ Steem Power 50% ရရှိမည်ဖြစ်သည်။
Reward တွင် 100 ထားပါက
Steem Power 100% ရရှိမည်ဖြစ်သည်။
Profile
မိမိ profile တွင် အောက်ပါ အချက် များ ပါဝင်သည်။
Feed - မိမိ follow လုပ်ထားသော သူများ တင်သော post များပေါ်နေမည်။
Blog - မိမိတင်သော post များ၊ မိမိresteem လုပ်ထားသော အခြားသူ၏ post များ
Comments - မိမိ comment ပေးထားသည်များ
Replies - မိမိpost တွင် ပေးသော commentများ, မိမိ comment ပေးထားသည်ကို reply ပြန်ခြင်းများ
Wallet - မိမိပိုင်ဆိုင်သော steem power, steem doller, steem များ
Change Password - မိမိ password ကို ပြောင်းခြင်း
Reputation
ဆိုသည်မှာ steemit တွင်ရှိသောမိမိ၏ တန်ဖိုးပါ။
Post အနည်းအများနှင့် comment များလျှင် များသလို တဖြေးဖြေးချင်း မြင့်တတ်လာနိုင်သလို အလံထောင်ခံ ရခြင်းကြောင့်လဲ reputation နိမ့်ကျသွားနိုင်သည်။
အကောင့်အသစ်တိုင်း rp 25 ဖြင့် စတင်သည်။
မိမိနာမည်ဘေးမှ နံပါတ်များမှာ မိမိ၏ rp(reputation)ဖြစ်သည်။
Cashing out or Spending SBD
SBD(Steem Doller) ကို Peerhub Store တွင် အသုံးပြုနိုင်သလို
Steem coin နှင့် Steem Doller ကို Block Trades, Poloniex နှင့် Bittrex အစရှိသော Market ဆိုဒ်များတွင် Btc(Bitcoin) လက်ရှိပေါက်ဈေးနှင့် အညီ ပြောင်းလဲနိုင်သည်။
သို့မဟုတ် Power up ခြင်းဖြင့်လည်း မိမိ၏ steem power ကို မြင့်တင်နိုင်သည်။
Plagiarism
ဤသည်မှာ အရေးကြီးသော အချက်ဖြစ်သည်။
Steemit သည် မိမိကိုယ်တိုင်ရေးသော ဖန်တီးမှုများသာလျှင် လက်ခံပေသည်။
အခြားသူများ ဖန်တီးထားသည်ကို မိမိကိုယ်ပိုင်ဟန်ဖြင့်တင်ခြင်းကို ကန့်ကွက်ထားသည်။
အကယ်၍ မိမိ၏ post တွင် တစုံတစ်ယောက်၏ ပုံ သို့မဟုတ် စာသားများ ယူသုံးပါက မည်သည့်နေရာမှ ကိုးကားခဲ့သည်ကို ပြန်လည်ညွန်းဆိုပေးရမည်။
ဥပမာ google မှ ပုံကို ယူသုံးပါက Image from google ဟု ရေးရမည်။
စာဆိုလျှင်လည်း ဆရာမည်သူ၏ မည်သည့်စာအုပ် မှ အချက်အလက်တချို့ကို ကိုးကားစာရင်းတင်ပြရပေမည်။
Password Security
Password အရေးကြီးသည်။ Password ပျောက်လျှင် သင်၏ Steemit Bank တွင်သိမ်းထားသော ငွေပျောက်သွားသည်သာမှတ်ပါလေ။ ပြန်မရနိုင်တော့ပါ။ ထို့ကြောင့် အထူးဂရုစိုက်သိမ်းဆည်းပါ။ screen shot လောက်နှင့်မရပါ note ဖြင့်ဖြစ်စေ cloud ပေါ်တွင်ဖြစ်စေ စာအုပ်ထဲတွင် ဖြစ်စေ သေချာရေးမှတ်ထားပါ။ password သည် အကောင့် approve link mailထဲ ရောက်သည်နှင့် steemit က ပေးသော password ဖြစ်သည်။ သေချာသိမ်းဆည်းပါ။
Create your "introduceyourself" post
အကောင့် စရသည်နှင့် steemit ၏ ရိုးရာ ဖြစ်သော မိမိကိုယ်ကိုယ် မိတ်ဆက်ခြင်းဖြင့် စတင်ရပါမည်။မိမိသည် မည်သူမည်ဝါ၊ မည်သို့ အလုပ်အကိုင် မည်သည်ကိုသဘောကျနှစ်သက်သည် စသည်ဖြင့် မိမိ အကြောင်းကို အချိန်ယူ ပြုစုကာ မိတ်ဆက်ရပါသည်။
မိမိ၏ ပုံကို အပေါ်ဆုံးတွင်တင်ကာ မိတ်ဆက်ပါ။ ဖြစ်နိုင်လျှင် စာရွက်တွင် I Love Steemit ဟု စာရေးပြီး ထိုစာရွက်ကိုကိုင်ကာ ရိုက်ထားသောပုံကို သုံးခြင်းဖြင့် မိမိသည် real user ဖြစ်ကြောင်း fake အကောင့်မဟုတ်ကြောင်းပြသပါ။
မိမိ၏ အခြား facebook, twitter အစရှိသော social media အကောင့်များ link ထည့်၍လည်းမိတ်ဆက်နိုင်ပါသည်။
အခြားသိလိုသည်ရှိသော် ကျနော့် facebook account တွင်မေးမြန်းနိုင်ပါသည်။
Steemit Myanmar မှ ကြိုဆိုပါတယ်
Translate from steemit welcome
That Ko Zaw)