ပြသာနာတတ်ကျလေပီ
ကျနော်က နားအေးပါးအေးဆိုင်အပြင်ခုံမှာထိုင်ချင်တာနဲ့
လမ်းပေါ်က ရန်ပွဲက မဖြစ်ချင်လည်း အထူးတန်း ပွဲကြည့်စင်ရှေ့ရောက်နေရသလို
ကဲ မြန်မာလူမျိုးပီပီပီ နည်းနည်း ချောင်းကြည့်တာပေါ့လေ။
ဖြစ်ပုံက ဆိုင်ရှေ့ မျက်နှာချင်းဆိုင်က လေထိုးကျွတ်ဖာဆိုင်က အစ်မကြီးနဲ့ဘီယာဆိုင်ဘေးအိမ်က အစ်မကြီးနဲ့ပေါ့။ ဘာကြောင့်ဖြစ်လည်းသားမသိ သိစရာလဲမလိုလေ။ အကြွေးကိစ္စထင်ပါရဲ့ ကိုယ်ထိလက်ရောက်တွေပါလာကြတယ်။
ဒါတွေ ကသက်မသိ ကသက်သိတာတခုတော့ရှိတယ်
အဲ့ဒီဆိုင်အိမ်မယ် ခြောက်လသား ကလေးလေးတစ်ယောက်ရှိသည်။
ကသက်သိသည်မှာ သူတို့ ရန်ဖြစ် ရိုက်နှက်ကျပါစေ အဲ့ကလေးထိခိုက်မှာစိုးသော စိတ်ကလေးတစ်ခုသာရှိသည်။ ထို့ကြောင့်မျက်ခြေမပျက်ကြည့်နေလေရာ ကလေးကိုမတွေ့ပေ။
တအိမ်လုံးနဲ့တစ်ယောက်ရန်ဖြစ်သလိုဖြစ်သောကြောင့် လေဆိုင်မှ ဘွားဒေါ် အတော်အထိနာလေသည်။ ထိုအခိုက် သူ့ရန်ဘက် အဖွဲ့မှ ယောက်ျားက ရောက်လာသဖြင့် ဖြောင်းခနဲအောင် အသံကြားရလောက်အောင် လေထိုးဆိုင်မှ ဘွားဒေါ်အား ဝိုင်း၍ ရိုက်နက်ကြလေသည်။
ကသက်သည် ထိုအခြေနေအားမကျေနပ်သော်လည်း ကိုယ့်ဝမ်းနာကိုယ်သာသိဆိုသလို နေထူးနိုင်လည်း မလုပ်ရဲ ဖြစ်နေရလေသည် ။ ကွီးနေထူးနိုင်သည်လည်း ထိုအခိုက် ဇတ်ကားထဲကလို မဟုတ်ခံကွဆိုလျင် ထမိန်နဲ့ မအုပ်ခံရလျှင် မုဒိန်းကျင့်ပါသည် အော်ခံရမည်ရယ်။ အဲ့လိုတေက သိပ်ဥာဏ်ကောင်းတာရယ်။
ကိုယ့်အရက်ခွက်မပျောက်ရေးသာ အဓိကသာမည သေချာခွဲခြား၍ ကသက်ကြည့်နေလေ။ သိပ်မကြာ လေထိုးဆိုင်မှအမျိုးသမီးသည် အင်အားခြင်း မမျှတသည်ကိုနားလည်ကာ ရက်ကွက်ရုံးသို့ ပြေးလေသည်။ ငါးယောက်သောသားသမီးများက ထိုင်ကာကြည့်နေရလေသည်။
ခဏအကြာသော်ပွဲသည် ခဏပီးသွားလေသည့် သဘောလေရှိသည်။ ထိုအခိုက် ဆယ်နှစ်ခန့်ရှိသော လေဆိုင်မှအမျိုးသမီး၏ သမီးသည် ခြောက်လသားအရွယ်သာရှိသောလေးနှင့် တနှစ်ခွဲသာရှိသော ကလေးကို တဖက်စီပိုက်လျက် နှပ်ချီးတရှုံ့ရှုံ့ (မမကြည်ကဲ့သို့) ငိုလျှက် ရောက်လာပေသည်။
ကသက်စောင့်နေသည်မှာ ထိုကလေးဖြစ်သည်။ ကသက်သည် မည်သို့ပင်သွေးအေးသည်းခံနိုင်ပေသည့် ကလေး ကလေးလေးကို တခုခု ထိခိုက်မည်ကိုကြောက်လေသည်။ ကလေးလေးသည် ဘာသိမှာတုန်း သူရိုက်သော် နာလျှင်ငိုမည်ဟုသာသိသော ကလေးကို ထိခိုက်လျှင် ကသက် မနေနိုင်။ ဘာကြီးဖြစ်နေနေ ကသက် မခံ။ သူတို့၏ပြသာနာ သူတိုသာရှင်းကြပေါ့လေ။ ကလေးနှင့်မဆိုင်။
ထိုကလေးလေးကိုချီလာသော ဆယ်နှစ်သားခန့်ကောင်မလေးပါ ရန်လုပ်မည်ကြံကြသော် ကသက် မနေနိုင်။ သို့သော်သူတို့က ကလေးပါမချန် လုပ်မည့်ပုံ။ ကောင်မလေးက ကလေးနှစ်ယောက်ချီလာသည် သူတို့က တွေ့တာနဲ့ပြေးလာကြသည်။
သို့သော် ကျနော်ကသက်သည်က အမြန်ပြေးသွားပီး ပေးပေးသမီး ဦးကို ကလေးပေးဆိုကာ သွားခေါ်ထားလိုက်သည်။ သူတို့ရန်ဖြစ်ကြတာတာဖြစ်ကြပါ ကလေးကတော့ ကျနော်သာ အထိခံမယ် ကလေးတွေအထိမခံနိုင်။
ရန်တွေဖြစ်ဆဲပဲပေါ့ ဟိုဘက်ဒီဘက်လူတွေရောက်လာ ခဲတွေနဲ့ထုအော်ဆဲ။ ဘယ်လိုပဲနေနေ ကျနော့လက်ထဲက ခြောက်လသမီးလေးက ဘေးလွတ်ပီး ကျနော့ကိုပြုံးပြနေတယ်။ ကျနော်နားကလူတွေကကလည်း ချစ်စရာလေးဆိုပီးပြောကြတယ်။
သူအဖေနဲ့သူ့အမေကတော့ ဆဲနည်းပေါင်းစုံနဲ့အောင်ဟစ်ကာ ခဲမိုးရွာနေကြလေတယ်။ အရက်သမား လူရမ်းကာကြီးလက်ထဲက ကလေးက ဘေးကင်းနေလေရဲ့။ သျူို့ဘာသာဘာဖြစ်ဖြစ်ပေါ့လေ။
ကလေးကိုချော့ရင်းမြူ ရင်း ကလေးနို့ဆာနေမှန်း ကသက်သိသည်။ အတော်ဆာနေကြောင်းလည်းသိသည်။ ငိုသည်။ ကသက်လည်း ဘေရှင်းငွေကုန် ဘဝ။ ခေါ်ထားမိသောကလေးဆာနေပီ။ အတော့်ဆာမှန်းငိသည်။ ခြောက်လသားလေး အဖက်စစားကြပီ။ ခက်ပီ။ ဘာလုပ်ရမည်မသိ။
နောက်အပတ်ဆက်ရန်
MSC 005
That Ko Zaw